ဗုဒ္ဓဿ ပူဇံ မဟာတေ ဇဝန္တော ဘုရားပူဇော် တန်ခိုးကျော် ဆိုတဲ့အတိုင်း မိုင်းဖုန်းဆရာတော် ဘုရာ းရှိခိုးတာ မနက်ရော နေ့ခင်းရော ညနေ ညပိုင်းရောဆိုရင် တစ်နေ့ကို အနည်းဆုံး ၆ နာရီရှိပါတယ်

ကားစီး ခရီးထွက်နေတာတောင်မှ ဆင်းတုတော်ကို ထုတ်ပြီး ပွေ့ထားကာ ဘု ရားဝတ်တက် မပျက်ခဲ့ပါဘူး။ ရော က်တဲ့နေရာ သွားတဲ့ခရီး လမ်တစ်လျှောက်မှာ မေတ္တာပို့တယ် အမျှဝေပါတယ်

အလှူဒါန အမြဲလုပ်ပါတယ်။ ဆွမ်းစားတာတောင်မှ နီးစပ်တဲ့ ဆရာတော် သံ ဃာတော်များကို ဆွမ်းတွေ ဆွမ်းဟင်းတွေ စေတနာပါပါနဲ့ အမြဲတမ်း ခူးထဲ့ပေးပါတယ်

ဆရာတော်ကတော့ ဧကာသနိက် တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းပေးပါတယ်။ ဇန္နဝါရီ ၅ ရက် မွေးနေ့မှာ အစာရေစာ မသုံ းဆောင်ဘဲ စကားမပြေ ာဘဲ နေသွ ားပါတယ်

ငယ်စဉ်ကတည်းက အသားငါး စားချင်စိတ်မရှိခဲ့လို့ သက်သတ်လွှတ်ပဲ ဘုဉ်းပေးပါတယ်

ဝါတွင်း ၃ လပတ်လုံး တစ်ပါတည် း ဂူထဲမှာပဲ သီတ င်းသုံးပြီး ကိုယ်ပိုင် လုပ်ငန်းအတွက် တရားကျင့်ပါတယ်။ ဝါပ ၉ လကတော့ အများအကျိုး သာသနာအကျိုးအတွက် သာသနာပြု ခရီးထွက် ပါတယ် စ ာရေးသူကို ဆရာတော်က ပြောဖူးတယ်

တချို့လူတွေက မိုင်းဖုန်းဆရာတော်ဟာ ငွေတွေ အများကြီးရှိပြီး ဘဏ်မှာ အများကြီး စုထားမယ်လို့ထင်ကြတယ်။ တပည့်တော်က ဘဏ်မှာ ငွေ မစုပါဘူးဘုရာ း ဒါပေမယ့်ဘဏ်တစ်ခုတော့ရှိထားတယ်

အမြဲလည်းစုတယ် နေရာတိုင်းလည်း အချိန်မရွေး စုပါတယ်။ အဲဒီဘဏ်က နောင်ဘဝအထိ အာမခံခက်ရှိတဲ့ကု သိုလ်ဘဏ်ပါဘုရား တဲ့ မိုင်းဖုန်းဆရာတော် သက်တော်ရာကျော်ရှည်ပါစေ သာသနာပြုလုပ်ငန်းများ အစစအရာရာ အောင်မြင်ပါစေ

Leave a Reply

Your email address will not be published. Required fields are marked *