ဘယ္သူကသူခိုးလဲ….,?

ကိုေက်ာ္သူတို႔ မိသားစုက အလႈူေငြေတြ အလြဲသုံးစားလုပ္ၿပီးထြက္ေျပးတယ္ ေျပာရေအာင္ သူတို႔မိသားစုက မ်ိဳး႐ိုးစဥ္ဆက္ အရမ္းခ်မ္းသာတဲ့ ဘိတ္စက္ေလွသူေဌးမိသားစု။

မဆလ ေခတ္က နာမည္ေက်ာ္ အမ်ိဳးသား႐ုပ္ရွင္တို႔ သုခုမ ဖလင္း တို႔စတဲ့ စတူဒီယိုအႀကီးႀကီးေတြပိုင္ခဲ့တဲ့ ႐ုပ္ရွင္ ကုမၸဏီႀကီး ေတြဟာ သူတို႔ပိုင္ဆိုင္မႈေတြထဲက တစ္စိတ္တစ္ပိုင္းမွ်သာ လို႔ ေျပာရေလာက္ေအာင္ ႂကြယ္ဝခဲ့ၾကတဲ့ မိသားစု။ ဒီဖက္ေခတ္လူေတြ မသိမွာမို႔လို႔ ေျပာျပတာပါ။

အဲ့တုန္းက သူတို႔ပိုင္ခဲ့တဲ့ စတူဒီယိုပိုင္ ေျမကြက္ေတြကိုပဲ ပိုင္းစိတ္ေရာင္းခ်ရင္ေတာင္ ဒီေခတ္ ေဒၚလာသန္းေပါင္းမ်ားစြာတန္တယ္။

ကြၽန္ေတာ္သိသေလာက္ေတာ့ ဒါေတြကို သူတို႔က အမ်ားအက်ိဳးအတြက္ ရည္႐ြယ္ လႉဒါန္းစြန္႔ႀကဲပစ္ခဲ့တယ္။

တိုင္းျပည္မွာထိပ္တန္းစာရင္းဝင္ မင္းသားတစ္လက္ အျဖစ္ လွ်မ္းလွ်မ္းေတာက္ ေအာင္ျမင္ေနတဲ့ ေက်ာ္သူဟာ ဘယ္သူမွ မလုပ္ခ်င္တဲ့ သုဘရာဇာ အလုပ္ဟာ ရွက္ဖြယ္မဟုတ္ေၾကာင္း စံျပနမူနာအျဖစ္ ကိုယ္တိုင္လုပ္ျပရင္း ျမန္မာျပည္မွာ ႀကီးမားလွတဲ့ လူမႈ႕ေတာ္လွန္ေရးႀကီးတစ္ရပ္ကို ဆင္ႏႊဲခဲ့တယ္။ ေအာင္ျမင္ခဲ့တယ္။

ေျပာခ်င္တာက ေက်ာ္သူဟာ သူ႔တစ္ေယာက္တည္းအရေရာ မိသားစုေနာက္ခံအရေရာ ခိုးဖို႔ဖြက္ဖို႔ လိုတဲ့ သူေတာင္းစားတစ္ေယာက္ မဟုတ္ဘူး။ မိသားစုအလိုက္ကို ေအာင္ျမင္မႈအႀကီးအက်ယ္ရထားဖူးခဲ့သူ တစ္ေယာက္။ ဒီေန႔ သူတို႔မိသားစု ဟာ ဘီလီယံနာ မီလီယံနာေတြမဟုတ္ဘူး။

အခုတိုင္းျပည္မွာ စစ္အာဏာသိမ္းဓါးျပအဖြဲ႕ရဲ႕ ေခါင္းေဆာင္ တက္လုပ္ေနတဲ့ မင္းေအာင္လႈိင္ဆိုသူ အေၾကာင္းေျပာရမယ္ပ ဆိုရင္ မိဘက နယ္တကာလွည့္ေျပာင္း အလုပ္လုပ္ခဲ့ရရွာတဲ့ ခ်ိဳ႕တဲ့လြန္းလွတဲ့ အလယ္တန္းျပဆရာ မိသားစုက လာတယ္။ မိသားစုရဲ႕ ႀကီးႀကီးမားမား စြမ္းေဆာင္ ႏိုင္ခဲ့တဲ့ ဓနဥစၥာဆိုလို႔ ဘာမွမျပႏိုင္။

