Inflation ကိုအမျိုးအစား 4 မျိုးခွဲထားပါတယ်။ creeping inflation, walking inflation, Galloping inflation and hyperinflation လို့ ခေါ်ပါတယ်။
၁ ။ Creeping Inflation
Creeping သို့ မဟုတ် Mind Inflation ကတော့ တနှစ်ကို 3% သို့မဟုတ် 3 ရာခိုင်နှုန်းအောက် ဈေးတတ်လာတာကိုဆိုလိုပါတယ်။ နိုင်ငံတခုက တစ်နှစ်ကို ၂% သိူ့မဟုတ် ၂% အောက် ကုန်ဈေးနှုန်း မြင့်တယ် ရင် တော့ န်ုင်ငံရဲ့ စီးပွား ပိုမိုတို့တက်ဖို့အတွက် အထောက်အကူတစ်ခုဖြစ်တယ်လို့ အဆိုပြုထားပါတယ်။
ဒါမှလဲ ကုန်ဈေးနှုန်း အနည်းငယ်လေးပေးတက်မယ် ဝန်ထမ်း တွေလစာလဲနှစ်စဉ်တိုးမယ် လူနေမှူ့အဆင့်အတန်းတွေလဲမြင့်တက်လာမယ်။ အဲ့တာဆိုရင်နိုင်ငံကတိုးတက်မှု ရှိတယ်လို့ ပြောလို့ရမှာ ဖြစ်ပါတယ်။ Creeping Inflation ကတော့ မစိုးရိမ်ရတဲ့ Inflation ဖြစ်ပြီး နိုင်ငံစီးပွား‌ရေး အတွက်အထောက် အကူ ပြုပါတယ်။
၂ ။ Walking Inflation
Walking Inflation ကတော့ အခု US နှင့်အခြားသော နိုင်ငံတွေ အခု စတင်ကြုံနေတဲ့ Inflation အမျိုးအစားပါ။ တစ်နှစ်ကို ၃% မှ ၁၀% အထိ မြင့်တက်လာတဲ့ Inflation ကိုပြောတာပါ။ (သူတို့ကတော့ အခုမှ ကိုယ်တွေမြန်မာနိုင်ငံကတော့ ကိုယ်တွေ‌မွေးထဲက Walking Inflation အမြဲ ဖြစ်နေ‌တော မဆန်းတော့ဘူး)။ Walking Inflation ကတော့ နိုင်ငံရဲ့စီးပွားရေး ကို ထိခိုက်စေပြီး လူ‌တွေက နေ့စဉ်သုံး အသုံးအဆောင်ပ္ပစည်းတွေကို နောက်နေ့ပိုဈေးတက်မှာကြောက်ပြီး ပုံမှန်လိုတာထက် ပို ဝယ်ကြတယ်။
လိုတာထက် ပိုဝယ်တဲ့ အတွက်ကြောင့် ပ္ပစည်း ရောင်းသူ တွေ ကလဲ ဝယ်လိုအား ကို လိုက်ပြီး မဖြည့်စည်းပေးနိုင်တော့ဘူး။ ကုန်ပ္ပစည်း‌ဈေး တွေမြင့်တက်ပြီး ဝန်ထမ်းလစာတွေကတော့ မတိုးနိုင်ပဲရှိတဲ့အတွက် ပုံမှန်လခစား ဝန်ထမ်းတွေ ပုံမှန် ဝယ်နေကျပစည်းတွေ မဝယ်လာနိုင်တော့ဘူး။ ဒီဖြစ်စဉ်မျိုးက US နဲ့အခြားသော ဖွံ့ဖြိုးတိုးတက်‌သော နိုင်ငံတွေအတွက် ကြီးမားတဲ့ အခက်အခဲဖြစ်ပင်မယ့် ကိုယ်တွေနိုင်ငံအတွက်ကတော့ အထူးအဆန်းတော့ မဟုတ်တော့ဘူး။
၃။ Galloping Inflation
