ကျွန်တော်တို့တွေ အားပေးချစ်ခင်ရတဲ့ အဆိုတော် ရေမွန်ဟာ လူ့လောကထဲကနေ ထွက်ခွာသွားခဲ့တာဆိုရင် ယနေ့ထိ ရက်(၂၀)
ရှိလာခဲ့ပြီဖြစ်ပါတယ်။ ရေမွန် ရှိခဲ့စဉ်တုန်းက ဒီမိုကရေစီပြန်လည်ရရှိဖို့ ပြည်သူတွေနဲ့အတူ အပြည့်အဝရပ်တည်ပြီး
လူထုလှုပ်ရှားမှုတွေမှာ အားကြိုးမာန်တက် ပါဝင်ခဲ့ပါတယ်။ ယင်းနောက် တိုင်းပြည်နဲ့ ပြည်သူတွေကို ကာကွယ်ဖို့ဆိုတဲ့စိတ်နဲ့
အောင်မြင်ကျော်ကြားမှုတွေကို စွန့်လွှတ်ပြီး လွတ်မြောက်နယ်မြေထဲကို သွားရောက်ပြီး အနေအထိုင်ဆင်းရဲဒုက္ခတွေကို ရင်ဆိုင်ကာ
စစ်ပညာများသင်ကြားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်
စိတ်မကောင်းစရာကတော့ တန်းဖို့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဟာ ကံကြမ္မာကြီးက မျက်နှာသာမပေးခဲ့တာကြောင့်
လွတ်မြောက်နယ်မြေထဲမှာပဲ ခေါင်းချသွားခဲ့ရှာပါတယ်။ သူ့ကိုချစ်ကြတဲ့ ပြည်သူတွေကတော့ အမြဲသတိတရဖြစ်အောင်
အမှတ်တရလေးတွေပြုလုပ်ပေးကြတာတွေ့ရပါတယ်။ ယခုမှာလည်း ရေမွန် နောက်ဆုံးခေါင်းချခဲ့တဲ့ လွတ်မြောက်နယ်မြေမှာ
သူငယ်ချင်းဖြစ်သူ အဆိုတော် နိုဗန်ထူး က အလှူလေးတစ်ခုပြုလုပ်ပေးခဲ့ပါတယ်
ဒီအလှူလေးကတော့ ဇူလိုင်လ (၁၁) ရက်နေ့က
PDFအလံအပ်နှင်းပွဲမှာ ရေမွန်အတွက် ရည်စူးပြီး တော်လှန်ရေး ရဲဘော်တွေကို အာဟာရဒါနအနေဖြင့် ကြက်သားပလာတာ၊
ရေခဲမုန့်နဲ့အအေးတို့ကို ကျွေးမွေးလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ စခန်းမှာ နေရေးစားရေးအကျပ်အတည်းများကြားကနေ
အပင်ပန်းခံကြိုးစားနေကြတဲ့ ရဲဘော်တွေကို ရေမွန်အတွက်ရည်စူးပြီး လုပ်ပေးခဲ့တဲ့ အဆိုတော်နိုဗန်ထူးဟာ တကယ့်ကို လေးစားစရာကောင်းတဲ့
သူငယ်ချင်းကောင်းတစ်ယောက်ပဲ ဖြစ်ပါတယ်။ ရေမွန်အတွက် အလှူလေးပြုလုပ်ပေးခဲ့တဲ့ ဒီမြင်ကွင်းလေးတွေကိုတော့ ပရိသတ်တွေလည်း
ကြည်နူးစေမယ်လို့ထင်မိပါတယ်
သတင်းအရင်းမြစ်: Source – Ko Gyi fb account