ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ (၉)၊အတုအယောင် ခေါင်းဆောင်နှင့် နှစ်ပါးသွားနေရဆဲ မြန်မာ

ပြင်းထန် ခါးသီးလှသော နိုင်ငံရေး မုန်တိုင်းကြီး အရှိန်အဟုန်နှင့် တိုက်ခတ်ခံနေရသည့် အချိန်တွင် မြန်မာ ပြည်သူတို့အဖို့ မိမိတို့ မိဘ ညီအကို မောင်နှမ များ၏ အသက်ကို ကယ်တင်နိုင်ရန် အောက်စီဂျင် ဘူးများ အလုအယက် ရှာဖွေနေရပြီး ဒုက္ခပင်လယ်ဝေနေရသည်။ လက်နက်အားကိုးဖြင့် အာဏာသိမ်းယူထားသည့် စစ်တပ်သည်လည်း ဘာလုပ်၍ ဘာကိုင်ရမှန်း မသိ ဖြစ်နေပေပြီ

အသက်ကယ်နိုင်ရန် တခုတည်းသော အားကိုးရာ ဖြစ်သည့် အောက်စီဂျင်မှာ ပြတ်လတ်နေသည့်အပြင် စိတ်ချ ယုံကြည်လောက်သော ကာကွယ်ဆေးဟူ၍ မူးလို့ပင် ရှူစရာ မရှိ ဖြစ်နေသည်။ အာဏာကို ဆုပ်ကိုင်နိုင်ရေးသာ အဓိက ထားနေရ၍ ဘာကိုမျှ ဂရုမစိုက်နိုင်အောင် ဖြစ်လာနေသည်။ ၎င်းတို့ ထုတ်ပြန်သော စာရင်းဇယားအရ စနေနေ့တွင် ကူးစက်ခံရသူ ၄,၃၇၇ ဦး နှင့် သေဆုံးသူ ၇၁ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။

ယခင် နိုင်ငံတော် အတိုင်ပင်ခံ၏ ကိုဗစ် ရောဂါပိုး ထိန်းချုပ် ဟန့်တား နိုင်ရေး အတွက် အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပုံများမှာ ဆီ နှင့် ရေပမာ ကွာခြားနေသည်မှာလည်း တနေ့တခြား သိသာလာနေရသည်

မင်းအောင်လှိုင်သည် ၎င်း၏ မဆင်မခြင် အာဏာငမ်းဖမ်းမှု သက်သက်ဖြင့် စီးပွားရေး နှင့် ပိုင်ဆိုင်မှုများ ခြိမ်း ခြောက်ခံလာရသော ဗိုလ်ချုပ်ကြီးများ၊ ကိုဗစ်ကို ထိရောက်စွာ ကိုင်တွယ် ဟန့်တား နိုင်စွမ်း မရှိသဖြင့် မိမိတို့၏ မိသားစုများပါ ထိခိုက်လာနေရသည့် အောက်ခြေ အရာရှိများ၊ ၎င်းအား ထောက်ခံခဲ့သူများအကြား မကျေ နပ်မှုများ တိုးပွားလာနေပြီး ရန်သူများ ပတ်လည် ဝိုင်းခံနေရပြီ ဖြစ်သည်

မင်းအောင်လှိုင်သည် ကိုယ်ကျိုးတခုတည်းကို ကြည့်ပြီး ဗြောင်ကျကျ အာဏာသိမ်းခဲ့သည်မှာ မည်သို့မျှ ငြင်းမရ အောင် သိသာထင်ရှားလွန်းနေသည့်အပြင် ထိုလုပ်ရပ်များကြောင့် စစ်တပ်၏ ဝင်‌ငွေသည် ယခုနှစ် အတွင်းမှာ ပင် ဒေါ်လာ ဘီလီယံ နှင့် ချီပြီး ဆုံးရှုံးလာနေကာ အခန့်မသင့်လျှင် အားလုံး ပြေးပေါက်မရှိ ပိတ်မိနေပေတော့ မည်။ ထိုအခါကျမှ ၎င်းတယောက်တည်း ကိုယ်လွတ်ရုန်း ပြေးမည့် အရေးကို မည်သူမျှ လက်ပိုက်ကြည့်နေကြ တော့မည် မဟုတ်ပေ

