အရမ်း Panic ဖြစ်ပီး Oxygen တွေကြိုစုတာ ဈေးတွေမှာတိုးဝှေ့ဝယ်နေတာ ရောဂါပိုပီးပြန့်ပွားစေပါတယ်
credit- 8 Days TV
Unicode
အဆိုတော်လည်းဖြစ် ဆရာဝန်လည်း ဖြစ်တဲ့ နီနီခင်ဇော်ရဲ့ ပြည်သူတွေကို တိုက်တွန်းနှိုးဆော်ချက်
လော့ဒေါင်း နှစ်ပတ်နေကြဖို့တိုက်တွန်းလိုက်တဲ့နီနီခင်ဇော်
အဆိုတော်လည်း ဆရာဝန်လည်း ဖြစ်တဲ့ နီနီခင်ဇော်ဟာ သူငယ်ချင်းတွေနဲ့ စုပေါင်းပြီး အောက်ဆီဂျင် စက်ရုံတွေမှာ ဆက်သွယ် လှူဒါန်းရန် စီစဉ်နေကြောင်းနှင့် lockdown အနေနဲ့ နှစ်ပတ် အိမ်ထဲနေကြရန် တိုက်တွန်းနှိုးဆော်ထားတဲ့ စာကို
သူမရဲ့ လှုမှု ကွန်ယက် စာမျက်နှာမှာ ယခုလို ဖော်ပြရေးသားထားပါတယ်
Stay Home, Lock Down အိမ်မှာ အားလုံး ၂ပတ်လောက်နေပေးကြပါလားရှင် 🙏
P လူနာရှင်တွေ ကျန်းမာရေးအတွက် အပြင်မှာ Oxygen ရှာနေရတဲ့သူတွေ ပရဟိတသမားတွေ ကလွှဲလို့
ကိုယ်တိုင် အသိစိတ်နဲ့ အိမ်တိုင်း Lock Down လုပ်ပေးနိုင်ရင် ပြန့်ပွားမှု အရမ်းလျော့ချပေးနိုင်မှာပါ
အရမ်း Panic ဖြစ်ပီး Oxygen တွေကြိုစုတာ စျေးတွေမှာတိုးဝှေ့ဝယ်နေတာ ရောဂါပိုပီးပြန့်ပွားစေပါတယ်
တကယ်လိုနေတဲ့သူတွေအတွက် Oxygen ပြတ်လပ်စေပါတယ်…
လုံးဝ လုံးဝ အပြင်မထွက်ကြပါနဲ့တော့ရှင်
ကျမတို့သူငယ်ချင်းတွေစုပီး Oxygen စက်ရုံတွေမှာဆက်သွယ်လှူဒါန်းဖို့ စီစဉ်နေပါတယ်….
ပြည်သူတွေကို ပြည်သူက စောင့်ရှောက်ပေးပါ ဟူ၍ ရေးသားထားကြောင်း သိရှိရပါတယ်
credit- 8 Days TV