ရန်ကုန်၊ စက်တင်ဘာ ၂၂ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ်၊ စံပြ ၆ မိုင် ကျေးရွာတွင် စက်တင်ဘာလ၂၁ရက်နေ့အကြမ်းဖက်စစ်ကောင်စီတပ်နှင့်

ကရင်နီပူးပေါင်းတပ်ဖွဲ့များကြားတိုက်ပွဲ၂ကြိမ်ဖြစ်ပွားပြီးစစ်ကောင်စီဘက်မှ၎ဦးသေဆုံးကာကရင်နီပူးပေါင်းတပ်ဖွဲ့ဘက်မှထိခိုက်ကျဆုံးမှုမရှိကြောင်း သတင်းရရှိသည်။


“တိုက်ပွဲက မနက်ကနေ ၂ နာရီထိ တောက်လျှောက်ရှိတယ်၊ ခဏရပ်ပြီး ၃ နာရီလောက်မှာ ထပ်ဖြစ်တယ်။ စစ်ကောင်စီတပ်က စံပြ ၆ မိုင်မှ တပ်စွဲထားတယ်၊ သူတို့က ဒေသခံတွေရဲ့ နေအိမ်တွေမှာ တပ်စွဲထားတယ်၊ ကရင်နီတပ်မတော် KA၊ KNDF ဦးဆောင်မှုနောက်က ကျနော်တို့ Karenni G.Z

(VolunteerFighters)အဖွဲ့ကဝင်အားဖြည့်ပြီးပစ်ကြတာပေါ့။စစ်ကောင်စီက၄ယောက်သေတယ်၊ကျနော်တို့ဘက်ကအကျအဆုံးမရှိဘူး” ဟု Karenni G.Z (Volunteer Fighters) အဖွဲ့မှ ဗိုလ်ဆောရယ်မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။


အဆိုပါတိုက်ပွဲဖြစ်စဉ်အသေးစိတ်နှင့် နှစ်ဖက်ထိခိုက်ကျဆုံးစာရင်းအား ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDF မှ တရားဝင် သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။
ဓါတ်ပုံ – Karenni G.Z တပ်ဖွဲ့ဝင်များ

Leave a Reply

Your email address will not be published. Required fields are marked *