ဗိုလ်ချုပ်ကြီးများ အဖို့ စည်းစိမ်ဥစ္စာများ ပျက်စီးခံရမည့် အရေး အပြင် ၎င်းတို့အား နိုင်ငံတကာက မျက်လုံး တောက်ထောက်ကြည့်ကာ ခုံရုံးတင်နိုင်ရေး အတွက် တဦးချင်းစီအပေါ် အချက်အလက်များ စနစ်တကျ စု ဆောင်းလာနေသောကြောင့် ဖမ်းဆီး အကျဉ်းချ ခံရမည့် အရေး အပြင် ပိုင်ဆိုင်သမျှ သိမ်းဆည်းခံရဖို့က သေချာ နေပေသည်

မင်းအောင်လှိုင်သည် သူ့ကိုယ်သူ “ဘာမဆို လုပ်ရဲသူ” အဖြစ် ကြွေးကြော်ပြီး ရဲဆေးတင်ကာ မောက်မာပြ နေခြင်းသည်ကပင် ဗိုလ်ချုပ်ကြီးများ နှင့် ၎င်းတို့ ထိန်းချုပ်ထားသော စစ်တပ် သက်ဆိုးရှည်ရေးကို ခြိမ်းခြောက် လာနေသည်။ ၎င်းတို့အားလုံးက စစ်တပ်ကို အသုံးချကာ မြေရှင် ပဒေသရာဇ်များ ပမာ မိသားစု စီးပွားရေး အင်ပိုင် ယာများကို တည်ဆောက်ပြီး ကြွယ်ဝချမ်းသာအောင် လုပ်လိုသူချည်းသာ ဖြစ်သည်

ထိုအနေအထားမျိုးမှ ဆုတ်ယုတ်မသွားအောင် ထိန်းထားနိုင်ဖို့မှာ တန်ပြန် အာဏာသိမ်းသည့် လုပ်ရပ်မျိုးသာ ကျန်နေပေတော့သည်။ ထိုအခါ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ခေါင်းဆောင်ပိုင်းကို ပြန်လွှတ်ပေးပြီး အခြေ အနေများ ပြန်လည်တည်ငြိမ်လာသည်နှင့် ရွေးကောက်ပွဲ အသစ်တဖန် ကျင်းပပေးမည်ဟူသော ကတိမျိုးဖြင့် ကာကွယ်သွားရန် အချိန်ရနေ‌ပေသေးသည်

မင်းအောင်လှိုင်ကို လက်ရှိ စည်းစိမ်များ အတိုင်း အနားပေးလိုက်ခြင်း၊ သို့မဟုတ် လူထု သဘောကျစေရန် လူမြင်ကွင်းမှ ပျောက်ကွယ်အောင် မိသားစုပိုင် ပစ္စည်းဥစ္စာများကို နိုင်ငံပိုင်အဖြစ် သိမ်းယူနိုင်သည်

အောက်ခြေ အရာရှိ အရာခံ အကြပ်တပ်သားများထဲတွင် မင်းအောင်လှိုင် အပေါ် တင်းပြည့်ကျပ်ပြည့် သစ္စာခံ နေသူ ဟူ၍ ၅၀% ခန့်သာ ရှိနေသည်ဟု သုတေသနပြုချက်များ၊ တွေ့ဆုံမေးမြန်းမှုများမှ သိရသည်။ ကျန်လူ များမှာ မိမိတို့ နှင့် မိသားစုများကို အရေးယူခံရမည့် အရေးစိုးရွံ့ပြီး မတော်လှန်ဝံ့၍သာ စစ်ဗိုလ်ချုပ်ကြီးများ အလိုကျ လုပ်ပေးနေရခြင်းမျိုးလည်း ဖြစ်သည်

