ကိုဇေသီဟနှင့်မနန္ဒာလှိုင်မိသားစုမှတစ်ဦးတည်းအလှူရှင်အဖြစ်အောက်ဆီဂျင်များကိုကွန်တင်နာကားနဲ့တင်ကာမြို့ပတ်ပြီးအခမဲ့ဖြည့်တင်းလှုဒါန်းသွားမည်။ညဘက်တွင်လည်းဇေကမ္ဘာဝင်းအတွင်းဖြည့်ပေးသွားမည်ဖြစ်ပြီး ၂၄နာရီ ဖြည့်တင်းလှုဒါန်းနိုင်ရန်စီစဥ်နေကြောင်း အကယ်ဒမီ နန္ဒာလှိုင် သတင်းစကားပါး

ကိုဗစ်ရောဂါခံစားနေရသူများအထူးလိုအပ်လျက်ရှိသည့်အောက်ဆီဂျင်များကိုကိုဇေနှင့်မနန္ဒာလှိုင်မိသားစုမှရွေ့လျားအောက်ဆီဂျင်စက်ရုံဝယ်ယူကာကွန်တိန်နာကားဖြင့်မြို့ပတ်လိုက်ဖြည့်လှုဒါန်းသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် နန္ဒာလှိုင်၏ မောင်ဖြစ်သူ ကိုစိန်ဖြိုးလှိုင်မှ ယင်း၏လူမှုကွန်ယက် ဖြစ်သည့် SEIN PHYo & YI ဖေ့ဘုတ်စာမျက်နှာထက်တွင် အောက်ပါအတိုင်း သတင်းစကား ပါးခဲ့သည်

စိတ်ညစ်စရာတွေပဲများနေလို့သတင်းကောင်းလေးတင်ပေးပါမယ်အောက်စီဂျင်စက်ရုံ50Nm3/hကိုမှာယူလိုက်ပါပြီ။အမြန်ဆုံးရောက်လာဖို့ကြိုးစားနေကြပါတယ်ကိုဇေနဲ့မနန္ဒာမိသားစုကတဦးတည်းအလှူရှင်အဖြစ်လှူမှာပါ တစ်ရက်ကို 40L အလုံး ၂၀၀ ဖြည့်ပေးနိုင်မှာပါ။ ထူးခြားချက်ကတော့ စက်ရှိတဲ့ဆီလာဖြည့်စရာ မလိုပဲ ကွန်တင်နာကားနဲ့တင်ပြီး မြို့ပတ်ပြီး လိုက်ဖြည့်ပေးမှာပါ

ဒီသတင်းကြားကြားချင်း ပျော်လွန်းလို့..တခြားသူတွေလည်းပျော်ရအောင်တင်ပေးလိုက်ပါတယ် အားလုံးပဲ ဖိုက်တင်းဟု SEIN PHYO & YIလူမှုကွန်ယက်စာမျက်နှာမှရေးသားထားကြောင်းတွေ့ရသည် ထို့အပြင် အကယ်ဒမီနန္ဒာလှိုင် ကလည်း လူမှု့ကွန်ယက်မှတဆင့်ဖြည့်တင်းလှုဒါန်းမည့် အစီအစဥ် များကိုအောက်ပါအတိုင်းရေးသား အသိပေးခဲ့သည်

မင်္ဂလာသတင်းပါအားလုံးလိုအပ်နေတဲ့အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံတစ်ခုကိုဝယ်ဖို့ရွေးချယ်လိုက်ပါပြီ။အောက်ဆီဂျင်50Nm3/ထုတ်လုပ်နိုင်တဲ့အတွက်တနေ့လျှင်40Lအိုးကြီးအလုံး၂၀၀ဖြည့်ပေးလို့ရပါတယ်။ လက်ရှိအနေအထားအရ အမြန်ဆုံးနဲ့ လူတွေ ပိုပြီးအကျိုးရှိစေမဲ့ အချက်ကို အဓိကထားပြီး ရွေးချယ်လိုက်တာဖြစ်ပါတယ်။ တကယ်လိုအပ်နေတဲ့ပြည်သူတွေ ဆီရောက်ဖို့အတွက် ပေ၂၀ ကွန်တိန်နာထဲထည့်ပြီး

နေ့စဉ် လိုအပ်ချက်ရှိနေတဲ့ ရပ်ကွက် မြို့နယ်တွေကို ပတ်ပြီး ထည့်ပေးပါမယ် ညဘက်ကျရင်လည်း ဇေကမ္ဘာ ဝင်းထဲမှာ ကားကို ရပ်နားပြီး ဖြည့်ပေးပါမယ်။ ၂၄ နာရီနီးပါးဖြည့်တင်းနိုင်ဖို့စီစဉ်ပါမယ်။အခမဲ့ ဖြည့်ပေးမှာ ဖြစ်ပြီး နောက်ထပ်ခြေလှမ်းအတွက်လဲ ထပ်ကြိုးစားပါအုံးမယ် တစ်ခုပဲ အားနာမိပါတယ်

အမြန်ဆုံးရောက်အောင်ကြိုးစားထားပေမဲ့အခုမှစမှာတာဖြစ်လို့နဲနဲတော့စောင့်ရလိမ့်မယ်ထင်ပါတယ်။စိတ်မလျှော့ကြပါနဲ့။ကျွန်မတို့လိုပဲတခြားအလှူရှင်တွေလဲမကြာခင်ပေါ်လာတော့မှာပါ။ကျန်းမာအောင်နေထိုင်ပေးကြပါရှင် ဟု အကယ်ဒမီနန္ဒာလှိုင် ကရေးသားထားသည် credit- မြန်မာလူထုမီဒီယာ

Leave a Reply

Your email address will not be published.