By ရန်ကုန်ခေတ်သစ်မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပေါ်ပေါက်ခဲ့ပြီး လအနည်းငယ်အကြာမှာပဲ ဆန္ဒပြပွဲတွေနဲ့အတူ ပေါ် ပေါက် လာ တာ ကတော့ လက်နက်ကိုင်တော်လှန်ရေး ပဲဖြစ်ပါတယ်။


ရက်စက်တဲ့ အကြမ်းဖက် ဖြိုခွင်းခံရမှုတွေ များပြားလာချိန်မှာတော့ စစ်အာဏာရှင်ကို မလိုလားကြတဲ့ ပြည် သူတွေ အထူးသဖြင့် လူငယ်တွေနဲ့ လူလတ်ပိုင်းတွေထဲ လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ခဲ့ကြပြီး တိုင်းရင်းသားဒေသတွေ၊ ချင်းတွင်းမြစ်ဝှမ်းနဲ့ မြေလတ်ဒေသက

ကျေးရွာများအပါအဝင် မြို့ကြီးပြကြီး တွေမှာပါ စစ်ကောင်စီအဖွဲ့ဝင်တွေကို ရရာလက်နက်နဲ့ တိုက်ခိုက်မှု ပြုလုပ်လာခဲ့ကြပါတယ်။


လက်လုပ်ဗုံးတွေနဲ့ စတင်ခဲ့တဲ့ မြို့ပြပြောက်ကျား တိုက်ခိုက်မှုတွေကတော့ NUG အစိုးရက D day ကြေညာပြီးနောက်ပိုင်း ပိုမိုအရှိန်မြှင့်တင်လာတာနဲ့အတူ အခက်အခဲတချို့နဲ့လည်း ရင်ဆိုင်လာရပါတယ်။


အကြမ်းဖက်စစ်တပ်က၎င်းတို့ထိခိုက်မှုနည်းစေဖို့အတွက်စစ်ဆေးမှုတွေတင်းတင်းကြပ်ကြပ်ပြုလုပ်လာတာ၊အဖမ်းအဆီးတွေတိုးမြှင့်လုပ်ဆောင်လာတာ၊ အဓိကလမ်းမကြီးတွေတင်မက လူသွားလူလာများတဲ့ နေရာ တွေမှာပါ CCTV စောင့်ကြည့်ရေးကင်မရာတွေ တိုးချဲ့တပ်ဆင်တာ တွေ ပြုလုပ်လာခဲ့ပါတယ်။

 

ဒါ့အပြင် ယခင်အရပ်သားအစိုးရလက်ထက်က ဖျက်သိမ်းခဲ့တဲ့ ဧည့်စာရင်းဥပဒေကို ပြန်လည် အသက် သွင်းထားပြီးနောက် ၊ ယခုကာလနောက်ပိုင်းတွေမှာတော့ အိမ်ငှားလုပ်ကိုင်တဲ့ အိမ်ရှင်တွေကိုပါ အကျပ် ကိုင်လာတဲ့ လုပ်ရပ်တွေအထိ ပြုလုပ်ခဲ့ကြပါတယ်။အိမ်ရှင်တစ်ဦးအနေနဲ့ မိမိအိမ်ငှားသူကို သေချာစိစစ်ဖို့၊ သို့တည်းမဟုတ် စစ်တပ်က မသင်္ကာလို့ ဝင်ရောက် စစ်ဆေးစဉ် မြို့ပြပြောက်ကျား

ဆင်နွှဲတဲ့လူငယ်တွေ ဒါမှမဟုတ် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြတဲ့သူတွေကို ဖမ်းမိခဲ့ရင်၊အဆိုပါအိမ်ကိုပြည်သူပိုင်သိမ်းမယ်ဆိုတဲ့ အကြပ်ကိုင်မှုပဲ ဖြစ်ပါတယ်။


ဒါ့ကြောင့် မြို့ပြမှာ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်နေကြတဲ့ လူငယ်၊ လူရွယ်တွေဟာ ခိုလှုံဖို့နေရာအတွက် ရွေးချယ်မှုတွေမှာ ခက်ခဲလာရသလို၊ အခြားတစ်ဖက်မှာလည်း CCTV အပါအဝင် ခြေရာခံ ထောက်လှမ်းနိုင်တဲ့ ဆက်သွယ်ရေးကရိယာတွေကြောင့် လုံခြုံရေးပိုင်းမှာ စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။


ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်က အလုံဘူတာနဲ့ ပန်းလှိုင်ကြား မြို့ပတ်ရထားပေါ်မှာ ရဲ ၅ ဦး ပစ်ခတ်ခံရပြီးနောက် စက်တင်ဘာ ၃ ရက်နေ့မှာတော့ တာမွေနဲ့

သင်္ဃန်းကျွန်းမြို့နယ်တွေမှာသေနတ်၎လက်၊ဆက်စပ်ပစ္စည်းတွေနဲ့အဆိုပါဖြစ်စဉ်မှာပါဝင်သူတွေထဲက၅ဦးကိုဖမ်းမိတယ်လို့အကြမ်းဖက်စစ်ကောင်စီက သတင်း ထုတ်ပြန်ခဲ့ပါတယ်။


ဒီဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ တိကျတဲ့သတင်းအရင်းမြစ်ရဲ့ ပြောကြားချက်အရ ဖြစ်စဉ်မှာ ပါဝင်တဲ့ လူငယ်တွေငှားရမ်းခဲ့တဲ့ တက္ကစီကတစ်ဆင့် ခြေရာခံမိရာက CCTV မှာ ဖမ်းယူရရှိမိခဲ့တဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီးနောက် ဖမ်းမိခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။


