ခ်စ္သူသက္တမ္း(၁၃)ႏွစ္နီးပါးရွိျပီျဖစ္တဲ့ခ်စ္သူရုတ္တရက္ဆံုးပါးသြားတာေၾကာင့္လက္ခံေပးဖုိ႔မယံုၾကည္ႏုိင္ေလာက္ေအာင္ခံ
စားေနရတဲ့ညီထြဋ္ေခါင္နဲ႔ သူငယ္ခ်င္းမ်ား ဗီဒီယုိဖုိင္
လတ္တေလာတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ လူႀကီးလူငယ္မေ႐ြး ကြယ္လြန္သြားၿပီဆိုတဲ့ သတင္းေတြကိုဝမ္းနည္းစြာျဖင့္ မၾကာခဏ
ျမင္ေတြ႕ေနရပါတယ္။ အႏုပညာေလာကမွာလည္း တန္ဖိုးရွိလြန္းတဲ့ ၾကယ္ပြင့္ေတြ ခ်စ္ရသူမ်ားထံမွ အၿပီးပိုင္ ႏႈတ္ဆက္ထြက္ခြာသြားခဲ့ၾကတာ
ျဖစ္တဲ့အတြက္ ပရိသတ္မ်ားက စိတ္မေကာင္း ျဖစ္ခဲ့ရတာ ျဖစ္ပါတယ္။ မၾကာေသးခင္ ရက္ပိုင္းေလာက္က သ႐ုပ္ေဆာင္
ညီထြဋ္ေခါင္ရဲ႕ခ်စ္သူ ႐ုတ္တရတ္ ကြယ္လြန္သြားေၾကာင္း လူမႈကြန္ယက္တြင္ ေရးသားေဝမွ်ထားၾကတာကို ျမင္ေတြ႕လိုက္ရပါတယ္။ သ႐ုပ္ေဆာင္
ေက်ာ္ေက်ာ္ကလည္း ညီထြဋ္ေခါင္ရဲ႕ေကာင္မေလးဟာ ႐ုတ္တရတ္ ႏွလုံးရပ္တန႔္ၿပီး ေနအိမ္တြင္ကြယ္လြန္သြားေၾကာင္း
အတည္ျပဳေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္မ်ားနဲ႔ အႏုပညာအသိုင္းဝိုင္းမွညီအစ္ကိုေမာင္ႏွမမ်ားကလည္း ဒီသတင္းၾကားၾကားခ်င္း
ညီထြဋ္ေခါင္ရဲ႕ အႀကီးမားဆုံး ဆုံးရႈံးမႈအတြက္ စိတ္မေကာင္းျဖစ္ခဲ့ၾကတာပါ။ မေန႔ညကလည္း ညီထြဋ္ေခါင္ရဲ႕ Facebook Story တြင္ ” ေမ့ကိုပဲ
ျမင္ေယာင္ၿပီး သတိရေနတယ္ ေမရယ္ ဘယ္လိုလုပ္ရမလဲဟင္ 💔😢” ဆိုၿပီး သူ႔ခ်စ္သူခြဲခြာသြားတာ မယုံႏိုင္ေသးေၾကာင္း ဝမ္းနည္းစြာျဖင့္ ေရးသားထားတာ
ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေက်ာ္ေက်ာ္၊ ဆုျမတ္ႏိုးဦးတို႔ႏွစ္ဦးကလည္း အခ်စ္ဆုံး သူငယ္ခ်င္းရဲ႕
ေကာင္မေလး ေလာကႀကီးကေန ေစာစီးစြာ ထြက္ခြာသြားတဲ့အတြက္ ယူႀကဳံးမရ ဝမ္းနည္းေနၾကတာ ျဖစ္ပါတယ္။ ဆုျမတ္ႏိုးဦးကလည္း ”
ေမေမမရွိေတာ့ေပမယ့္ မေမတို႔ရွိေသးတယ္ အားမငယ္နဲ႔ဆို? ေမေမမရွိေတာ့တာေတာင္ အခုထိ လက္မခံႏိုင္ေသးတာကို အခုမေမကပါ ထပ္ၿပီးေတာ့ 😭💔”
ဆိုၿပီး ေၾကကြဲစြာျဖင့္ သူမရဲ႕ Facebook Story တြင္ ေရးသားထားတာ ျဖစ္ပါတယ္။ ေလာကႀကီးမွာ ေန႔ျမင္ညေပ်ာက္ေတြ အရမ္းကို
ျမန္ဆန္ေနတဲ့အတြက္ အနားမွာရွိေနစဥ္အတြင္းတစ္ဦးကို တစ္ဦး တန္ဖိုးထား ခ်စ္ခင္ၾကႏိုင္ပါေစလို႔ တိုက္တြန္းေျပာၾကားရင္း ဒီသတင္းကို
တင္ဆက္ေပးလိုက္ ရပါတယ္
Unicode
