အရက္ဆိုင္တြင္ အရက္ေသာက္ေနသည့္ စခန္းမႉးႏွင့္ ရဲတပ္သား ၁ဦးအား AA ဖမ္းဆီး

Western News – ေအာက္တိုဘာ၊ ၁ ရက္

ရခိုင္ျပည္၊ ပုဏၰားကြၽန္ၿမိဳ႕အစြန္း ၿမိဳ႕ေျမာက္ဘက္ရွိ ဂူဝဘုရားအနီး စားေသာက္ဆိုင္တစ္ဆိုင္တြင္ အရက္ဝင္ေသာက္ေနသည့္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ ရဲတပ္သား ႏွစ္ဦးကို ေအာက္တိုဘာ ၁ ရက္ေန႔ ေန႔လယ္ ၃ နာရီအခ်ိန႔္က ဖမ္းဆီးသြားေၾကာင္း ခိုင္လုံေသာသတင္းရင္းျမစ္က Western News ကိုေျပာသည္

ပုဏၰားကြၽန္းၿမိဳ႕မရဲစခန္းမွ အသက္ ၃၈ ႏွစ္အ႐ြယ္ရွိ ၿပီးခဲ့သည့္ ၁ ႏွစ္ေက်ာ္ေလာက္က ေျပာင္းလာသည့္ ဒုရဲအုပ္ျဖစ္သူ ဦးလွသိန္းႏွင့္ တပ္ၾကပ္ႀကီး ေဇာ္လင္းဦး ၄၂ ႏွစ္တို႔ျဖစ္ၿပီး ၎တို႔ကို ပုဏၰားကြၽန္းၿမိဳ႕ ဂူဝ ဘုရားအနီး စားေသာက္ဆိုင္တစ္ဆိုင္တြင္ အရက္ေသာက္ေနစဥ္ လက္နက္မ်ား ကိုင္ေဆာင္ထားသည့္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားေၾကာင္း မ်က္ျမင္တစ္ဦးက ေျပာသည္

“လက္နက္ကိုင္ထားတဲ့ လူတစ္စုက ေရာက္လာတယ္ အရက္ဆိုင္ပဲဝင္သြားတာ အဲ့ဒီမွာ အရက္ဝတ္ထားတဲ့ လူေယာက္ကို ဆြဲေခၚသြားတာ တာေတြ႕တယ္ ေနာက္ေသခ်ာ လူေတြကိုေမးၾကည့္ေတာ့ ပုဏၰားကြၽန္း ၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ျဖစ္သူ ဦးလွသိန္းႏွင့္ ေနာက္တပ္သားတစ္ေယာက္ဆိုတာ သိရတယ္။ ဘယ္ကိုေခၚသြားတယ္ဆိုတာမသိဘူး”ဟုေျပာသည္

၎တို႔ ႏွစ္ေယာက္ကို မည္သည့္အတြက္ေၾကာင့္ AA တပ္ဖြဲ႕ဝင္မ်ားက ဖမ္းဆီးေခၚေဆာင္သြားသည္ကို မသိရေသာ္လည္း အတည္မျပဳရေသးေသာ ၿမိဳ႕ခံတစ္ခ်ိဳ႕၏ ေျပာဆိုခ်က္အရ ၎တို႔ႏွစ္ဦးမွာ ယခင္က ပုဏၰားကြၽန္းၿမိဳ႕ခံမ်ားကို စစ္ေကာင္စီက ဖမ္းဆီးရာတြင္ ပါဝင္ကူညီသူမ်ားျဖစ္ၿပီး နာမည္ဆိုးထြက္ေနသူမ်ားျဖစ္ေၾကာင္း ေျပာဆိုသည္

၎တို႔ႏွစ္ဦး ဖမ္းဆီးခံရၿပီး နာရီဝက္အၾကာတြင္ စစ္ေကာင္တပ္ဖြဲ႕ဝင္မ်ား ပုဏၰားကြၽန္ၿမိဳ႕ ဂူဝ ဘုရားအနီးရွိေရာက္ရွိလာၿပီး အနီးရွိ ဆိုင္မ်ားႏွင့္ ေနအိမ္မ်ားကို ဝင္ေရာက္ကာ ေမးျမန္းမႈမ်ားရွိေၾကာင္း ေဒသခံမ်ားက ေျပာသည္

အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦး၏ ေျပာဆိုခ်က္အရ” စစ္တပ္က အလိုရွိေနတဲ့ ၿမိဳ႕ခံေတြကို ရဲေတြက ရွာေပးရတယ္။ တစ္ခ်ိဳ႕ရဲေတြက ရွာမေပးဘူး။ သူတို႔ ရွာလို႔ ရတဲ့လူေတြကို စစ္တပ္ကို သြားၿပီးေတာ့ အပ္ရတယ္။ သူတို႔ နာမည္ဆိုးနဲ႔ ၿမိဳ႕ေပၚမွာ ႀကီးစိုးေနတယ္ေပါ့္။ အဲ့ဒါကို မေက်နပ္လို႔ ေဒသခံေတြက ကို AA ကို သြားတိုင္တာေၾကာင့္ ရဲေတြကို AA က ဖမ္းတာလို႔ ယူဆပါတယ္”ဟုေျပာသည္

ယင္းအျပင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားက ပုဏၰားကြၽန္းၿမိဳ႕ေပၚရွိ ေနအိမ္မ်ားကို ဝင္ေရာက္စစ္ေဆးမႈမ်ားရွိေနၿပီး ၿမိဳ႕ေပၚ လမ္းဆုံး၊ လမ္းခြမ်ားတြင္ ေနရာထားကာ ယေန႔ညေနပိုင္းအထိ ၿမိဳ႕ခံတစ္ခ်ိဳ႕ကို ဖမ္းဆီးမႈမ်ားရွိေၾကာင္း ေျပာဆိုေသာ္လည္း Western News က ဖမ္းဆီးခံရသည္အေျခအေနႏွင့္ ပတ္သတ္၍ ဆက္လက္စုံစမ္းေနဆဲျဖစ္သည္

ၿပီးခဲ့သည့္ ဇြန္လ ၁၁ ရက္က ပုဏၰားကြၽန္းၿမိဳ႕အေျခစိုက္ ခမရ ၅၅၀ တပ္ရင္းက စစ္ေကာင္စီတပ္သား ႏွစ္ဦးကို ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးရာတြင္ တစ္ဦးလြတ္ေျမာက္သြားၿပီး တစ္ဦးဖမ္းဆီးခံရၿပီးေနာက္ပိုင္းတြင္ ပုဏၰားကြၽန္း ၿမိဳ႕ခံ ၈ ဦးထက္ ဖမ္းဆီးခံရသည္

Western News- WN

Unicode

အရက်ဆိုင်တွင် အရက်သောက်နေသည့် စခန်းမှူးနှင့် ရဲတပ်သား ၁ဦးအား AA ဖမ်းဆီး

Western News – အောက်တိုဘာ၊ ၁ ရက်

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်မြို့အစွန်း မြို့မြောက်ဘက်ရှိ ဂူဝဘုရားအနီး စားသောက်ဆိုင်တစ်ဆိုင်တွင် အရက်ဝင်သောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲတပ်သား နှစ်ဦးကို အောက်တိုဘာ ၁ ရက်နေ့ နေ့လယ် ၃ နာရီအချိန့်က ဖမ်းဆီးသွားကြောင်း ခိုင်လုံသောသတင်းရင်းမြစ်က Western News ကိုပြောသည်

ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ အသက် ၃၈ နှစ်အရွယ်ရှိ ပြီးခဲ့သည့် ၁ နှစ်ကျော်လောက်က ပြောင်းလာသည့် ဒုရဲအုပ်ဖြစ်သူ ဦးလှသိန်းနှင့် တပ်ကြပ်ကြီး ဇော်လင်းဦး ၄၂ နှစ်တို့ဖြစ်ပြီး ၎င်းတို့ကို ပုဏ္ဏားကျွန်းမြို့ ဂူဝ ဘုရားအနီး စားသောက်ဆိုင်တစ်ဆိုင်တွင် အရက်သောက်နေစဉ် လက်နက်များ ကိုင်ဆောင်ထားသည့် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တစ်ဦးက ပြောသည်

“လက်နက်ကိုင်ထားတဲ့ လူတစ်စုက ရောက်လာတယ် အရက်ဆိုင်ပဲဝင်သွားတာ အဲ့ဒီမှာ အရက်ဝတ်ထားတဲ့ လူယောက်ကို ဆွဲခေါ်သွားတာ တာတွေ့တယ် နောက်သေချာ လူတွေကိုမေးကြည့်တော့ ပုဏ္ဏားကျွန်း မြို့မရဲစခန်းက ဒုရဲအုပ်ဖြစ်သူ ဦးလှသိန်းနှင့် နောက်တပ်သားတစ်ယောက်ဆိုတာ သိရတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာမသိဘူး”ဟုပြောသည်

၎င်းတို့ နှစ်ယောက်ကို မည်သည့်အတွက်ကြောင့် AA တပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရသော်လည်း အတည်မပြုရသေးသော မြို့ခံတစ်ချို့၏ ပြောဆိုချက်အရ ၎င်းတို့နှစ်ဦးမှာ ယခင်က ပုဏ္ဏားကျွန်းမြို့ခံများကို စစ်ကောင်စီက ဖမ်းဆီးရာတွင် ပါဝင်ကူညီသူများဖြစ်ပြီး နာမည်ဆိုးထွက်နေသူများဖြစ်ကြောင်း ပြောဆိုသည်

၎င်းတို့နှစ်ဦး ဖမ်းဆီးခံရပြီး နာရီဝက်အကြာတွင် စစ်ကောင်တပ်ဖွဲ့ဝင်များ ပုဏ္ဏားကျွန်မြို့ ဂူဝ ဘုရားအနီးရှိရောက်ရှိလာပြီး အနီးရှိ ဆိုင်များနှင့် နေအိမ်များကို ဝင်ရောက်ကာ မေးမြန်းမှုများရှိကြောင်း ဒေသခံများက ပြောသည်

အမည်မဖော်လိုသည့် ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ” စစ်တပ်က အလိုရှိနေတဲ့ မြို့ခံတွေကို ရဲတွေက ရှာပေးရတယ်။ တစ်ချို့ရဲတွေက ရှာမပေးဘူး။ သူတို့ ရှာလို့ ရတဲ့လူတွေကို စစ်တပ်ကို သွားပြီးတော့ အပ်ရတယ်။ သူတို့ နာမည်ဆိုးနဲ့ မြို့ပေါ်မှာ ကြီးစိုးနေတယ်ပေါ့်။ အဲ့ဒါကို မကျေနပ်လို့ ဒေသခံတွေက ကို AA ကို သွားတိုင်တာကြောင့် ရဲတွေကို AA က ဖမ်းတာလို့ ယူဆပါတယ်”ဟုပြောသည်

ယင်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများရှိနေပြီး မြို့ပေါ် လမ်းဆုံး၊ လမ်းခွများတွင် နေရာထားကာ ယနေ့ညနေပိုင်းအထိ မြို့ခံတစ်ချို့ကို ဖမ်းဆီးမှုများရှိကြောင်း ပြောဆိုသော်လည်း Western News က ဖမ်းဆီးခံရသည်အခြေအနေနှင့် ပတ်သတ်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်

ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်က ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ ၅၅၀ တပ်ရင်းက စစ်ကောင်စီတပ်သား နှစ်ဦးကို ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးရာတွင် တစ်ဦးလွတ်မြောက်သွားပြီး တစ်ဦးဖမ်းဆီးခံရပြီးနောက်ပိုင်းတွင် ပုဏ္ဏားကျွန်း မြို့ခံ ၈ ဦးထက် ဖမ်းဆီးခံရသည်

Western News- WN

 

Leave a Reply

Your email address will not be published. Required fields are marked *