ပြီးခဲ့တဲ့လအတွင်း ရန်ကုန်မြို့လယ် ၄၄ လမ်း ငါးထပ်တိုက်ပေါ်မှ ခုန်ချခဲ့တဲ့ လူငယ်လေးတွေရဲ့ ကြေကွဲ ဖွယ် ဖြစ်ရပ်မှာလည်း CCTV ရဲ့ အကူအညီရယူပြီးမှ အဆိုပါတိုက်ခန်းကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့တာလို့ ဖမ်းဆီး ခံရသူများနဲ့ ဆက်စပ်တဲ့ တော်လှန်ရေးလူငယ်အသိုင်းအဝိုင်းက ဆိုပါတယ်။


အလားတူ ဒီရက်ပိုင်း အဖမ်းဆီးခံခဲ့ရတဲ့ လူငယ် ၇ ယောက် ဖြစ်ရပ်မှာလည်း အသုံးပြုခဲ့တဲ့ တက္ကစီတွေကို ခြေရာ ခံမိတဲ့ CCTV တွေရဲ့ ကောက်ကြောင်းကနေတဆင့် ဖမ်းဆီးခံခဲ့ရတာလို့ သိရပြန်ပါတယ်။


CCTV တွေဟာ ယခင်သာမန်အချိန်ကာလတွေမှာ ရာဇဝတ်မှုတွေဖော်ထုတ်နိုင်ဖို့ အတွက် အထောက် အကူပြုပေးနိုင်တဲ့ အရာဖြစ်ပေမယ့်၊ ယခုလိုကာလမှာတော့ မြို့ပြပြောက်ကျားစစ် ဆင်နွှဲနေတဲ့ လူငယ် တွေအတွက်တော့ ကြီးမားတဲ့ အန္တရာယ်တစ်ခုဖြစ်လာတာပါ။


ယခင် အရပ်သားအစိုးရလက်ထက်က ရာဇဝတ်မှုခင်း လျော့ချနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ CCTV Control Center တစ်ခုကို ရန်ကုန်မြို့ ဗဟန်းမြို့နယ်ထဲမှာ တည်ဆောက်ခဲ့ပါတယ်။ ရန်ကုန်ရဲ့ အချက်အခြာကျတဲ့ နေရာ အားလုံးနီးပါးကို အဆိုပါနေရာကနေ စောင့်ကြည့်နိုင်တယ် လို့ သိရပါတယ်။


လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ဟာ ဒီ CCTV Control Center က ရတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ဖမ်းဆီးမှုတွေရှိနေသလို၊ သူတို့ဖမ်းဆီးချင်သူတွေ ရှိမယ်လို့ ယူဆထားတဲ့နေရာတွေက ရပ်ရွာလုံခြုံရေးအတွက် တပ်ဆင်ထားတဲ့ ရက်ကွက်ပိုင် CCTV တွေကိုလည်း အင်အားသုံး ဝင်ရောက် ရှာဖွေစောင့်ကြည့်တတ်တယ် လို့ ရက်ကွက်အုပ်ချုပ်ရေးမှုးဟောင်း တစ်ဦးက ဆိုပါတယ်။


နောက်ထပ်အချက်တစ်ခုအနေနဲ့ကတော့ ယခင်အစိုးရလက်ထက်မှာပဲ အမေရိကန်ဒေါ်လာ ၄ သန်း ကျော် အသုံးပြုပြီး ဖုန်းခေါ်ဆိုမှုတွေကို ထောက်လှမ်းခြေရာခံနိုင်တဲ့ Intercept Spyware စပိုင်ထောက်လှမ်းရေး ကရိယာ တွေကို ဝယ်ယူခဲ့ပါတယ်။ ဒီဝယ်ယူမှုဟာလည်း ရာဇဝတ်မှုတွေကို ထောက်လှမ်းရာမှာ အသုံးပြုဖို့လို့ NLD အစိုးရအနေနဲ့ ထိုအချိန်က ပြန်လည်တုံ့ပြန်ပြောကြားခဲ့ပါတယ်။


ဒါတွေအားလုံးကို လက်ရှိမှာ ထိန်းချုပ်ထားနိုင်နေတဲ့ အကြမ်းဖက်စစ်တပ်က ဖုန်းခေါ်ဆိုမှုတွေက တစ်ဆင့် ဒါမှမဟုတ် CCTV မှတ်တမ်းတွေကတစ်ဆင့် ထောက်လှမ်းမှုတွေ ဒါမှမဟုတ် ခြေရာခံမှုတွေ ပြုလုပ်လာနေတာပဲ ဖြစ်ပါတယ်။
ယခုသီတင်းပတ်အတွင်းမှာပဲ မြို့ပြပြောက်ကျား ဆင်နွှဲသူတွေအပါအဝင် တက်ကြွလှုပ်ရှားသူ ၄၀ ကျော် ဖမ်းဆီးခံခဲ့ရတာပါ။


ဒါ့ကြောင့်လည်း မြို့ပြပြောက်ကျားစစ် ဆင်နွှဲသူတွေ၊ တက်ကြွလှုပ်ရှားသူတွေအနေနဲ့ လုံခြုံရေးပိုင်း အထူးသဖြင့် digital security နဲ့ CCTV network ရဲ့ ချိပ်ဆက်ဖော်ထုတ်နိုင်မှု သဘောတရားတွေကို အထူးအလေးပေး သိရှိလှုပ်ရှားဖို့ လိုအပ်ပြီး၊ အချင်းချင်းဆက်သွယ်ပြောဆိုမှုတွေ၊ သွားလာလှုပ်ရှားမှုတွေကို ဂရုပြုကြဖို့ လိုအပ်နေတဲ့ အချိန်ဆိုတာကို အထက်ပါ ဖြစ်ရပ်တွေက ညွှန်ပြနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *