




သင်းအုပ်ဆရာရဲ့ လက်စွပ်ဖြတ်ယူသွားကိစ္စ မဟုတ်မမှန် သတင်းဖြန့်နေတယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်း ရှင်းပြချင်းပြည်နယ်၊ ထန်တလန်မြို့မှာ သင်းအုပ်ဆရာ Pastor Cung Biak Hmun ကို ပစ်သတ်ပြီး လက်သကြွယ်ဖြတ်ကာ လက်စွပ် ယူသွားတဲ့ ဖြစ်စဉ်ကို စီစစ်နေတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်ပါတယ်

ယမန်နေ့ည စက်တင်ဘာ ၂၁ရက် မှာ ထုတ်လွင့်တဲ့ ည ၈ နာရီ သတင်းအစီအစဉ်မှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထန်တလန် သင်းအုပ်ဆရာ သတ်ဖြတ်ခံရခြင်းကိစ္စနဲ့ ပတ်သက်ပြီး ယခုလို ပြောဆိုပါတယ်ကျွန်တော်တို့ သင်းအုပ်ဆရာ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ဆေးနေပါတယ် လက်စွပ်ယူသွားတယ်ဆိုပြီး မဟုတ်မမှန်တွေ သတင်းတွေ ဖြန့်နေကြတယ်

ဒါတွေက NUGနဲ့ CRPH အဖွဲ့တွေက တိုင်းပြည်မငြိမ်အောင် ဆောင်ရွက်လျက်ရှိပါတယ်။ မဟုတ်မမှန် သတင်းတွေဖြစ်ပါတယ် လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်

စက်တင်ဘာလ ၁၉ ရက်က သတင်းဌာနအချို့က သင်းအုပ်ဆရာတော် သေဆုံးမှုဟာ တပ်မတော် ကျည် ထိမှန်လို့ သေဆုံးတာဖြစ်တယ်ဆိုပြီး မဟုတ်မမှန်သတင်းများ ဖြန့်ခဲ့တယ်ဆိုပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်

စက်တင်ဘာ ၁၈ရက်နေ့က ချင်းပြည်နယ် ထန်တလန်မြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ CDF/CAN အဖွဲ့တို့အကြား ပစ်ခတ်မှုများဖြစ်ခဲ့ပြီး TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာ Pastor Cung Biak Hmun ပ စ် သ တ်ခံခဲ့ရတာ ဖြစ်ပါတယ်

အခုလို ထန်တလန်မြို့ပေါ်မှာ ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်ရတာဟာ သမိုင်းတလျှောက်ပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *