အမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးဆွေးနွေးကြတဲ့အခါအများစုကဓမ္မတာလာတဲ့ကိစ္စကိုပွင့်ပွင့်လင်းလင်းမပြောတတ်ကြပါဘူး။ဒါပေ

မဲ့အမျိုးသမီးတွေအနေနဲ့ရာသီသွေးအခြေအနေ

တစ်ခုခုထူးခြားတာနဲ့ကိုယ့်ရဲ့ကျန်းမာရေးမှာလည်းသက်ရောက်မှုရှိနေတယ်ဆိုတာကိုသတိပြုဆင်ခြင်ဖို့လိုပါတယ်ဒါကြောင့်ရာသီသွေးဆ

င်းတာဟာရှက်စရာမဟုတ်သလိုရာသီသွေးအမျိုးအစားအလိုက်သိနိုင်တဲ့

ကျန်းမာရေးအခြေအနေတွေအကြောင်းဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်ပန်းရောင်သမ်းနေရင်ရာသီသွေးဟာပုံမှန်ဆင်းနေကျအ

ရောင်ထက်သွေးအရောင်ဖျော့ပြီးပန်းရောင်ဘက်သမ်းနေတယ်ဆိုရင်

ခန္ဓာကိုယ်ထဲမှာအမဟော်မုန်းနည်းလွန်းနေတယ်ဆိုတဲ့လက္ခဏာပါပဲ။အဲဒီလိုရာသီသွေးပန်းရောင်သမ်းတာဟာမကြာခဏဖြစ်တယ်၊သွေးအ

ရောင်ဟာသိသိသာသာဖျော့လာတယ်ဆိုရင်အရိုးပွရောဂါဖြစ်နိုင်ခြေရှိလာနိုင်တယ်ဆိုတာကိုသတိပြုရမှာဖြစ်ပါတယ်

ရာသီသွေးကျဲလွန်းရင်

သွေးအရောင်ဖျော့လွန်းပြီးရာသီသွေးဟာခပ်ကျဲကျဲဖြစ်နေမယ်ဆိုရင်အာဟာရမမျှတဘူးဆိုတဲ့လက္ခဏာဖြစ်ပြီးသားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ

ရှိလို့စိုးရိမ်ရတဲ့အခြေအနေဖြစ်ပါတယ်။ဒါပေမဲ့အရမ်းကြီးလည်းစိတ်မပူပါနဲ့၊သားအိမ်ပြွန်ကင်ဆာ၊သားအိမ်ကင်ဆာဟာတခြားသားဖွားမီးယပ်

ကင် ဆာရောဂါတွေထက်စာရင်

ဖြစ်ပွားနိုင်ခြေ၂ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ဒါကြောင့်ဒီလိုအခြေအနေမျိုးမှာသားဖွားမီးယပ်ဆရာဝန်နဲ့သေချာပြသပြီးကာကွယ်ထားနိုင်ပါတယ်

အညိုရင့်ရောင်ပြောင်းနေရင်

ရာသီသွေးအရောင်ကအညိုရင့်ရောင်ဖြစ်နေတာဟာလစဉ်ဓမ္မတာလာတဲ့အခါသွေးကုန်အောင်မဆင်းဘဲသားအိမ်ထဲမှာအချိန်ကြာမြင့်စွာ

ကျန်နေခြင်းကြောင့်ဖြစ်ပါတယ်။ဒီအခြေအနေဟာကျန်းမာရေးအတွက်ဘာမှ

သိသိသာသာထိခိုက်မှုမရှိပေမယ့်အရက်သောက်လွန်းတဲ့အမျိုးသားတွေ၊ဆေးလိပ်အလွန်အကျွံသောက်လွန်းတဲ့အမျိုးသားတွေချွေးထွက်ရင်

အရက်နံ့၊ဆေးလိပ်နံ့နံသလိုမျိုးရာသီသွေးကျန်တဲ့အမျိုးသမီးတွေလည်းအနံ့အသက်မကောင်းတဲ့ကိုယ်နံ့၊ချွေးနံ့တွေထွက်တတ်လို့သတိထားသင့်ပါတယ်

အနီရင့်ရောင်အညစ်အကြေးတွေပါလာရင်

ဒီအခြေအနေကတော့ခန္ဓာကိုယ်ထဲမှာမဟော်မုန်းမြင့်နေတဲ့လက္ခဏာပဲဖြစ်ပါတယ်။တခါတလေသားအိမ်ထဲမှာရာသီသွေးကျန်တဲ့အချိန်

မှာလည်းဒီလိုတွေ့ရတတ်ပါတယ်။ဒါအပြင်ဟော်မုန်းမညီမျှရင်လည်းအဲဒီလိုအညစ်အကြေးတွေပါလာတတ်ပါတယ်။ဒါပေမဲ့စိုးရိမ်ရတဲ့အခြေ

အနေတော့မဟုတ်ပါဘူး

ဘယ်ရီသီးရဲ့အနီရောင်လိုဖြစ်နေရင်

ဒီအရောင်ကတော့သင့်အနေနဲ့ကျန်းမာရေးကောင်းတဲ့လက္ခဏာပါပဲ။ဒါပေမဲ့တစ်ယောက်နဲ့တစ်ယောက်ကျန်းမာရေးကောင်းတဲ့အခြေအနေက

မတူနိုင်တဲ့အတွက်သားဖွားမီးယပ်ဆရာဝန်နဲ့ပုံမှန်စစ်ဆေးမှုပြုလုပ်သင့်ပါတယ်။

မီးခိုးရောင်နဲ့အနီရောင်ရောနေရင်

ဒီအရောင်ဟာအခြေအနေနှစ်မျိုးကြောင့်ဖြစ်နိုင်ပါတယ်။ပထမတစ်ချက်ကသင်ဟာကိုယ်ဝန်ဆောင်မိခင်မဟုတ်ဘဲဒလိုအရောင်မျိုးရာသီ

သွေးဆင်းရင်STD/STIဆိုတဲ့လိင်နဲ့ပတ်သက်တဲ့ရောဂါပိုးကူးစက်နိုင်ခြေရှိနေတဲ့လက္ခဏာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ကိုယ်ဝန်နဲ့ပ

တ်သက်ပြီးကျန်းမာရေးအခြေ အနေတစ်ခုခုလွဲချော်နေခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်သက်ဆိုင်ရာဆရာဝန်နဲ့အမြန်ဆုံးပြသသင့်ပါတယ်

လိမ္မော်ရောင်သမ်းနေရင်

ရာသီသွေးလိမ္မော်ရောင်သမ်းတာရှားတော့ရှားတယ်၊ဒါပေမဲ့ရာသီသွေးလိမ္မော်ရောင်သမ်းပြီဆိုရင်တော့စိုးရိမ်ရတဲ့အခြေအနေမှာရှိနေပါ

တယ်။STD/STIရောဂါပိုးကူးစက်ခံနေရတဲ့လက္ခဏာပဲဖြစ်ပါတယ်။ဒါကြောင့်မပေါ့ဆသင့်ဘဲသက်ဆိုင်ရာဆေးရုံ၊ဆေးခန်းမှာအမြန်ဆုံးသွား

ရောက်ကုသသင့်ပါတယ်

Credit…M. M. H

Leave a Reply

Your email address will not be published.