ယောကျ်ားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
အဲ့ဒီ ယောကျ်ားကို ချစ်နေသေးတဲ့စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ
မိန်းကလေးတစ်ယောက် အယုံကြည်လွယ်တယ်. ခံစားရလွယ်တယ် အားနာလွယ်တယ်..အစွဲလမ်းကြီးတတ်တယ် ဆိုရင် နောင်တတွေနဲ့ အလိမ်အညာတွေပဲ ခဏခဏ ခံနေရမှာပေါ့
ဖောက်ပြန်တတ်တဲ့ ယောကျ်ားတစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက် လက်မတွဲပါနဲ့. အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန်တာဟာ အချစ်ကို ကိုးကွယ်တာ မဟုတ်ဘူး
မွေးရာပါ ဆင်ခြင်တုံတရား အားနည်းတာ. စာရိတ္တသက်လုံ မကောင်းခဲ့တာပါ
ပြောချင်တာက. ဆန္ဒနဲ့ သိက္ခာကို ရွေးချယ်ရတဲ့အခါ သိက္ခာကိုသာ ဦးစားပေးပါ
လိုချင်တာနဲ့လိုအပ်တာကို ရွေးချယ်တဲ့အခါ လိုအပ်တာကိုသာ ဦးစားပေးပါ
ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာကို ရွေးချယ်တဲ့အခါဖြစ်သင့်တာကိုသာ ဦးစားပေးပါ
လက်တလော အဆင်မပြေဘူး ထင်ရပေမယ့်..နောင်တချိန် နောင်တ ကင်းလိမ့်မယ်ဆိုတာ သိလာပါလိမ့်မယ်
ကိုယ့်ကစပြီး ခွင့်လွှတ်ပေးတတ်တဲ့သူဟာ ဘဝမှာ စိတ်ဓာတ်အခိုင်မာဆုံးသူ.
ကိုယ်ကစပြီး တောင်းပန်တတ်တဲ့သူဟာ ဘဝမှာ အရဲရင့်ဆုံးသူ.
ကိုယ်ကစပြီး မေ့နိုင်တဲ့သူကတော့ ဘဝမှာ အပျော်ရွှင်ရဆုံးသူပဲပေါ့.
နောက်ဆုံးမှာလိုက်ပါရစေ.. မိန်းကလေးဆိုတာ စကားနည်းပြီး ယဉ်ကျေးရမယ် အလှထက် ဘဝအတွက်ပဲ ဦးစားပေးတတ်ရမယ် ဂုဏ်သိက္ခာကိုတော့ အသက်ထက် တန်ဖိုးထားပါ ကိုယ်နဲ့မထိုက်တန်တဲ့ သူတွေဟာ ကိုယ့်ဘဝထဲကအလိုလို ထွက်ခွာသွားပါလိမ့်မယ်
ထိုက်တန်မှုရှိတဲ့ မိဖုရားအတွက် ပလ္လင်ဟာ ရှိပြီးသားပါ…
crd
Zawgyi
ယောက်ျားတစ်ယောက် ထားသွားခံရလို့ မိန်ကလေးတစ်ယောက် ဘဝပျက်မသွားနိုင်ပါဘူး
အဲ့ဒီ ယောက်ျားကို ချစ်နေသေးတဲ့စိတ်ကြောင့်သာ ဘဝ ပျက်စီးသွားမှာပါ
ဖောက်ပြန်တတ်တဲ့ ယောက်ျားတစ်ယောက်ကို ဘယ်တော့မှ ခွင့်လွှတ်ပြီး ရှေ့ဆက် လက်မတွဲပါနဲ့. အနေနီးမှုကို မလွန်ဆန်နိုင်ပဲ ဖောက်ပြန်တာဟာ အချစ်ကို ကိုးကွယ်တာ မဟုတ်ဘူး
crd