ကိုဗစ်တတိယလှိုင်းကို သက်ကြီးရွယ်အိုတွေ၊ရောဂါအခံရှိတဲ့ ပြည်သူတွေအများဆုံးခံစားနေရပြီး ကိုဗစ်ရောဂါခံစားနေရတဲ့
ပြည်သူတွေထဲ (၁၉၆၂)ခုနှစ်ကျောင်းသားခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဦးလှရွှေလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်
ကိုဗစ်ကူးစက်မှုခံထားရတဲ့ဦးလှရွှေဟာမှတ်ဉာဏ်ချို့ယွင်းပြီးမေ့လျော့တဲ့ဝေဒနာခံစားနေရကာသမီးဖြစ်သူနဲ့အတူနေထိုင်နေတာဖြ
စ်ပါတယ်။ဦးလှရွှေဟာ တစ်ချိန်ကတိုင်းပြည်အတွက် ပေးဆပ်စွန့်လွှတ်ခဲ့တာကြောင့် နိုင်ငံရေးအသိုင်းအဝိုင်း၊ စာပေနဲ့
သတင်းလောကမှာ တော်တော်လေးလူသိများခဲ့သူဖြစ်ပါတယ်
ယခုမှာတော့ ကျောင်းသားခေါင်းဆောင်ဟောင်းဦးလှရွှေအပါအဝင် တစ်မိသားစုလုံး ကိုဗစ်ကူးစက်ခံထားရတာကြောင့်
ချက်ပြုတ်ကျွေးမွေးပြီး ပြုစုပေးမယ့်သူမရှိဘဲ ဒုက္ခရောက်နေကြပါတယ်။ ဦးလှရွှေရဲ့ သမီးဖြစ်သူ မနေခြည်ဟာ
ကိုဗစ်ရောဂါကူးစက်ခံထားရပေမယ့်လည်း ပြုစုပေးမယ့်လူမရှိတာကြောင့် ကိုယ်တိုင်လူနာစောင့်လုပ်ပြီး ဖခင်ဖြစ်သူကို
ပြုစုနေရှာပါတယ်။ ပြည်သူတစ်ယောက်ကတော့ အရေးပေါ်အကူအညီတွေလိုအပ်နေကြတဲ့ ဦးလှရွှေတို့မိသားစုအတွက်
နပ်စ်ငှားပေးဖို့ ငွေကြေးလိုအပ်နေတာကြောင့် အကူအညီတောင်းခံလာခဲ့ပါတယ်
AungMyintBogalayအမည်ရှိတဲ့FbAccပိုင်ရှင်ပြည်သူတစ်ဦးကတော့”ဦးလှရွှေ(အောင်သာပီသုံးလုံး)ကိုဗစ်ရောဂါပြင်းထန်စွာ
ခံစားနေပြီးယခုလောလောဆယ်အောက်ဆီဂျင်လွှတ်နေရပါပြီ။ဦးလှရွှေ(အောင်သာပီသုံးလုံး)နဲ့အတူသမီးဖြစ်သူမနေခြည်နဲ့မနေခြည်
သမီးအငယ်ဆုံးမကြည်စင်ပါကိုဗစ်ဖြစ်နေကြပါပြီ
။တစ်အိမ်လုံးမိသားစုသုံးယောက်စလုံးဖြစ်နေတော့ကိုဗစ်ဖြစ်နေတဲ့မနေခြည်တစ်ယောက်ထဲလူနာစောင့်ပြန်လုပ်နေရတော့အားလုံးအ
တွက်အသက်အန္တရာယ်ကျရောက်နေပါပြီ
ဦးလှရွှေ(အောင်သာပီသုံးလုံးနဲ့)အတူမနေခြည်တို့မိသားစုသုံးယောက်အတွက်စပါယ်ရှယ်နပ်စ်ငှါးဖို့အတွက်ငွေကြေးအကူအညီ
များအရေးတကြီးလိုအပ်နေပါသဖြင့်အားလုံးဝိုင်းကူညီပေးကြပါရန်အတွက်လေးနက်စွာပန်ကြားအပ်ပါတယ်
ကိုဗစ်ရောဂါသယ်တွေကူညီစောင့်ရှောက်ဖို့အတွက်စုစည်းထားတဲ့သူနာပြုအထူးအဖွဲ့နဲ့ဆက်သွယ်ပြီးPPEဝတ်စုံများလူနာစောင့်
ရှောက်ပေးမဲ့အစီအစဉ်အတွက်တစ်လခုနှစ်သိန်းနဲ့ငှါးရမ်းထားပါတယ် ဦးအောင်မြင့်(ဘိုကလေး) (09262686706 )” ဆိုပြီး
ရေးသားထားခဲ့ပါတယ်။ ပြည်သူတွေအနေနဲ့ ဒုက္ခရောက်နေသူတွေကို တတ်နိုင်တဲ့ဘက်ကနေ ကူညီပေးကြဖို့နဲ့ ကျန်းမားရေးဂရုစိုက်ကြဖို့
တိုက်တွန်းလိုက်ရပါတယ် ။