galloping Inflation ကတော့ ၁၀% အထက် မြင့်သွားတာကို ပြောတာပါ။ အခု မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ပုံစံမျိုးပေါ့။ ငွေတန်ဖိုးတွေ မြန်မြန်ကျလာတဲ့အတွက် လုပ်ငန်းတွေ၊ ဝန်ထမ်းတွေ တစ်နေ့တစ်နေ့ တက်လာတဲ့ကုန်ဈေးနှုန်းကို လိုက်လို့မမှီတော့ဘူး။
Foreign Investor တွေ အဲလိုနိုင်ငံမျိုးဆို ရင်းနှီးမြုတ်နှံရမှာအရမ်းကြောက်တာ။ Galloping Inflation ဖြစ်ရင် နိုင်ငံရဲ့စီးပွားရေးက မငြိမ်၊ နိုင်ငံအာဏာပိုင်၊ အာဏာရှင်တွေလည်း Control မရှိတော့ဘူး စသဖြင့် အခြေအနေများ ဖြစ်ပေါ်နိုင်ပါတယ်။
၄။ Hyperinflation
ဒီအမျိူအစားကတော့ ဖြစ်ပြီဆိုရင် နိုင်ငံတစ်ခုအတွက် အဖက်ဆယ်လို့မရသည်အထိဖြစ်နိုင်တဲ့ အခြေအနေထိ ဖြစ်နိုင်ပါတယ်။ Hyperinflation ကတော့ တစ်လအတွင်း ငွေကြေးဖေါင်းပွမှု့ ၅၀% အထက် မြင့်တက်သွားတာကို ပြောတာပါ။ ပုံအခြေအနေမျိုးမှာတော့ Hyperinflation ဖြစ်ဖို့တော်ရုံမဖြစ်ပါဘူး ။
သို့ပင်မယ့် နိုင်ငံတစ်ခုက Circulation ထဲမှာ ရှိတဲ့ငွေအ‌ရေအတွက်ထက် ငွေရိုက်ထုတ်လိုက်ပြီ ဆိုရင် Hyperinflation စ ဖြစ်ပါပြီ။ Hyperinflation ဟာ အဆိုးဆုံး Inflation အမျိုးအစားဖြစ်ပြီး စဖြစ်ပီဆိုရင် ဘယ်သူမှအလွယ်တကူ ထိမ်းမရပါဘူး။ အစိုးရလဲမကယ်နိုင်ပါဘူး။ စစ်တပ်လဲမရပါဘူး။
အခုမြန်မာနိုင်ငံမှာဖြစ်နေတာ Inflation Rate အရ Hyperinflation အဆင့်ရောက်ဖို့တော်တော်နီးစပ်နေပါပီ။ Hyperinflation ဖြစ်ရင် ဘယ်သူအတွက်ကောင်းမလဲဆိုရင် ဘယ်သူ့ အတွက်မှာ မကောင်းပါဘူး။ နိုင်ငံ ဂျုံးဂျုံးကျပြီး ဘယ်တော့မှနလန်ပြန်မထူနိုင်တဲ့အဆင့် ရောက်သွားပါလိမ့်မယ်။ စကစ ကလဲ ငွေတွေကို Circulation ထပ်ပို ပြီး ရိုက်ထုပ်ထားတာမဟုတ်ဘူးဆိုရင် သေချာခိုင်မာတဲ့ အထောက်အထားနဲ့ပြသင့်ပါတယ်။
Hyperinflation က တော်လှန်ရေး အတွက်လဲအများကြီး ထိခိုက်နိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ စီးပွားကြီးပွားရေး က တော့ မမျှော်မှန်း နိုင်တဲ့ရလဒ်ဆိုးတွေ မဖြစ်ပါစေနဲ့လို့ ဆုတောင်းရင်း …. Writer – ဆော်လမွန်
၁ ။ Creeping Inflation
၂ ။ Walking Inflation
၃။ Galloping Inflation
၎။ Hyperinflation
Leave a Reply
Your email address will not be published.