တောထဲမှာလေ့ကျင့်ရေးဆင်းပြီးဒုက္ခမျိုးစုံကိုခံစားနေရတဲ့ဖခင်ကိုသူကြီးလာရင်ကာကွယ်ပေးမယ်ဆိုတဲ့ ၄ နှစ်အရွယ်ကလေးငယ်လေးအာ

ဏာရှင်တစ်စုကို တော်လှန်ဖို့အတွက် တောထဲရောက်နေကြတဲ့ လူငယ်တွေထဲမှာ IT ပညာရှင်တွေ၊အင်ဂျင်နီယာတွေ အစရှိသဖြင့်

ပညာတတ်လေးတွေပါဝင်နေတာဖြစ်ပါတယ်

 

သူတို့တွေကတော့နွေဦးတော်လှန်ရေးအစကတည်းကလမ်းပေါ်ထွက်ပြီးအားကြိုးမာန်တက်ဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။အခုချိန်မှာ

တော့ ဒုက္ခဆင်းရဲမျိုးစုံကိုခံစားပြီးပြည်သူအများအပြားအေးချမ်းဖို့အတွက်ရရာလက်နက်ကိုစွဲကိုင်ကာလအနည်းငယ်သာသင်ယူထားတဲ့စစ်ပညာနဲ့

တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်

အခုဆိုရင်လည်းတောထဲရောက်ပြီးအပြင်းအထန်လေ့ကျင့်ရေးဆင်းနေတဲ့ပြည်သူတစ်ဦးကတော့အင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။သူ့

မှာ မိသားစုရှိပေမယ့်လည်း မျိုးစက်သစ်လေးတွေရဲ့ အနာဂတ်ကို ကာကွယ်ဖို့အတွက် ကိုယ်ကျိုးစွန့်အနစ်နာခံရဲတဲ့စိတ်ဓာတ် ရှိတာကြောင့်

ပြည်သူတွေကတော့ အဲ့ဒီသူရဲကောင်းကို လေးစားနေကြတာဖြစ်ပါတယ်

အခုချိန်မှာတော့သူ့ရဲ့မိသားစုကလည်းတောတောင်ထဲရောက်နေပေမယ့်တစ်နေရာစီနေထိုင်နေကြရတာဖြစ်ပါတယ်။သူ့ရဲ့သားဖြစ်သူကဖခင်ရဲ့

သွေးအပြည့်ပါတာကြောင့်ဖေဖေ့လိုအင်ဂျင်နီယာကြီးလုပ်မယ့်အပြင်သူကြီးလာရင်ဖခင်ကိုကာကွယ်ပေးဦးမှာဖြစ်ပါတယ်။(၄)နှစ်အရွယ်ပဲ

ရှိသေးတဲ့ သားလေးရဲ့ပြောစကားတွေကြောင့် ဖခင်အနေနဲ့လည်း ပီတိဖြစ်နေရတာဖြစ်ပါတယ်

ဒီလိုမျိုးအနာဂတ်တောက်ပနေတဲ့ကလေးတွေအတွက်ပြည်သူလူထုကလည်းဒီမိုကရေစီရရှိအောင်ပိုကြိုးစားနေကြတာဖြစ်ပါတယ်။ပြည်သူတွေ

အားလုံး ဘေးအန္တရာယ်ကင်းကြပြီး ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းရင်း ပြန် လည်မျှဝေပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published.