ဦးဇင်း ကျော်ဟိန်းမေး ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးဖြေ”

ဦးကိတ္တိသာရ(ဦးကျော်ဟိန် ။ဆရာတော်ဘုရားရဲ့ရည်မှန်းချက်ကဘယ်လိုရှိပါသလဲဘုရား။အခုဒီဘဝမှာပါမောက္ခချုပ်ဆရာတော်ဖြစ်နေပြီး

ဒီနေရာ ဒီအဆင့်နဲ့ တရားတွေလည်းသိနေပြီ။ ဒီဘဝကို ဘယ်လိုအဆုံးသတ်မယ်လို့ ဘုန်းဘုန်းရည်မှန်းထားပါသလဲ


ပါမောက္ခချုပ်ဆရာတော်ဒီလိုမျိုးပွင့်ပွင့်လင်းလင်းသူများတကာတွေကတော့မမေးဖူးဘူးပေါ့အခုတော့မေးလာလို့ဖြေလိုက်ရဦးမယ်။ဘုန်းဘုန်း

က ဘုရားဖြစ်ချင်လို့အကြိမ်ကြိမ်ဆုတောင်းခဲ့တယ် ဒီဘဝကိုသိဖို့ ဒီဘဝနောက်ဆုံးဘဝလို့တော့ ဘုန်းဘုန်းက တစ်ခါမျှ မရည်မှန်းခဲ့ဖူး

သူများတွေ နားလည်အောင် အသိဉာဏ်တွေ ငါဆည်းပူးဦးမယ်။ ငါ အကျွတ်တရားရရင် သူများတွေလည်း အကျွတ်တရား ရစေချင်တယ်ဆိုတဲ့

စိတ်ဓာတ်၊ အဲဒီစိတ်ဓာတ်နဲ့ ငယ်ငယ်တုန်းကတည်း က အကြိမ်ကြိမ်ဘုရားဆုပန်ခဲ့တယ်၊ ခိုင်မြဲတာ မခိုင်မြဲတာတော့ မသိသေးဘူး

အခုအချိန်ထိတော့ ဆုပန်တာကိုပြောတာ။ ဒီဘဝကို ငါ အဆုံးသတ်မယ်ဆိုတဲ့ စိတ်မရှိဘူး။ မှန်တာကိုပြောတာ”(ပါမောက္ခချုပ်ဆရာတော်၏

ဘဝခရီးနှင့်ဓမ္မဆီမီး) စာမျက်နှာ- ၆၂၈ မှ

crd-36Myanmar

Leave a Reply

Your email address will not be published. Required fields are marked *