တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်တွေကို စွန့်ခွာနေကြပါတယ်

 

ပြီးခဲ့တဲ့ရက်ပိုင်းကတော့ထန်တလန်မြို့ကနေအိမ်အချို့ကိုအာဏာရှင်လူတစ်စုကလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်နေအိမ်(၂၀)လုံးမီးလောင်ပျက်စီးခဲ့ပါတယ်

နေအိမ်တွေ မီးလောင်နေတာကြောင့် မီးငြိမ်းသက်ဖို့ ကြိုးစားတဲ့ ထန်တလန်မြို့က သင်းအုပ်ဆရာတစ်ဦးကိုလည်း သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သေဆုံးသွားချိန်မှာ လက်ချောင်းကို ဖြတ်ပြီး ရွှေလက်စွပ်ကို ချွတ်ယူသွားခဲ့ပါတယ်

အဆိုပါထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ဖြစ်ပွားအပြီး ယခုမှာတော့ ထန်တလန်မြို့က မြို့နေပြည်သူတွေအားလုံးနီးပါးဟာ အိုးအိမ်တွေကို စွန့်ခွာနေကြပါတယ်။ ချင်းပြည်နယ်၊ထန်တလန်မြို့က ဒေသခံပြည်သူတွေဟာ အထုပ်လေးတွေ ကိုယ်စီဆွဲပြီး ထန်တလန်မြို့ကို စွန့်ခွာနေကြတာပဲ ဖြစ်ပါတယ်

သက်ကြီးရွယ်အိုတွေ၊ကလေးသူငယ်တွေကအစစွန့်ခွာနေကြတာဖြစ်ပြီးထန်တလန်မြို့မှာတော့လူသူမရှိတော့ဘဲတိတ်ဆိတ်ခြောက်ကပ်နေခဲ့တာ ဖြစ်ပါတယ်

အချို့ပြည်သူတွေဆိုရင်လည်း အိမ်မွေးတိရစ္ဆာန်လေးတွေကို ခေါ်ပြီး ဆိုင်ကယ်တွေ၊ ကားတွေနဲ့ ထန်တလန်မြို့ကနေ ဘေးကင်းရာနေရာသို့ ထွက်ခွာနေကြတာပဲ ဖြစ်ပါတယ်

အသက်အန္တရာယ်မထိခိုက်ဖို့အတွက် ထန်တလန်မြို့ကို စွန့်ခွာထွက်ပြေးနေကြတဲ့ ဒေသခံတွေရဲ့ ပုံရိပ်လေးတွေကို ကြည့်ပြီး ပြည်သူတွေက အလွန်စိတ်မကောင်းဖြစ်နေကြပါတယ်

အထုပ်လေးတွေကိုယ်စီဆွဲပြီးအချိန်အတော်ကြာနေထိုင်ခဲ့တဲ့ထန်တလန်မြို့ကိုစွန့်ခွာနေကြတဲ့ဒေသခံပြည်သူတွေရဲ့စိတ်မကောင်းစရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *