




ညအချိန်မတော်နိုက်ကလပ်မှပြန်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဒုဗိုလ်မှူးကြီးကိုကို၏သမီးဖြစ်သူလမင်းစန္ဒာအား အကြမ်းဖက်စစ်ကောင်စီတပ်မှ သေနတ်ဖြင့် မှားယွင်းပစ်ခတ်မိ၍ သေဆုံး

၂၁ ၊ ၉ ၊ ၂၀၂၁ အကြမ်းဖက်စစ်ကောင်စီတပ် ဒု-ဗိုလ်မှူးကြီး၏ သမီး ၁ ဦးအား ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၈ ရက် ညအချိန်တွင် အကြမ်းဖက်စ စ်ကောင်စီတပ်မှ သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရသည်

ဖြစ်စဉ်မှာစက်တင်ဘာလ၁၈ရက်ညအချိန်၌အကြမ်းဖက်စစ်ကောင်စီတပ်ဒုဗိုလ်မှူးကြီးကိုကို၏သမီးဖြစ်သူလမင်းစန္ဒာ နိုက်ကလပ်မှ ပြန်လာချိန်အကြမ်းဖက်စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့မှ ကားတားရာ ရပ်မပေးသဖြင့် သေနတ်နှင့် ပစ်သတ်လိုက် ခြင်းဖြစ်ကြောင်း နီးစပ်သူများမှ ၎င်းတို့လူမှုကွန်ယက်ပေါ်တွင် ရေးသားဖေါ်ပြထားသည်

ယင်းသေဆုံးသူ အကြမ်းဖက်စစ်ကောင်စီ သမီး လမင်းစန္ဒာမှာ ရန်ကုန်မြို့ရှိ ရန်ကင်းကို ဗစ်စင်တာတွင်

တာဝန်ထမ်းဆောင်နေတဲ့ စေတနာ့ ဝန်ထမ်းဖြစ်ပြီး စစ်ကောင်စီတပ်အား အမာခံ ထောက်ခံနေသူ ဖြစ်ကြောင်းလည်း သိရသည် Ref: NBungDatKasa

Leave a Reply

Your email address will not be published. Required fields are marked *