ချစ်သူသက်တမ်း (၁၃)နှစ်နီးပါး ရှိပြီဖြစ်တဲ့ ချစ်သူ ရုတ်တရက် ဆုံးပါးသွားတာကြောင့် လက်ခံပေးဖို့ မယုံကြည်နိုင်လောက်အောင်
ခံစားနေရတဲ့ ညီထွဋ်ခေါင်နဲ့ သူငယ်ချင်းများ ဗီဒီယိုဖိုင်
လတ်တလောတွင် အကြောင်းအမျိုးမျိုးကြောင့် လူကြီးလူငယ်မရွေး ကွယ်လွန်သွားပြီဆိုတဲ့ သတင်းတွေကိုဝမ်းနည်းစွာဖြင့် မကြာခဏ
မြင်တွေ့နေရပါတယ်။ အနုပညာလောကမှာလည်း တန်ဖိုးရှိလွန်းတဲ့ ကြယ်ပွင့်တွေ ချစ်ရသူများထံမှ အပြီးပိုင်
နှုတ်ဆက်ထွက်ခွာသွားခဲ့ကြတာ ဖြစ်တဲ့အတွက် ပရိသတ်များက စိတ်မကောင်း ဖြစ်ခဲ့ရတာ ဖြစ်ပါတယ်။ မကြာသေးခင်
ရက်ပိုင်းလောက်က သရုပ်ဆောင်
ညီထွဋ်ခေါင်ရဲ့ချစ်သူ ရုတ်တရတ် ကွယ်လွန်သွားကြောင်း လူမှုကွန်ယက်တွင် ရေးသားဝေမျှထားကြတာကို မြင်တွေ့လိုက်ရပါတယ်
သရုပ်ဆောင် ကျော်ကျော်ကလည်း ညီထွဋ်ခေါင်ရဲ့ကောင်မလေးဟာ ရုတ်တရတ် နှလုံးရပ်တန့်ပြီး နေအိမ်တွင်ကွယ်လွန်သွားကြောင်း
အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်များနဲ့ အနုပညာအသိုင်းဝိုင်းမှညီအစ်ကိုမောင်နှမများကလည်း ဒီသတင်းကြားကြားချင်း
ညီထွဋ်ခေါင်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုအတွက် စိတ်မကောင်းဖြစ်ခဲ့ကြတာပါ။ မနေ့ညကလည်း ညီထွဋ်ခေါင်ရဲ့ Facebook Story တွင် ” မေ့ကိုပဲ
မြင်ယောင်ပြီး သတိရနေတယ် မေရယ် ဘယ်လိုလုပ်ရမလဲဟင် 💔😢” ဆိုပြီး သူ့ချစ်သူခွဲခွာသွားတာ မယုံနိုင်သေးကြောင်း ဝမ်းနည်းစွာဖြင့်
ရေးသားထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ကျော်ကျော်၊ ဆုမြတ်နိုးဦးတို့နှစ်ဦးကလည်း အချစ်ဆုံး သူငယ်ချင်းရဲ့
ကောင်မလေး လောကကြီးကနေ စောစီးစွာ ထွက်ခွာသွားတဲ့အတွက် ယူကြုံးမရ ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။ ဆုမြတ်နိုးဦးကလည်း ”
မေမေမရှိတော့ပေမယ့် မမေတို့ရှိသေးတယ် အားမငယ်နဲ့ဆို? မေမေမရှိတော့တာတောင် အခုထိ လက်မခံနိုင်သေးတာကို အခုမမေကပါ ထပ်ပြီးတော့ 😭
💔” ဆိုပြီး ကြေကွဲစွာဖြင့် သူမရဲ့ Facebook Story တွင် ရေးသားထားတာ ဖြစ်ပါတယ်။ လောကကြီးမှာ နေ့မြင်ညပျောက်တွေ အရမ်းကို
မြန်ဆန်နေတဲ့အတွက် အနားမှာရှိနေစဉ်အတွင်းတစ်ဦးကို တစ်ဦး တန်ဖိုးထား ချစ်ခင်ကြနိုင်ပါစေလို့ တိုက်တွန်းပြောကြားရင်း ဒီသတင်းကို
တင်ဆက်ပေးလိုက် ရပါတယ်