




စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ဖမ်းဆီးခံရ နှစ်ရက်ကြာ သည်အထိ အဆက်အသွယ် မရသေးစစ်ကိုင်း၊ စက်တင်ဘာ ၂၁ စစ်ကိုင်းပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗကသများအဖွဲ့ချုပ် ဥက္ကဌ မအေးနန္ဒာစိုး သည် စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင်

အရပ်ဝတ်ဝတ်ဆင်ထားသော လူများက အင်အားအ လုံးအရင်းဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ဗကသများ အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်ဖမ်းဆီးထိန်းသိမ်းခံရချိန်မှာ ၄၈ နာရီကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ရဲဘော်အေးနန္ဒာစိုးကို မည်သည့်နေရာတွင် ဖမ်းဆီးခေါ် ဆောင်ချု ပ်နှောင်ထိန်းသိမ်းထား သည်ကိုမူ ယခုအချိန်ထိ

အကြောင်းတစုံတရာမျှ မသိရှိရသေးချေ ထို့ကြောင့် ရဲဘော်အေးနန္ဒာစိုး၏ အသက်အန္တရာယ်နှင့် လုံခြုံရေးအတွက် များစွာစိုးရိမ်ပူပန်မိသည် ဟုလည်းဗကသ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်နိုင်ငံရေးအကျဉ်းသားများ

ကူညီစောင့်ရှောင့် ရေးအသင်း AAPP ၏ စာရင်းများအရ စစ်အာဏာသိမ်းပြိးနောက် မတရားဖမ်းဆီးခံရသူ ၈၂၈၉ ဦးရှိခဲရာ၊ယင်းတို့အနက် ၆၆၃၇ ဦးမှာ ချုပ်နှောင်ခံထားရဆဲဖြစ်ပြိး ၁၉၈၄ ဦးမှာ ဖမ်းဝရမ်းထုတ်ခံထားရသည်

Ref: BAP, ဓာတ်ပုံ- ဗကသများ အဖွဲ့ချုပ်

Leave a Reply

Your email address will not be published. Required fields are marked *