မြေကွက်ဝယ်ချင်တယ် ခိုင်မာမှုရှိပါ့မလားသိချင်သူများအတွက်လေ့လာရန် အိမ်ဆောက်ဘို့မြေဝယ်မယ်ဆိုရင်

ပုံစံ -၇/ပုံစ-၁၀၅ ကျပြီးပါပြီ။ မီးတိုင်လည်းစိုက်ပြီးပါပြီ ။ အရှုပ်အရှင်းတာဝန်ယူုပါတယ် ။

အရှုပ်အရှင်းဖြစ်ခဲ့ရင်၂ဆပြန်လျော်ပါ့မယ်လို့စာချုပ်ထဲထည့်ချုပ်ထားပါတယ်။ဘာညာ …မက်လုံးတွေပေါ့ဗျာ

ကုမ္ပဏီ /ငွေရှင်ကြေးရှင်ကလယ်ကွက်တွေကိုဧကနဲ့ဝယ်ပေသတ်မှတ်ပြီးအကွက်ရိုက်ရောင်း

ကိုယ့်ပိုက်ဆံဟာကြွေပန်းကန်စေ့မဟုတ်လေတော့ခံရပြီဆိုရင်နစ်နာမယ်။လျှပ်စစ်ဌာနအနေနဲ့ဓာတ်မီးတိုင်ဆွဲနိုင်တဲ့အကွာအဝေးလည်းရှိမယ်ပေးနိုင်တဲ့လျှပ်စစ်ပမာဏကလည်းရှိရင်မူအရပေးမှာဘဲ။လူနေခွင့်ရှိတဲ့မြေနေရာမှာဆောက်ထားတဲ့အိမ်ဟုတ်မဟုတ်စဉ်းစားမှာမဟုတ်

သူ့ဌာနနဲ့သူသူ့လုပ်ပိုင်ခွင့်နဲ့သူလေ။အမှုထဲသူ့ဆွဲထည့်လို့မရ။ဒါကိုသဘောပေါက်ထားရမယ်။ပြီးတော့ယခင်မူကလယ်မြေကိုအိမ်ဆောက်လို့ရတယ်ပြောရောင်းရင်

လိမ်ရောင်းတယ်ဆိုပြီးတရားစွဲလို့ရပေမယ့်ပြင်ဆင်ချက်ဥပဒေသစ်အရလယ်မြေကိုလက်ရှိပိုင်ရှင်အမည်ပေါက်ကအိမ်ဆောက်နေရင်လယ်ပိုင်ဖြစ်နေပြီးလယ်မလုပ်ဘဲအိမ်ဆောက်နေတဲ့အတွက်လက်ရှိအမည်ပေါက်ပိုင်ရှင်ကိုလည်းအရေးယူရတော့မှာဖြစ်ကြောင်းဥပဒေသစ်ထုတ်ထားတော့ငါ့လက်ကလွတ်ပြွတ်

ပိုင်ရှင်အမည်ပြောင်းပါတခါတည်းစီစဉ်ပေးပါ့မယ်ဆိုပြီးတက်သုတ်ရိုက်ဂျင်းထည့်ပါလေရော။ကိုယ့်အမည်ပြောင်းပါစီစဉ်ပေးပြီးသားဆိုပြီးကျေးဇူးရှင်မထင်နဲ့

နောက်လူရှင်းမူအရပိုင်ရှင်သစ်မဖြစ်ဖြစ်အာင်ထိုးထည့်တာဘဲ။ပုံစံ-၁၀၅ဆိုတာကမြေပုံဘဲမြေအသုံးပြုနေသူနေရာပြမြေပုံဥယျှာဉ်ခြံမြေကိုအစိုးရဆီကငှါးရမ်းအခွန်ဆောင်စိုက်ပျိုးစားသူအတွက်လည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။ဘိုးဘွားပိုင်မြေသမားလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ

ဂရံမြေသမားလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။တပ်သိမ်းမြေလည်းပုံစံ-၁၀၅ထုတ်လို့ရတာဘဲ။ခေတ်စကားနဲ့ပြောရရင်locationပေါ့ဗျာ။ပုံစံ-၇ကတော့သီးခြားရှင်းမနေတော့ပါဘူး။လယ်ယာမြေ ဥယျာဉ်ခြံမြေအပါအဝင် ဆိုင်ရာဆိုင်ရာပုံစံတစ်ခုဆိုပါတော

လယ်မြေအတွက်လည်းပုံစံ၇ဥယျာဉ်ခြံမြေအတွက်လည်းပုံစံ-၇ပါဘဲလူနေဘို့မဟုတ်။စိုက်ပျိုးမြေအတွက်ပါ။တချို့များကျဥယျာဉ်ခြံမြေကိုတန်ဘိုးနည်းဘိလပ်မြေအုတ်တွေနဲ့ခြံဝင်းခတ်အကွက်ရိုက်ပြီးအိမ်ဆောက်နေလို့ရသယောင်ဂွင်ကရိုက်သေးသဗျ

ရွာနဲ့ဆက်စပ်နေတဲ့ဥယျာဉ်ခြံမြေဆိုရင်တော့အခြားနည်းသုံးခွင့်လျှောက်။တိုးချဲ့ရွာမြေအဖြစ်ပြောင်းပြီးမှအိမ်ဆောက်နေခွင့်ရသဗျလယ်မြေပုံစံများကိုဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်

လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံများ

ပုံစံ(၁) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ

ပုံစံ(၂) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန် ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ (၂-က) လယ်ယာမြေ လုပ်ပိုင်ခွင့် အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းကို ကန့်ကွက်လိုသူတို့က ကန့်ကွက်နိုင်ရန်ထုတ်ဆင့်သည့် ကြော်ငြာစာ

ပုံစံ(၃) လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်လွှာ မှတ်ပုံတင်စာရင်း

ပုံစံ(၄) လယ်ယာမြေ လုပ်ပိုင်ခွင့် စစ်ဆေးချက်

ပုံစံ(၅) လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူများမှတ်ပုံတင်စာရင်း

ပုံစံ(၆) လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိရန်လျှောက်ထားချက်ကို ငြင်းပယ်ခံရသူများ မှတ်ပုံတင်စာရင်း

ပုံစံ(၇) လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်

ပုံစံ(၈) လယ်ယာမြေ လုပ်ပိုင်ခွင့်ရလိုကြောင်းလျှောက်လွှာကို ငြင်းပယ်သော အကြောင်းကြားစာ

ပုံစံ(၉) လယ်ယာမြေ လုပ်ကိုင်ခွင့်ရရှိသူအမည်ပြောင်းလဲပေးရန် လျှောက်လွှာ

ပုံစံ(၁၀) မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ် ပြောင်းလဲပေးရန်လျှောက်လွှာ

ပုံစံ(၁၁) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံစာရင်း

ပုံစံ(၁၂) နစ်နာကြေးနှင့် လျော်ကြေးပေးဆောင်ရန် တွက်ချက်မှု

ပုံစံ(၁၃) အခြားသီးနှံပြောင်းလဲ စိုက်ပျိုးခြင်းအတွက် ခွင့်ပြုမိန့်

ပုံစံ(၁၄) လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်လျှောက်လွှာ(နယ်မှာရချင်ရမယ်။ရန်ကုန်တိုင်းမှာလုံးဝခွင့်မပြုရန်ကုန်တိုင်းမှာအခြားနည်းသုံးခွင့်ကရွာထဲရောက်နေတဲ့။ရွာနဲ့ဆက်စပ်နေတဲ့ဥယျာဉ်ခြံမြေတွေကိုအိမ်ဆောက်နေဘို့တိုးချဲ့ရွာမြေလျှောက်ရင်ခွင့်ပြုတယ်

လယ်မြေကတော့ဆောရီး

ပုံစံ(၁၅) လယ်ယာမြေမှတစ်ပါး အခြားနည်းဖြင့် အသုံးပြုရန်ခွင့်ပြုမိန့် ဥယျာဉ်ခြံမြေတွေကိုတိုးချဲ့ရွာမြေလျှောက်ပြီးအိမ်ဆောက်နေမယ်ဆိုဒီပုံစံသုံးပြီးခွင့်ပြုတယ်။ဒါကလည်းရွာနဲ့ဆက်စပ်နေမှနော် သီးခြားကြီးဖြစ်နေရင်တိုးချဲ့ရွာမြေလျှောက်မရဘူး

ပုံစံ ၁၆ လယ်ယာမြေအား အခြားနည်းဖြင့်အသုံးချရန်ခွင့်ပြုပြီး ကိစ္စရပ်အပေါ် စိစစ်တွေ့ရှိချက်အခြေအနေ

ပုံစံ(၁၇) ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် မြေနုကျွန်းမြေ လုပ်ပိုင်ခွင့်မှတ်ပုံစာရင်း
လယ်သမားအချင်းလယ်ရောင်းတော့လယ်ဝယ်သူကပုံစံ-၉နဲ့ပိုင်ရှင်အမည်ပြောင်းတဲ့လုပ်ရိုးလုပ်စဉ်အရလုပ်တာကိုရောကြိတ်ပြီးအမည်ပြောင်းပါတခါ တည်းလျှောက်လို့ရပါတယ်ဆိုပြီး ဖိန့်သေးသဗျ

ဥပဒေပညာရှင်အကြံပြုတဲ့အိမ်ဆောက်ဘို့ဝယ်သင့်တဲ့မြေကတော့

ဘိုးဘွားပိုင်မြေ

ဂရံမြေ

ပါမစ်မြေ

ရွာမြေ

ရွာ ရပ်ကွက်အတွင်းရှိ ဥယျာဉ်ခြံမြေ

ဘာမြေဖြစ်ဖြစ်အထောက်အထားမရှိလေနဲ့လျှောက်ပြောနေရင်မယုံပါနဲ့

Crd:မူရင်းရေးသားသူအား crdပေးပါသည်

Leave a Reply

Your email address will not be published. Required fields are marked *