စစ်ထဲသို့ ဝင်ရောက်လာသူ အများစုသည် အခြေအနေ အကြောင်းအမျိုးမျိုး ဖြင့် အတင်းအကျပ် သိမ်းသွင်း ခံခဲ့ရသူများ ဖြစ်သောကြောင့် တပ်တွင်းတွင် ချို့ချို့တဲ့တဲ့ နေထိုင်ကြရပြန်သည်။ သူတို့ အဖို့ကား စစ်တပ် အပေါ် သစ္စာခံမှု၊ ချစ်ခင် တွယ်တာမှု လုံးဝမရှိကြသည်မှာလည်း အံ့ဩစရာတော့ မဟုတ်ပေ။ အခြေအနေအရသာ စစ်တပ်အပေါ် သစ္စာ စောင့်သိပေးနေရခြင်းမျိုး ဖြစ်သည်

လက်ရှိတွင် အားလုံးသည် လူထု ၏ မုန်းတီးရွံရှာခံနေရသည့် အကြပ်အတည်းမှ ရုန်းထွက်လိုသူများသာ ဖြစ် သည်။ သို့သော် သူတို့ အဖို့က အောင်မြင်ဖို့ သေချာမည်ဟု ယုံကြည်မှသာ လုပ်လိုကြသည်။ ထို့အတွက် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် ပြည်သူတော်လှန်ရေး တပ်များက ပံ့ပိုးပေးကြရမည် ဖြစ်သည်။ စိတ်ဓါတ် စစ်ဆင်ရေး မျိုးကိုလည်း အသုံးပြုရမည် ဖြစ်သည်

၎င်းတို့ထက် လက်နက်ရော၊ စိတ်ဓါတ်ပါ သာလွန်အင်အားဖြင့် ဖြိုခွင်သွားနိုင်စွမ်း ရှိရမည်။ တိုက်ပွဲများ အဆင့် ဆင့် အောင်မြင်လာခြင်းဖြင့် တပ်တွင်း စိတ်ဓါတ်များ ပြိုကွဲ သွားတော့မည် ဖြစ်သည်။ ထိုအခါ ၎င်းတို့ အချင်း ချင်း တိုက်ပွဲများ ဖြစ်လာပြီး ပြည်သူများဖက် ကူးပြောင်းလာကြမည်လည်း ဖြစ်သည်

မိမိတို့ ပေးလိုသည့် သတင်းအချက်အလက်များနှင့် ထုတ်လွှင့်နေမှုများကို ၎င်းတို့ထံ မဖြစ်ဖြစ်သည့်နည်းဖြင့် သိအောင် လုပ်ကြရမည်။ လက်ရှိတွင် ၎င်းတို့၏ စိတ်ဓါတ်ပိုင်းဆိုင်ရာသည် မြေကြီးအောက်သို့ပင် ရောက်ရှိ နေပြီ ဖြစ်သည်။ အထက်အရာရှိကြီးများက ၎င်းတို့ကိုယ် ၎င်းတို့ နယ်စားပယ်စားကြီးများ ပမာ စည်းစိမ်ယစ် မူးနေကြသော်လည်း အောက်ခြေ စစ်သားများ အဖို့က မလောက်မငှ လစာလေးဖြင့် မဝရေစာ အသက်ဆက် နေကြရသည်။ တပ်တွင်းတွင်လည်း အချင်းချင်း အနိုင်ကျင့် နှိပ်စက်လာမှုများကို အောင့်အီး သည်းခံနေရသူများ လည်း ရှိနေသည်

ထိုသို့ အတွင်းကြိတ် မကျေနပ်မှု များ၏ ထွက်ပေါက် အဖြစ် ပြည်သူများ အ‌ပေါ် လူမဆန်စွာ ရက်စက် ကြမ်း ကြုပ်စွာ ဆက်ဆံလာကြခြင်းလည်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီးများကလည်း ၎င်းတို့ လက်နက်ဝယ်ယူရမည့် ငွေထဲမှ မထုတ်ရလျှင် ပြီးရော ဆိုကာ လူထူ ထံမှ လုယက်ယူငင် နေကြခြင်းကို သိသိကြီး နှင့် လွှတ်ပေး လာကြသည်

