မြန်မာနိုင်ငံမှာငဗစ်ကူးစက်မှုတွေတစ်ဟုန်ထိုးများပြားလာနေပြီးငဗစ်ကြောင့်ပြည်သူအများအပြားလည်းနေ့စဉ်အသက်သေဆုံးလျက်ရှိနေပါတယ်။ ငဗစ်ကူးစက်ခံရတဲ့ လူနာတွေလည်း တစ်နေ့တစ်ခြားများပြားလာနေပြီး ပြည်သူတွေကတော့

 

မိမိဘာသာမိမိကြိုတင်ကာကွယ်မှုတွေပြုလုပ်နေရပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရလက်ထက်က ငဗစ်ရောဂါကို စနစ်တကျကိုယ်တွယ်ဖြေရှင်းခဲ့ပုံနဲ့ယခုလက်ထက်ငဗစ်ရောဂါကူးစက်မှုကိုင်တွယ်ဖြေရှင်းပုံတို့ကိုနှိုင်းယှဉ်ပြီးပြည်သူအများအ

ပြားက ဝေဖန်ပြောဆိုမှုတွေပြုလုပ်နေကြပါတယ်

လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်ခဲ့ပြီး အမှန်တရားဘက်ကနေ ပြည်သူတွေနဲ့အတူ ရဲရဲဝင့်ဝင့်ရပ်တည်ခဲ့တဲ့ အဆိုတော်ရန်ရန်းချမ်းတစ်ယောက်ဟာ ယခုဖြစ်ပွားနေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြောဆိုမှုတစ်ခုပြုလုပ်လာခဲ့ပါတယ်

ရန်ရန်ချမ်းကတော့အခုဖြစ်နေတဲ့တိုင်းပြည်အခြေအနေကိုဘယ်လိုမှမကိုင်တွယ်နိုင်တာမို့စစ်တန်းလျားဆီပြန်ကြဖို့တိုက်တွန်းပြောဆိုလိုက်

ပါတယ်။ သူရဲ့ ပြောဆိုချက်ကို ပြည်သူအများအပြားကလည်း ထောက်ခံကြောင်း လူမှုကွန်ယက်စာမျက်နှာထက်မှာပြောဆိုနေကြပါတယ်

ရန်ရန်ချမ်းကတော့”စစ်တန်းလျားပြန်ကြပါတော့ခင်ဗျားတို့ခုဖြစ်နေတဲ့တိုင်းပြည်အခြေအနေကိုဘယ်လိုမှမကိုင်တွယ်နိုင်ဘူးဆိုတာသေချာနေပြီခင်‌ဗျားတို့ကိုလည်းဘယ်သူမှမကူညီတော့ဘူး …..ခင်ဗျားတို့စကားလည်းဘယ်သူမှမလိုက်နာကြ

ခင်ဗျားတို့ကိုလည်းဘယ်သူမှမကြောက်ကြတဲ့ ပြည်သူတွေကိုခင်ဗျားတို့ဘယ်လိုဆက်အုပ်ချုပ်မလည်း ကြာလေတိုင်းပြည်နာလေ ခင်ဗျားတို့ဆွေစဉ်မျိုးဆက်အတွက် အန္တရာယ်များလေပဲ ကျွန်တော့်အကောင့်ထဲမှာရှိတဲ့နီးစပ်တဲ့သူတွေဒီစာကိုသူတို့မြင်အောင်ပြပေးပါ

“ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်

Source : Yan Yan Chan ‘ s Facebook Acc

Leave a Reply

Your email address will not be published.