ငဗစ်တတိယလှိုင်းက မြန်မာပြည်သူတွေရဲ့ အသက်တွေများစွာကို နှုတ်ယူနေပြီး ယခုအချိန်ထိလည်း ငဗစ်ရောဂါကူးစက်မှုကြောင့်
ပြည်သူအများအပြားဆက်လက်သေဆုံးနေကြပါတယ်။ အသက်ရှူကြပ်လူနာတွေလည်းများပြားလာနေပြီး အောက်ဆီဂျင်စက်လေးရရှိဖို့
အကူအညီတွေတောင်းခဲ့ပေမယ့် မရရှိဘဲ အသက်ဆုံးရှုံးသွားတဲ့ ပြည်သူတွေလည်းရှိကြပါတယ်။ အကူအညီမဲ့စွာနဲ့
ပြည်သူတွေအသက်သေဆုံးနေရတာကြောင့် တတ်နိုင်တဲ့လူတွေက အောက်ဆီဂျင်စက်ရုံတွေတည်ထောင်ပြီး ကူညီပေးဖို့ပြင်ဆင်နေကြပါတယ်
ယခုမှာတော့ ဆရာတော်တစ်ပါးဟာ သိန်း(၁၇၆၀)ဝန်းကျင်တန်ဖိုးရှိတဲ့ ကားသစ်ကြီးကိုရောင်းချပြီး Oxygen Plant တစ်ခုလှူဖို့အတွက်
ပြင်ဆင်နေခဲ့ပါတယ်။ အဆိုပါဘုန်းဘုန်းက မြန်မာပြည်သူလူထုကို ဘာမှမလုပ်ပေးလိုက်ရရင် အသက်ရှင်တာ
အလကားဖြစ်သွားမှာစိုးတာကြောင့်နဲ့ ဒီတိုင်းပြည်က ပြည်သူတွေကို မသေစေချင်တာကြောင့် အခုလိုကားသစ်ကြီးကို ရောင်းချပြီး
လှူဒါန်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို ပစ်မထားဘဲ လှူဒါန်းဖို့ပြင်ဆင်နေတဲ့ အဆိုပါဆရာတော်ကို
ပြည်သူတွေလေးစားကြည်ညိုနေကြပါတယ်
ဒါယကာတစ်ဦးကတော့ ” အခုပြည်တော်သာက ဖေကြီး စီးနေတဲ့ Lexus 570 (2021 Model) US 110000 ကျော်ကျထားတဲ့ သာသနာလိုင်စင်နဲ့
ကားအသစ်ကို ရောင်းပီး ရတဲ့ပိုက်ဆံနဲ့ Oxygen Plant တစ်ခုလှူဖို့ ခုပဲ ဖေကြီးကလာပြောထားပါတယ် ကိုယ်တွေလဲ
ဘယ်လိုကိုလုပ်ပေးရမှန်းမသိတော့ပါဘူး “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ယခုလို
ဘာမဆိုဖြစ်သွားနိုင်တဲ့ ခေတ်ကြီးမှာ မိသားစုဝင်တွေ၊ချစ်ခင်ရသူတွေကို တန်ဖိုးထားကြဖို့နဲ့ ဒုက္ခရောက်နေတဲ့ပတ်ဝန်းကျင်က ပြည်သူတွေကို
တတ်နိုင်သလောက်လှူဒါန်းပေးကြဖို့ တိုက်တွန်းပြောဆိုလိုက်ရပါတယ်။
Source: Original