ရန်ကုန်၊ဇူလိုင်၁၂ဒီနေ့မနက်ပိုင်းမှာပြုလုပ်တဲ့(၇)ကြိမ်မြောက်စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာပြန်ကြားရေးဒုဝန်ကြီးဗိုလ်ချုပ်ဇော်မင်းထွန်းကဇွန်လ(၁)ရက်နေ့မှာအခြေခံပညာကျောင်းတွေပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် ကျောင်းသားကျောင်းသူ (၄)သန်းကျော်ကျောင်းပြန်တက်နေပြီး (၈၈) ရာခိုင်နှုန်းနီးပါး ပြန်လည်လည်ပတ်နေတယ်လို့ ပြောခဲ့ပါတယ်

“အသက် (၂၅) အထက်လူတွေမှာ အလယ်တန်းအဆင့်အောက် ပညာအရည်အချင်းရှိသူ (၁၈) သန်းလောက်ရှိတယ်။ နိုင်ငံ့လူဦးရေရဲ့ သုံးပုံတစ်ပုံလောက်ရှိတယ်။ ဒါကြောင့် ပညာရေးမြှင့်တင်ဖို့လုပ်နေတာ။ ကျောင်းတွေ လေးသောင်းကျော် ပြန်ဖွင့်နိုင်ခဲ့ပြီး ကျောင်းသားကျောင်းသူ လေးသန်းကျော် ကျောင်းပြန်တက်တယ်

အကုန်လုံးဆို(၈၈) ရာခိုင်နှုန်းနီးပါး ပြန်လည်လည်ပတ်နေတယ်။ ပညာရေးဝန်ထမ်းတွေအတွက် လာမဲ့ခြောက်လဘတ်ဂျတ်မှာ ချီးမြှင့်ငွေပေးဖို့ စီစဉ်ထားတယ်။ စုစုပေါင်း သန်း ၃၀၀၀ ကျော် ဘတ်ဂျက်မှာ လျာထားတယ်” လို့ပြောဆိုခဲ့တာပါ

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အထိ ကိုယ်ပိုင်ကျောင်းများနဲ့ ဘုန်းတောင်ကြီးသင်ပညာရေးကျောင်းမပါ အခြေခံပညာကျောင်းပေါင်း ၂၇၅၈ ကျောင်းနဲ့ ကျောင်းသား၊ ကျောင်းသူ (၁၀) သိန်းခန့်ရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးပညာရေးမှူးရုံးက ထုတ်ပြန်ထားပါတယ် Credit- Myanmar Celebrity Club

Zawgyi

ရန္ကုန္၊ဇူလိုင္ ၁၂ ဒီေန႔ မနက္ပိုင္းမွာျပဳလုပ္တဲ့ (၇)ႀကိမ္ေျမာက္ စစ္ေကာင္စီရဲ့သတင္းစာရွင္းလင္းပြဲမွာ ျပန္ၾကားေရးဒုဝန္ႀကီး ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ဇြန္လ(၁)ရက္ေန႔မွာအေျခခံပညာေက်ာင္းေတြျပန္လည္ဖြင့္လွစ္ခဲ့ၿပီးေနာက္ ေက်ာင္းသားေက်ာင္းသူ (၄)သန္းေက်ာ္ေက်ာင္းျပန္တက္ေနၿပီး (၈၈) ရာခိုင္ႏႈန္းနီးပါး ျပန္လည္လည္ပတ္ေနတယ္လို႔ ေျပာခဲ့ပါတယ္

“အသက္ (၂၅) အထက္လူေတြမွာ အလယ္တန္းအဆင့္ေအာက္ ပညာအရည္အခ်င္းရွိသူ (၁၈) သန္းေလာက္ရွိတယ္။ နိုင္ငံ့လူဦးေရရဲ့ သုံးပုံတစ္ပုံေလာက္ရွိတယ္။ ဒါေၾကာင့္ ပညာေရးျမႇင့္တင္ဖို႔လုပ္ေနတာ။ ေက်ာင္းေတြ ေလးေသာင္းေက်ာ္ ျပန္ဖြင့္နိုင္ခဲ့ၿပီး ေက်ာင္းသားေက်ာင္းသူ ေလးသန္းေက်ာ္ ေက်ာင္းျပန္တက္တယ္

အကုန္လုံးဆို(၈၈) ရာခိုင္ႏႈန္းနီးပါး ျပန္လည္လည္ပတ္ေနတယ္။ ပညာေရးဝန္ထမ္းေတြအတြက္ လာမဲ့ေျခာက္လဘတ္ဂ်တ္မွာ ခ်ီးျမႇင့္ေငြေပးဖို႔ စီစဥ္ထားတယ္။ စုစုေပါင္း သန္း ၃၀၀၀ ေက်ာ္ ဘတ္ဂ်က္မွာ လ်ာထားတယ္” လို႔ေျပာဆိုခဲ့တာပါ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္အထိ ကိုယ္ပိုင္ေက်ာင္းမ်ားနဲ႔ ဘုန္းေတာင္ႀကီးသင္ပညာေရးေက်ာင္းမပါ အေျခခံပညာေက်ာင္းေပါင္း ၂၇၅၈ ေက်ာင္းနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူ (၁၀) သိန္းခန႔္ရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးပညာေရးမႉး႐ုံးက ထုတ္ျပန္ထားပါတယ္ Credit- Myanmar Celebrity Club

Leave a Reply

Your email address will not be published.