စစ္ကိုင္းတိုင္း ကသာၿမိဳ႕နယ္အတြင္း ျဖစ္ပြားလ်က္ရွိေသာ တိုက္ပြဲသတင္းမ်ားကို အလ်င္စလို မတင္ေပးၾကရန္ႏွင့္ တိုက္ပြဲသတင္းမ်ားကို NUG အစိုးရကာကြယ္ေရးဝန္ႀကီးဌာနမွတဆင့္ ထုတ္ျပန္သြားမည္ဟု ကသာ ျပည္သူ႔ကာကြယ္ေရးတပ္ PDF က စက္တင္ဘာ ၂၀ ရက္ ညေနပိုင္းက ထုတ္ျပန္ထားသည္

ကသာတြင္ျဖစ္တဲ့တိုက္ပြဲသတင္းမ်ားကိုအလ်င္စလိုမတင္ေပးၾကရန္ေမတၱာရပ္ခံအပ္ပါသည္။Operationမ်ားမၿပီးျပတ္ေသးေသာေၾကာင့္ အခက္အခဲမ်ားမေပၚေပါက္ေစရန္ သတိျပဳၾကေစျခင္ပါသည္။ NUG ရဲ့ ကာကြယ္ေရးဝန္ႀကီးဌာနမွ သတင္းမ်ားကို ထုတ္ျပန္ေပးပါမည္

ကသာ PDF အေနျဖင့္ လိုအပ္သည့္ ေျမျပင္သတင္းမ်ားကို MOD သို႔ေပးပို႔ထားၿပီျဖစ္ပါသည္ ဟု People Defense Force-Katha အမည္ရွိ လူမႈကြန္ယက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားပါသည္ထိုေနာက္ ကသာ ဗန္းေမာ္လမ္းပိုင္းႏွင့္ ကသာအထက္ဘက္ လမ္းေၾကာင္းတြင္ သြားလာေသာ ခရီးသြားျပည္သူမ်ားအေနျဖင့္ သတိထားျခင္းျဖင့္ သြားလာၾကရန္ ယမန္ေန႔ညတြင္ ထပ္မံေရးသား ထုတ္ျပန္ထားသည္

NUG ကာကြယ္ေရးဝန္ႀကီးဌာန စက္တင္ဘာလ ၂၀ ရက္ေန႔ည ထုတ္ျပန္ခ်က္အရ ကသာၿမိဳ႕နယ္ မိုးဒါးတိုက္နယ္အနီးတဝိုက္တြင္ စစ္အင္အား တိုးခ်ဲ႕လာသည့္ အာဏာသိမ္းအဖြဲ႕ကို ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ႏွင့္ ကသာ PDF တို႔ပူေပါင္းကာ ယမန္ေန႔က မိုင္းခြဲတိုက္ခိုက္ခဲ့ရာတြင္ စစ္ေကာင္စီဘက္ ၄၀ ဦးခန႔္ေသဆုံးၿပီး အမ်ားအျပားဒဏ္ရာရရွိေၾကာင္း ထုတ္ျပန္ထားသည္

ကသာၿမိဳ႕နယ္အတြင္း တိုက္ပြဲျဖစ္ပြားမႈႏွင့္ပတ္သက္ၿပီး ေဒသခံတစ္ဦးက တိုက္ပြဲျဖစ္ပြားခဲ့တာမွန္ပါတယ္။ KIA နဲ႔ ကသာ PDF တို႔က စစ္အင္အားတိုးခ်ဲ႕လာတဲ့ အာဏာသိမ္းစစ္တပ္အဖြဲ႕ကို မိုင္းခြဲတိုက္ခိုက္ခဲ့တယ္လို႔သိရတယ္စစ္ေကာင္စီတပ္ဘက္က စစ္အင္အား ၇၀ ေလာက္ရွိတာကို ၁၀ ေယာက္ေလာက္ဘဲ လြတ္တယ္လို႔ၾကားတယ္ ဟု PDF ႏွင့္နီးစပ္သည့္ ကသာေဒသခံတစ္ဦးက KNG သတင္းဌာနကို

