ရှစ်လကျော်ကြာမြင့်လာပြီဖြစ်တဲ့တော်လှန်ရေးကာလရှည်ကြီးမှာပြည်သူအားလုံးရောPDFလူငယ်တွေရောအင်တိုက်အားတိုက်ကြိုးပမ်းနေကြတာဖြစ်ပါတယ်

 

D Day ကြေငြာလိုက်သည့်နေ့ကစကာ တိုက်ပွဲတွေကလည်း ဆက်တိုက်ပြင်းထန်နေပြီး မြို့ပေါ်နေရာအနှံ့မှာလည်း ပေါက်ကွဲမှုတွေနဲ့

တာဝါတိုင်ဖောက်ခွဲမှုတွေဖြစ်ပေါ်နေကာတိုင်းရင်းသားဒေသတွေမှာလည်းနေ့စဉ်မပြတ်တိုက်ပွဲတွေဆက်တိုက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်

တစ်ဖက်ကလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပစ်ခတ်မှုတွေပိုမိုပြင်းထန်လာတာကြောင့် ၀ရမ်းထုတ်ခံထားရတဲ့ အနုပညာရှင်တွေအနေနဲ့လည်း လွတ်မြောက်နယ်မြေတွေမှာ သွားရောက်ခိုလှုံကြကာ PDFရဲဘော်တွေအနေနဲ့ပါခံယူထားကြတာကိုတွေ့ရပါတယ်

မင်းမော်ကွန်းမိသားစုအပါအ၀င် ဒါရိုက်တာသည်ခေတ်နေ၊ကိုပေါက်တို့ကလည်း စခန်းတစ်ခုတည်းမှာနေထိုင်ကြတာဖြစ်ပြီး PDFရဲဘော်ရဲဘက်တွေနဲ့အတူ ညီအစ်ကိုရင်းတွေပမာ ကူညီရိုင်းပင်းပြီးနေထိုင်နေကြတာကိုတွေ့ရပါတယ်

PDFစစ်ဗိုလ်တစ်ဦးကလည်းမကြာသေးမီကသူ့ရဲ့Facebookစာမျက်နှာလေးမှာ”တော်လှန်ရေးကာလတော်လှန်ရေးနယ်မြေမှာတွေ့ဆုံကြသူတွေဟာ မြို့ပေါ်မှာထပ်ကို ပို၍သံယောဇဉ်ဖြစ် ပို၍ ချစ်ခင်ကြပါတယ်….ဒါ တကယ်လက်တွေ့ပါ

စစ်အာဏာရှင်စနစ်ကိုမုန်းတီးလို့တောထဲရောက်လာသူတွေဟာအရင်ကမမြင်ဖူးမတွေ့ဖူးပေမယ့်တစ်ဦးနဲ့တစ်ဦးဖေးမကူညီရင်းညီရင်းအကိုလိုအရမ်းချစ်ကြပါတယ်

ဆိုပြီးရေးသားမျှဝေထားတာကို တွေ့ရပါတယ်။ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော် -သတင်းအရင်းမြစ်: Ye Min’s Facebook acc

Leave a Reply

Your email address will not be published. Required fields are marked *