နိုင်ငံ နှင့် စစ်တပ်အဖို့က လက်ရှိ ဗိုလ်ချုပ်ကြီးများထံမှ အာဏာကို သိမ်းယူနိုင်ဖို့ အရေးတကြီး လိုအပ်နေပေ သည်။ လက်ရှိ ပြည်သူ့အစိုးရထံမှ တရားမဝင် အာဏာသိမ်းယူထားမှု နှင့် လူထု အပေါ် ဆက်လက် အကြမ်း ဖက်သတ်ဖြတ်နေမှုများက စစ်တပ် အတွင်း ထိုသို့ ပြုလုပ်ရန် တွန်းအားများ ဖြစ်လာစေခဲ့သည်။ ထိုသို့ လုပ်ရဲ ကိုင်ရဲ ရှိလာစေရန် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့တော်လှန်‌ရေး အင်အားစုများက ကူညီ ပံ့ပိုး ပေးကြရမည်

လွတ်လပ်ခွင့် နှင့် တရားမျှတမှု အလင်းရောင်ကြီး ယှက်သန်းလာသည်နှင့်အမျှ စစ်ဗိုလ်ချုပ်ကြီးများသည်လည်း ပိုးဟတ်များလို ဆောက်တည်ရာ မရ ပြေးလွှားပုန်းအောင်း ကုန်ကြမည် ဖြစ်သည်

ယင်းနှင့် အတူ လက်စားချေ သတ်ဖြတ်မှုများကလည်း နိုင်ငံအနှံ့ မလွှဲမသွေ ပေါ်ပေါက်လာပေတော့မည်။ အထူး သဖြင့် အလိုတော်ရိများ၊ ဒလန်များက ထိပ်ဆုံးမှ ခံကြရမည်။ ပြည်သူ့တော်လှန်ရေး တပ်ဖွဲများကလည်း အနာဂတ်တွင် တဖန်ပြန်လည် ခေါင်းထောင် မလာစေရန် ကြိုးပမ်းကြပေတော့မည်

မင်းအောင်လှိုင်သည် သူ၏ ယူနီဖောင်း တွင် အမျိုးမျိုး ချိတ်ဆွဲထားသော ဆုတံဆိပ် ရင်ထိုးများက ခေါင်း ဆောင်မှု အရည်အသွေး နှင့် ဂုဏ်သိက္ခာ မဲ့နေမှုတို့ကို ပျောက်ပျက်အောင် ဖုံးဖိထား၍ မရနိုင်‌ပေ။ ပြည်သူတို့၏ စည်းလုံးမှု၊ ထကြွ တော်လှန်နိုင်မှု အင်အားသည် တနေ့တခြား ကြီးထွားလာနေသည်နှင့် အမျှ အာဏာသိမ်း အဖွဲ့သည်လည်း သွေးရူးသွေးတမ်း ဖြစ်ကာ ရှေ့နောက်မညီသည့် ကြေညာချက် အမျိုးမျိုး ထုတ်ပြန်နေသည်

ကိုဗစ် ရောဂါပိုး ကူးစက်ခံရမည် အန္တရာယ်ကြီး ခြိမ်းခြောက်ခံနေရသည့် ကြားမှပင် ပြည်သူများသည် လမ်းမ များပေါ်တက်ကာ အာဏာသိမ်း အဖွဲ့ကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်ကပင် ၎င်းတို့အပေါ် မည်မျှ အထိ ရွံရှာ မုန်းတီးနေကြောင်း ပြဆိုနေခြင်းပင် ဖြစ်ပေတော့သည်။ (ဇူလိုင် ၁၁ ရက်နေ့ ရန်ကုန် မြင်ကွင်း

မင်းအောင်လှိုင် ဖယ်ရှားခံရဖို့ အရေးသည် “ဖြစ်ခဲ့လျှင်” ဟူ ၍ မဟုတ်တော့ဘဲ “ဘယ်အချိန်” နှင့် “ဘယ်ပုံဘယ်နည်း” ဆိုသည်ကိုသာ စောင့်ကြည့်ရတော့မည် ဖြစ်သည်ဟု အစရှိသည်ဖြင့် ဂျိမ်း အေမရီ ၏ “အတုအယောင် ခေါင်းဆောင်နှင့် နှစ်ပါးသွားနေရဆဲ မြန်မာ” ဆောင်းပါးတွင် နိဂုံးချုပ် ရေးသားထားပေသည်။

အရေးတော်ပုံ အောင်ရမည်!!!

Leave a Reply

Your email address will not be published.