မြန်မာနိုင်ငံမှာ တစ်တိုင်းပြည်လုံး နိုင်ငံရေးအခြေအနေတွေပါမက ကိုဗစ်ရောဂါ ကပ်ဆိုးကြီးကိုပါ ကောင်းကောင်းရင်ဆိုင်နေရပါတယ် ။ ပြည်သူတွေမှာ ပြည်သူပဲရှိလို့ ဘယ်လို ခက်ခဲမှုတွေပဲ ရှိနေပါစေ အားလုံးကတော့ လိုအပ်တာမှန်သမျှကို စည်းလုံးညီညွတ်စွာနဲ့ ကူညီရိုင်းပင်းရင်း အားတင်းကာ ရှေ့ဆက်နေကြတာပါ ။ ဒီလို ကူညီကြရာမှာ လည်း သာတယ်နာတယ် မထည့်တွက်ဘဲ ကိုယ်ကျိုးစွန့်ကာ လုပ်ဆောင်ပေးနေကြတာလည်း လေးစားစရာပါပဲ ။

ခုဆိုရင် တောင်တန်းဒေသတွေမှာလည်း တိုက်ခိုက်မှုတွေ ရှိနေသေးတာကြောင့် စစ်ဘေးရှောင် ပြည်သူတွေခမျာ တောတောင်တွေထဲမှာပဲ ခိုလှုံနေကြရဆဲပါ ။ သူတို့တွေအတွက်လည်း ရိက္ခာများ မပြတ်လပ်ရအောင် ပြည်မက ပြည်သူတွေက စုပေါင်းလှူဒါန်းပြီး ပို့ဆောင်ပေးနေကြတာဖြစ်ပါတယ် ။ ဒီလိုပို့ဆောင်ရာမှာလည်း မိုးတွင်းကာလလည်းဖြစ်လို့ ပျက်စီးနေတဲ့ လမ်းခရီးကြမ်းတွေကို ဖြတ်ပြီး ခက်ခဲစွာ သွားရောက်ပို့ဆောင်ကြရပါတယ်။

တောင်တက်လမ်းတွေဆို မြင့်မားတာက တစ်ကြောင်း စိုစွတ်နေတဲ့ ရွံ့နွံတွေကြောင့် ကားကဆက်မမောင်းနိုင်တော့ဘဲ အကုန်ဝိုင်းဆင်းတွန်းပြီး ခရီးဆက်ကြရတာကို ဗီဒီယိုလေးထဲမှာ တွေ့မြင်ရမှာပါ ။ ဒီဗီဒီယိုလေးကြည့်ပြီး အများအတွက် အစွမ်းကုန် ပေးဆပ်ကာ ကူညီနေကြတဲ့ သူတို့လေးတွေရဲ့ စိတ်ဓာတ်ကို လေးစားမိတာ အမှန်ပါပဲ ။ ပရိသတ်ကြီးအတွက် စစ်ဘေးရှောင် စခန်းတွေဆီကို ခက်ခက်ခဲခဲ သွားရောက် ပို့ဆောင်နေကြရတဲ့ ပြည်သူတွေရဲ့ ဗီဒီယိုလေးကို ဝေမျှပေးလိုက်ပါတယ် ။

Leave a Reply

Your email address will not be published.