ရန်ကုန်ရုံး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ရုံးဝန်ထမ်း ၃၀ နီးပါးမှာ ငဗစ်  ရောဂါပိုး ကူးစက်ခံထားရကြောင်း ထပ်မံတွေ့ရှိထားပြီး

ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရတဲ့ ဝန်ထမ်းတစ်ဦး ဒီကနေ့ (ဇူလိုင်လ ၁၂) ညနေပိုင်းမှာ သေဆုံးသွားတယ်လို့ MRTV ရုံးဝန်ထမ်းတစ်ဦးက

မဇ္ဈိမကို အတည်ပြု ပြောပါတယ်

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ဝန်ထမ်း ၁၁ ဦး ငဗစ် ရောဂါပိုး ကူးစက်ခံရကြောင်း ဇူလိုင်လ ၉ ရက်နေ့မှာ တွေ့ရှိခဲ့ပြီးနောက်

ထိတွေ့ဆက်စပ်သူ မိသားစူဝင်တွေနဲ့ ဖျားနာနေသူ စုစုပေါင်း လူတစ်ရာလောက်ကို ငဗစ် ပိုး ရှိမရှိ ဒီကနေ့ ဇူလိုင်လ ၁၂ ရက်နေ့

စစ်ဆေးကြည့်တဲ့အထဲ လူ ၃၀ လောက်မှာ ငဗစ် ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်

“ရုံးကဝန်ထမ်းရယ်၊ သူ့မိဘ သားသမီးတွေပေါ့၊ နီးစပ်သူ တစ်ရာလောက်ကို ဒီကနေ့ စစ်တာ။ တစ်ရာလောက်မှာ ၃၀ လောက် ပိုးတွေ့တယ်” လို့

MRTV ရုံးဝန်ထမ်းတစ်ဦးက မဇ္ဈိမကို အတည်ပြု ပြောပါတယ်

ငဗစ်ပိုး ကူးစက်ခံရပြီး သေဆုံးသွားသူဟာ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား (MRTV) ရဲ့ ရုပ်မြင်ဌာန ဦးစီးအရာရှိ ဦးကျော်လွင်ဖြစ်ပြီး ဒီနေ့ (ဇူလိုင်လ

၁၂ ) ရက်နေ့ ညနေ ၆ နာရီလောက်မှာ ကွယ်လွန်သွားတာဖြစ်တယ်လို့ သိရပါတယ်

အခုသေဆုံးသွားတဲ့ MRTV ရဲ့ ရုပ်မြင်ဌာန ဦးစီးအရာရှိ ဦးကျော်လွင်ဟာ အသက် ၅၀ ဝန်းကျင်အရွယ်ဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့က

ပထမအသုတ်အနေနဲ့ စစ်တဲ့အထဲ ငဗစ် ရောဂါပိုး ကူးစက်ခံရကြောင်း တွေ့ရှိခဲ့သူ ဖြစ်ပါတယ်

“သူကအစကတည်းကအောက်ဆီဂျင်ကျနေတာ။ကျနေတော့ရန်ကုန်ဆေးရုံကြီးကလက်မခံပါ။လက်မခံတော့လှိုင်သာယာဆေးရုံရောက်သွား

တော့ လှိုင်သာယာ ဆေးရုံမှာ သေဆုံးသွားတာတဲ့” လို့ အဲဒီ ရုံးဝန်ထမ်းက မဇ္ဈိမကို ပြောပါတယ်

ဒီကနေ့မှာ ငဗစ် ရောဂါပိုး ကူးစက်ခံထားရကြောင်း တွေ့ရှိထားတဲ့ MRTV ရုံးဝန်ထမ်း ၃၀ လောက်ကို ရုံးတွင်းက အဆောင်လွတ် တစ်ခုမှာထား

ထားပြီး ငဗစ် ကုသရေးစင်တာတစ်ခုကို မနက်ဖြန် မနက်ပိုင်းမှာ ပို့ဆောင်သွားမယ်လို့ သိရပါတယ်

Credit Mizzima

Leave a Reply

Your email address will not be published.