အသက္အ႐ြယ္အိုမင္းခ်ိန္မွာ ကိုယ္ပိုင္ ပိုင္ဆိုင္တဲ့ေျမရာအိုးအိမ္ေတာင္ မရွိ။ မစြမ္းေဆာင္ႏိုင္ခဲ့။ ႏိုင္ငံေတာ္က သနားလို႔ ဝန္ထမ္းအိုမ်ားကို ဟိုဖက္ေခတ္က ေပးသနားတဲ့ ရန္ကုန္ၿမိဳ႕ ၃၆ လမ္း(အထက္လမ္း) က ဝန္ထမ္းတိုက္တန္းလ်ား ရဲ႕ ေလးငါးထပ္မွာ ရွိတဲ့ ညစ္ညစ္ပတ္ပတ္ တိုက္ခန္းက်ဥ္းေလးသာရွိခဲ့။

မင္းေအာင္လႈိင္ ကိုယ္တိုင္ေတာင္ အဲ့ဒီ အခန္းက်ဥ္းေလးထဲ ခ်ိဳ႕ခ်ိဳ႕ငဲ့ငဲ့ ဆယ္တန္း ေအာင္ခဲ့ရတာ ဆိုတာ သူကိုယ္တိုင္ထုတ္ေျပာခဲ့တဲ့ အင္တာဗ်ဴးေတြ ရွိတယ္။

အခုေတာ့ သူက သန္းေ႐ႊေကာင္းမႈနဲ႔ ကာခ်ဳပ္ျဖစ္ေနၿပီ။ technically လခစားဝန္ထမ္း တစ္ေယာက္သာ ျဖစ္ေပမယ္လို႔ သူဟာ Mytel လို telecommunication ေကာ္ပိုေရးရွင္းႀကီး ကေနစၿပီး အင္မတန္ႂကြယ္ဝတဲ့ ကုမၸဏီေပါင္း ရာခ်ီကို ပိုင္ဆိုင္သူ တစ္ဦးျဖစ္ေနတယ္။

သူ႔မိဘေတြကလည္း ငမြဲမ်ိဳး႐ိုး။ သူကိုယ္တိုင္ က လည္းဂ်က္ဖ္ဘီေဇာ့ တို႔ စတိဗ္ေဂ်ာ့ဘ္ တို႔လို အင္မတန္မွ ထက္ျမက္တဲ့ စီးပြါးေရးသမားႀကီးလည္း မဟုတ္။ ေယာက္ခမ အေမြလည္း မဟုတ္။ ဒါဆို ဒီလူဟာ ဘာ့ေၾကာင့္ ဒီေလာက္ႀကီးထိ ခ်မ္းသာလာရသလဲ။

ဒါျဖင့္ ေက်ာ္သူမိသားစုက အလႈူေငြ အလြဲသုံးစားလုပ္ၿပီး ထြက္ေျပးတဲ့ သူခိုးမိသားစုလား။ မင္းေအာင္လႈိင္ မိသားစုက အင္မတန္ေကာက္က်စ္တဲ့ သူခိုးေတြလား။

ဘယ်သူကသူခိုးလဲ….,?

ကိုကျော်သူတို့ မိသားစုက အလှုူငွေတွေ အလွဲသုံးစားလုပ်ပြီးထွက်ပြေးတယ် ပြောရအောင် သူတို့မိသားစုက မျိုးရိုးစဉ်ဆက် အရမ်းချမ်းသာတဲ့ ဘိတ်စက်လှေသူဌေးမိသားစု။

မဆလ ခေတ်က နာမည်ကျော် အမျိုးသားရုပ်ရှင်တို့ သုခုမ ဖလင်း တို့စတဲ့ စတူဒီယိုအကြီးကြီးတွေပိုင်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီကြီး တွေဟာ သူတို့ပိုင်ဆိုင်မှုတွေထဲက တစ်စိတ်တစ်ပိုင်းမျှသာ လို့ ပြောရလောက်အောင် ကြွယ်ဝခဲ့ကြတဲ့ မိသားစု။ ဒီဖက်ခေတ်လူတွေ မသိမှာမို့လို့ ပြောပြတာပါ။

အဲ့တုန်းက သူတို့ပိုင်ခဲ့တဲ့ စတူဒီယိုပိုင် မြေကွက်တွေကိုပဲ ပိုင်းစိတ်ရောင်းချရင်တောင် ဒီခေတ် ဒေါ်လာသန်းပေါင်းများစွာတန်တယ်။

ကျွန်တော်သိသလောက်တော့ ဒါတွေကို သူတို့က အများအကျိုးအတွက် ရည်ရွယ် လှူဒါန်းစွန့်ကြဲပစ်ခဲ့တယ်။

