







Unicode

NUG အစိုးရ၏ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၈၀၀ မကြာခင်ရရှိမည်ဟုဆို၊ PDF များကို လက်နက်ထောက်ပံ့နေဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၂၁
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ ဘတ်ဂျက် အသုံးစရိတ် အမေရိကန်ဒေါ်လာ သန်း ၈၀၀ ရှိပြီး မကြာမီ ရရှိမည်ဖြစ်ကြောင်း NUG အစိုးရ ဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှ တစ်ဆင့် သတင်းထုတ်ပြန်သည်။


လက်ရှိတွင် NUG /CRPH သို့ လှူဒါန်းထားသည့် ဒေါ်လာ ၁၇ သန်းသည် လက်နက်ဝယ်ခြင်း၊ သင်တန်းစရိတ်သုံးခြင်း၊ CDM များကို ကူညီထောက်ပံ့ခြင်း အသုံးပြုပြီး စာရင်းစစ်ပညာရှင်များဖြင့် စာရင်းပြုစုထားကြောင်း၊ ဒေါ်လာ ၁၇ သန်းသည် NUG အတွက် ဆင်ပါးစပ် နှမ်းပက် မျှသာ ရှိသော ပမာဏဖြစ်ပြီး NUG တခုလုံး၏ ဘက်ဂျက်လိုအပ်ချက်သည် ဒေါ်လာ သန်း ၈၀၀ ကာ မကြာမီရရှိတော့မည်ဖြစ်ကြောင်း ၎င်းက ရေးသားထားသည်။


လက်ရှိတွင် PDF များ ကို လက်နက်တပ်ဆင်ပေးရန် လုပ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် လက်နက်တပ်ဆင်ရန် စောင့်ဆိုင်းရမည်ဖြစ်ကြောင်း၊ အလှူခံထားသည့် ဒေါ်လာ ၁၇ သန်း လက်နက် ဝယ်လျှင် အလက် ၅၀၀၀ လောက်ရမည်ဖြစ်ပြီး ထိုအရေအတွက်ထက် မကတော့ကြောင်း ၎င်းက ရေးသားထားသည်

Leave a Reply

Your email address will not be published. Required fields are marked *