
ယနေ့ဖမ်းဆီးသွားကြောင်းဒေသခံများထံမှသိရှိရယနေ့စက်တင်ဘာလ၂၀ရက်၊ညနေ၃နာရီခွဲခန့်အချိန်တွင်ထားဝယ်တက္ကသိုလ်မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသား ကိုစိုးပြည့်အောင်နှင့်





Unicode

ထားဝယ်တွင် အမျိုးသမီး ၂ ဦး အပါအဝင်လူငယ် ၃ ဦးကို စစ်တပ်က ဖမ်းဆီးတနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် အမျိုးသမီး ၂ ဦး အပါအဝင် လူငယ် ၃ ဦးကို စစ်ကောင်စီတပ်များကယနေ့ ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်

ယနေ့ စက်တင်ဘာလ ၂၀ရက်၊ ညနေ ၃နာရီခွဲခန့်အချိန်တွင် ထားဝယ်တက္ကသိုလ် မြန်မာစာအထူးပြု တတိယနှစ်ကျောင်းသား ကိုစိုးပြည့်အောင်နှင့်မစိုးမီမီကျော်( အင်္ဂလိပ်စာအထူးပြု ကျောင်းသူအဟောင်း)တို့သည်

ထားဝယ်မြို့နေအိမ်အတွင်းစစ်ကောင်စီတပ်သားများ၏သေနတ်ပစ်ခတ်ဝင်ရောက်ဖမ်းဆီးခြင်းခံလိုက်ရကြောင်းထားဝယ်သပိတ်ကော်မတီ တာဝန်ရှိသူတစ်ဦးက ပြောသည်ထို့ပြင် မသျှားပြည့်ခင်ကိုလည်း ယနေ့ ညနေပိုင်းတွင်ပင် အကြမ်းဖက်စစ်ကောင်စီတပ်က ဆက်လက် ဖမ်းဆီးသွားကြောင်း သိရှိရသည်

ဘာကြောင့်ဖမ်းလဲဆိုတော့ သပိတ်နဲ့ ဆက်စပ်လို့ ဖမ်းတယ်ထင်ပါတယ်” ဟု ထားဝယ် သပိတ်ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်

Leave a Reply

Your email address will not be published.