တိုင်းပြည်မှာထိပ်တန်းစာရင်းဝင် မင်းသားတစ်လက် အဖြစ် လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ကျော်သူဟာ ဘယ်သူမှ မလုပ်ချင်တဲ့ သုဘရာဇာ အလုပ်ဟာ ရှက်ဖွယ်မဟုတ်ကြောင်း စံပြနမူနာအဖြစ် ကိုယ်တိုင်လုပ်ပြရင်း မြန်မာပြည်မှာ ကြီးမားလှတဲ့ လူမှု့တော်လှန်ရေးကြီးတစ်ရပ်ကို ဆင်နွှဲခဲ့တယ်။ အောင်မြင်ခဲ့တယ်။

ပြောချင်တာက ကျော်သူဟာ သူ့တစ်ယောက်တည်းအရရော မိသားစုနောက်ခံအရရော ခိုးဖို့ဖွက်ဖို့ လိုတဲ့ သူတောင်းစားတစ်ယောက် မဟုတ်ဘူး။ မိသားစုအလိုက်ကို အောင်မြင်မှုအကြီးအကျယ်ရထားဖူးခဲ့သူ တစ်ယောက်။ ဒီနေ့ သူတို့မိသားစု ဟာ ဘီလီယံနာ မီလီယံနာတွေမဟုတ်ဘူး။

အခုတိုင်းပြည်မှာ စစ်အာဏာသိမ်းဓါးပြအဖွဲ့ရဲ့ ခေါင်းဆောင် တက်လုပ်နေတဲ့ မင်းအောင်လှိုင်ဆိုသူ အကြောင်းပြောရမယ်ပ ဆိုရင် မိဘက နယ်တကာလှည့်ပြောင်း အလုပ်လုပ်ခဲ့ရရှာတဲ့ ချို့တဲ့လွန်းလှတဲ့ အလယ်တန်းပြဆရာ မိသားစုက လာတယ်။ မိသားစုရဲ့ ကြီးကြီးမားမား စွမ်းဆောင် နိုင်ခဲ့တဲ့ ဓနဥစ္စာဆိုလို့ ဘာမှမပြနိုင်။

အသက်အရွယ်အိုမင်းချိန်မှာ ကိုယ်ပိုင် ပိုင်ဆိုင်တဲ့မြေရာအိုးအိမ်တောင် မရှိ။ မစွမ်းဆောင်နိုင်ခဲ့။ နိုင်ငံတော်က သနားလို့ ဝန်ထမ်းအိုများကို ဟိုဖက်ခေတ်က ပေးသနားတဲ့ ရန်ကုန်မြို့ ၃၆ လမ်း(အထက်လမ်း) က ဝန်ထမ်းတိုက်တန်းလျား ရဲ့ လေးငါးထပ်မှာ ရှိတဲ့ ညစ်ညစ်ပတ်ပတ် တိုက်ခန်းကျဉ်းလေးသာရှိခဲ့။

မင်းအောင်လှိုင် ကိုယ်တိုင်တောင် အဲ့ဒီ အခန်းကျဉ်းလေးထဲ ချို့ချို့ငဲ့ငဲ့ ဆယ်တန်း အောင်ခဲ့ရတာ ဆိုတာ သူကိုယ်တိုင်ထုတ်ပြောခဲ့တဲ့ အင်တာဗျူးတွေ ရှိတယ်။

အခုတော့ သူက သန်းရွှေကောင်းမှုနဲ့ ကာချုပ်ဖြစ်နေပြီ။ technically လခစားဝန်ထမ်း တစ်ယောက်သာ ဖြစ်ပေမယ်လို့ သူဟာ Mytel လို telecommunication ကော်ပိုရေးရှင်းကြီး ကနေစပြီး အင်မတန်ကြွယ်ဝတဲ့ ကုမ္ပဏီပေါင်း ရာချီကို ပိုင်ဆိုင်သူ တစ်ဦးဖြစ်နေတယ်။

သူ့မိဘတွေကလည်း ငမွဲမျိုးရိုး။ သူကိုယ်တိုင် က လည်းဂျက်ဖ်ဘီဇော့ တို့ စတိဗ်ဂျော့ဘ် တို့လို အင်မတန်မှ ထက်မြက်တဲ့ စီးပွါးရေးသမားကြီးလည်း မဟုတ်။ ယောက်ခမ အမွေလည်း မဟုတ်။ ဒါဆို ဒီလူဟာ ဘာ့ကြောင့် ဒီလောက်ကြီးထိ ချမ်းသာလာရသလဲ။

ဒါဖြင့် ကျော်သူမိသားစုက အလှုူငွေ အလွဲသုံးစားလုပ်ပြီး ထွက်ပြေးတဲ့ သူခိုးမိသားစုလား။ မင်းအောင်လှိုင် မိသားစုက အင်မတန်ကောက်ကျစ်တဲ့ သူခိုးတွေလား။

Leave a Reply

Your email address will not be published.