ဒေါ်လာဈေး၊ ရွှေဈေးကိစ္စ မိမိတို့လက်ထက်တွင်ဖြစ်ပွားခြင်းဖြစ်၍ တာဝန်ယူမှုရှိရှိဖြင့် အကောင်းဆုံးဖြေရှင်းမည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော
လတ်တလောဒေါ်လာဈေး၊ရွှေဈေးအဆမတန်မြင့်တက်နေမှုကိစ္စသည်မိမိတို့လက်ထက်တွင်ဖြစ်ပွားခြင်းဖြစ်၍တာဝန်ယူမှု၊တာဝန်ခံမှုရှိရမည်ဖြစ်ပြီးအကောင်းဆုံးဖြေရှင်းမည်ဖြစ်ကြောင်းယနေ့(စက်တင်ဘာ၃၀)နေပြည်တော်တွင်ပြုလုပ်သောန.စ.ကကောင်စီကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည် “ဒေါ်လာဈေး၊ ရွှေဈေးနဲ့ပတ်သက်ပြီး ကျွန်တော်ရှင်းပြရင် အကျယ်ကြီးရှင်းပြရမှာပေါ့။ပထမ ကိုဗစ်လှိုင်း ကာလကတည်းကအတိုင်း စီးပွားရေးကျဆင်းမှုများပေါ့။မိမိရဲ့ ပြည်တွင်းထုတ်ကုန်များ လျော့နည်းပြီး ပြည်ပသွင်းကုန်တွေ များပြားလာတာ ရှိတယ်။ ဒုတိယလှိုင်းကာလမှာလည်း ဒီလိုပါပဲ။ ဒီကြားထဲမှာ ပြည်ပ…