ေျပာဆိုခဲ့သည္ ကသာၿမိဳ႕နယ္ႏွင့္ ကခ်င္ျပည္နယ္ႏွင့္ စစ္ကိုင္းအစပ္တြင္တည္ရွိၿပီး ဧရာဝတီျမစ္ေဘးတြင္ရွိေသာ ၿမိဳ႕ျဖစ္ေသာေၾကာင့္ စစ္ေကာင္စီက ကခ်င္ျပည္နယ္သို႔ စစ္အင္အားတိုးခ်ဲ႕ရန္ ျဖတ္သန္းသြားလာေနေသာ ေဒသတစ္ခုလည္း ျဖစ္သည္ အဆိုပါေဒသသည္ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA တပ္မဟာ ၈ ေအာက္ တပ္ရင္း ၅ လႈပ္ရွားေသာ နယ္ေျမျဖစ္သည္ဟု သိရသည္ Ref: Kachin News

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲသတင်းများကို အလျင်စလို မတင်ပေးကြရန်နှင့် တိုက်ပွဲသတင်းများကို NUG အစိုးရကာကွယ်ရေးဝန်ကြီးဌာနမှတဆင့် ထုတ်ပြန်သွားမည်ဟု ကသာ ပြည်သူ့ကာကွယ်ရေးတပ် PDF က စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ထုတ်ပြန်ထားသည်

ကသာတွင်ဖြစ်တဲ့ တိုက်ပွဲသတင်းများကို အလျင်စလိုမတင်ပေးကြရန် မေတ္တာရပ်ခံအပ်ပါသည်။ Operation များမပြီးပြတ်သေးသောကြောင့် အခက်အခဲများမပေါ်ပေါက်စေရန် သတိပြုကြစေခြင်ပါသည် NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းများကို ထုတ်ပြန်ပေးပါမည်

ကသာ PDF အနေဖြင့် လိုအပ်သည့် မြေပြင်သတင်းများကို MOD သို့ပေးပို့ထားပြီဖြစ်ပါသည် ဟု People Defense Force-Katha အမည်ရှိ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်

ထိုနောက် ကသာ ဗန်းမော်လမ်းပိုင်းနှင့် ကသာအထက်ဘက် လမ်းကြောင်းတွင် သွားလာသော ခရီးသွားပြည်သူများအနေဖြင့် သတိထားခြင်းဖြင့် သွားလာကြရန် ယမန်နေ့ညတွင် ထပ်မံရေးသား ထုတ်ပြန်ထားသည်

NUG ကာကွယ်ရေးဝန်ကြီးဌာန စက်တင်ဘာလ ၂၀ ရက်နေ့ည ထုတ်ပြန်ချက်အရ ကသာမြို့နယ် မိုးဒါးတိုက်နယ်အနီးတဝိုက်တွင် စစ်အင်အား တိုးချဲ့လာသည့် အာဏာသိမ်းအဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ကသာ PDF တို့ပူပေါင်းကာ ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီဘက် ၄၀ ဦးခန့်သေဆုံးပြီး အများအပြားဒဏ်ရာရရှိကြောင်း ထုတ်ပြန်ထားသည်

ကသာမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ဒေသခံတစ်ဦးက တိုက်ပွဲဖြစ်ပွားခဲ့တာမှန်ပါတယ်။ KIA နဲ့ ကသာ PDF တို့က စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့သိရတယ်

စစ်ကောင်စီတပ်ဘက်က စစ်အင်အား ၇၀ လောက်ရှိတာကို ၁၀ ယောက်လောက်ဘဲ လွတ်တယ်လို့ကြားတယ် ဟု PDF နှင့်နီးစပ်သည့် ကသာဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည် ကသာမြို့နယ်နှင့် ကချင်ပြည်နယ်နှင့် စစ်ကိုင်းအစပ်တွင်တည်ရှိပြီး ဧရာဝတီမြစ်ဘေးတွင်ရှိသော မြို့ဖြစ်သောကြောင့် စစ်ကောင်စီက ကချင်ပြည်နယ်သို့ စစ်အင်အားတိုးချဲ့ရန် ဖြတ်သန်းသွားလာနေသော ဒေသတစ်ခုလည်း ဖြစ်သည် အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈ အောက် တပ်ရင်း ၅ လှုပ်ရှားသော နယ်မြေဖြစ်သည်ဟု သိရသည် Ref: Kachin News

Leave a Reply

Your email address will not be published. Required fields are marked *