မိခင္ျဖစ္သူ အတြက္ ေအာ က္ဆီဂ်င္ တစ္အိုး ရေအာင္လုပ္ေပးဖို႔ ေျမျပင္မွာ ဒူးေထာက္ရွိခိုးေနသူ တစ္ဦးေၾကာင့္ မ်က္ရည္ က်ခဲ့ရတဲ့ ျပည္သူမ်ားလက္ရွိမွာ ကုသေဆးမရွိေသးသသလိုကူးစက္မႈလည္းျမန္ဆန္လြန္းတဲ့ကပ္ေရာဂါဆိုးႀကီးငဗစ္ေၾကာင့္ကမၻာေပၚမွာလူေပါင္းမ်ားစြာေသဆုံးေနၾကရပါတယ္..။ဗီဇေျပာင္း ငဗစ္ တတိယလွိုင္း အျဖစ္ ျမန္မာ နိုင္ငံကို ေရာက္ရွိေနတဲ့ ေရာဂါဆိုး ႀကီးေၾကာင့္ အခုဆိုရင္ ျပည္တြင္းၿမိဳ႕နယ္ ေတာ္ေတာ္မ်ားမ်ား ေအာက္ဆီဂ်င္ ၿပ တ္လပ္မႈ ေတြနဲ႔ ရင္ဆိုင္ ၾကဳံေတြ႕ ေနရပါတယ္

။ေအာက္ဆီဂ်င္ဗူးေတြဝယ္မရျဖစ္ကာလိုအပ္သေလာက္ေအာက္ဆီဂ်င္ျပန္ျဖည့္ဖို႔အတြက္ေန႔စဥ္နဲ႔အမၽွတန္းစီေစာင့္ဆိုင္းရင္းအသက္ဆုံးရႈံးခဲ့ၾကရတဲ့လူနာေတြလည္း အမ်ားအ ျပားပါပဲ ..ႀကိတ္ႀကိတ္တိုး တန္းစီတိုးေဝွ႕ ေနၾကတဲ့ လူအုပ္ႀကီးအၾကား မိခင္ျဖစ္သူ အတြက္ ေအာက္ဆီဂ်င္တစ္အိုး ေလာက္ေတာ့ ရေအာင္ လုပ္ေပးဖို႔ ေျမျပင္မွာ ဒူးေထာက္ ရွိခိုးေနသူ တစ္ဦးေၾကာင့္ ေတြ႕ျမင္ရ သူေတြက မ်က္ရည္ က်ရတဲ့ အထိ ဝမ္းန ည္း ခဲ့ၾကရပါတယ္

အမ်ားသူငါေတြလိုေအာက္ဆီဂ်င္ျဖည့္ဖို႔တန္းစီရင္းမ်က္ရည္က်ငိုခဲ့ရတဲ့အျဖစ္အပ်က္ေတြနဲ႔ပရဟိတအဖြဲ႕မ်ား၊ေအာက္စီဂ်င္စက္႐ုံမ်ားႏွင့္ လူနာရွင္ မိသားစု ေတြရဲ့အ ျဖစ္ကို ကိုယ္ေတြ႕ ၾကဳံခဲ့ရတဲ့ ျပည္သူ တစ္ဦး က ဝမ္းနည္းစြာ ေျပာျပထားတာ ျဖစ္ပါတယ္ ကၽြ န္ေတာ္ ဒီေန႔ လူၾကားထဲ မ်က္ရည္ က်မိတယ္ကၽြ န္ေတာ္ ယေန႔ ကားေပၚမွာ ငိုမိခဲ့တယ္

အလကားရတဲ့  ေလ  လို႔ ေျပာတဲ့သူကို အခုေန ေအာက္စီဂ်င္ တအိုး သယ္ၿပီး လိုက္ရွာ ၾကည့္စမ္းပါဗ်ာလို႔သာ ေျပာခ်င္မိပါတယ္  မလြယ္ကူခဲ့ပါဖူး ၊ လုံးဝကို မလြယ္ ကူေနခဲ့ပါဖူး   အေမ့ အတြက္ တအိုးေတာ့ ရေအာင္လုပ္ေပးပါ  ဆိုကာ ကၽြန္ေတာ့ေရွ႕တင္ ေျမျပင္မွာ ဒူးေထာက္ တေသာင္းတန္ ၂ အု ပ္ ေျမမွာခ် လို႔ ရွိခိုးသူလည္း ဒီေန႔ ျမင္ခဲ့ရပါၿပီ

သို႔ေသာ္စက္ပ်က္ျခင္း၊မီးျပတ္ျခင္းႏွင့္ထုတ္နိုင္စြမ္းႏွင့္လိုအပ္ခ်က္မနိုင္နင္းေနသည္မို႔အလြန္ကိုပဲရရွိဖို႔ရာခက္ခဲေနပါတယ္ပရဟိတအဖြဲ႕အစည္းေျမာက္မ်ားစြာတို႔သည္လည္းေနပူမိုးရြာမေရွာင္အားပဲစက္႐ုံမ်ားေရွ႕တန္းစီေစာင့္အိုးသယ္ခ်/တင္ျဖင့္မနားမေနထုတ္ယူနိုင္သမၽွႀကိဳးစားရယူၿပီး မိမိတို႔ကို ေတာင္းခံ သမၽွ ကူညီနိုင္ဖို႔ အစြမ္းရွိ သမၽွ ထက္ အစြမ္းကုန္ကို ႀကိဳးပမ္းေန ၾကသည္ကို မ်က္ျမင္ ျမင္ခဲ့ရပါတယ္

Oxygen မေထာက္ပံနိုင္သျဖင့္ ဖုံးထဲကေန ေဝဒနာသည္ မိသားစုရဲ့ ဆဲဆိုျပစ္တင္ က်ိန္ဆဲျခင္းကို ႏွလုံးပိုက္ တပ္ကာ မ်က္ရည္ေတြနဲ႔ ေတြေတြႀကီး ေငးငိုင္ေန တဲ့ပရဟိတ ညီငယ္ တဦးနဲ႔လည္း ဆုံခဲ့ရပါ ေသးတယ္ ။ဒါေတြ ေရးျပေနတာ ေျခာက္လွန႔္လိုျခင္း လုံးဝ လုံးဝ မရွိပါ ခင္ဗ်ာ

လက္ရွိပရဟိတအဖြဲ႕မ်ား၊ေအာက္စီဂ်င္စက္႐ုံမ်ားႏွင့္ေဝဒနာသည္တို႔ရဲ့မိသားစုေတြၾကားအျဖစ္ကိုအတိုခ်ဳပ္ေျပာျပကာသတိထားနိုင္ဖို႔ႏွင့္ဆင္ျခင္နိုင္ေစရန္ အတြက္သာ ေရး သား အသိေပးျခင္း ျဖစ္ ပါတယ္။ ကၽြန္ေတာ္ ကို ယ္တိုင္လည္း ယေန႔မွ 40 Liters အိုးတလုံးကိုအေဝး တေနရာမွ အကိုႀကီး တဦးရဲ့လမ္းညႊန္ အ ကူအညီ ေပးမႈေၾကာင့္ ဝယ္ယူရရွိခဲ့ၿပီးOxygen Plants 4 ႐ုံပတ္ ၿပီးမွ အိုးျဖည့္ ခဲ့ရ သူပါ

မိတ္ ေဆြတို႔ ခင္ဗ်ာ။ အာေရာဂ်ံ ပရာမံလာဘံ ဆိုသ လို က်န္းမာျခင္း သည္ကအမွန္ တကယ္ကို လာဘ္ႀကီး တပါးမို႔ မိမိကိုယ္ကို မိမိ  ဂ႐ုစိုက္ ကာ ကာကြယ္ ေနထိုင္ၾကပါ ။ ျမန္မာနိုင္ငံသူ /သား အေပါင္းတို႔ ကပ္ႀကီး ၃ ပါးေက်ာ္လႊားကာ သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ ေဆးလည္းစြမ္းကာ သမားစစ္

ေတြ႕ေရာဂါကင္းပ့ စိတ္ခ်မ္းသာစြာျဖင့္မိမိအလိုရွိရာ ေကာင္းက်ိဳး မ်ားစြာေဆာင္ရြက္နိုင္ၾကပါေစ ခင္ဗ်ာ.. ဆိုၿပီး ျပည္သူ တစ္ဦးက စိတ္မ ေကာင္းစြာနဲ႔ သတိေပးေရး သားေျပာျပထားတာ ျဖစ္ပါတယ္ သတင္း အရင္းျမစ္: MoeZayYa’s Fb Ac

Unicode

မိခင်ဖြစ်သူ အတွက် အော က်ဆီဂျင် တစ်အိုး ရအောင်လုပ်ပေးဖို့ မြေပြင်မှာ ဒူးထောက်ရှိခိုးနေသူ တစ်ဦးကြောင့် မျက်ရည် ကျခဲ့ရတဲ့ ပြည်သူများ

လက်ရှိမှာ ကုသဆေး မရှိသေး သသလို ကူးစက် မှုလည်း မြန်ဆန်လွန်းတဲ့ ကပ်ရောဂါ ဆိုးကြီး ငဗစ် ကြောင့် ကမ္ဘာပေါ်မှာ လူပေါင်း များစွာ သေဆုံး နေကြရပါတယ်..။ဗီဇပြောင်း ငဗစ် တတိယလှိုင်း အဖြစ် မြန်မာ နိုင်ငံကို ရောက်ရှိနေတဲ့ ရောဂါဆိုး ကြီးကြောင့် အခုဆိုရင် ပြည်တွင်းမြို့နယ် တော်တော် များများ အောက်ဆီဂျင် ပြ တ်လပ်မှု တွေနဲ့ ရင်ဆိုင် ကြုံတွေ့ နေရပါတယ်

။အောက်ဆီဂျင် ဗူးတွေ ဝယ်မရ ဖြစ်ကာ လိုအပ်သလောက် အောက်ဆီဂျင် ပြန်ဖြည့် ဖို့အတွက်နေ့စဉ်နဲ့အမျှ တန်းစီ စောင့်ဆိုင်းရင်း အသက်ဆုံး ရှုံးခဲ့ကြရတဲ့ လူနာတွေလည်း အများအ ပြားပါပဲ ..ကြိတ်ကြိတ်တိုး တန်းစီတိုးဝှေ့ နေကြတဲ့ လူအုပ်ကြီးအကြား မိခင်ဖြစ်သူ အတွက် အောက်ဆီဂျင်တစ်အိုး လောက်တော့ ရအောင် လုပ်ပေးဖို့ မြေပြင်မှာ ဒူးထောက် ရှိခိုးနေသူ တစ်ဦးကြောင့် တွေ့မြင်ရ သူတွေက မျက်ရည် ကျရတဲ့ အထိ ဝမ်းန ည်း ခဲ့ကြရပါတယ်

အများသူ ငါတွေလိုအောက် ဆီဂျင် ဖြည့်ဖို့ တန်းစီရင်း မျက်ရည် ကျ ငိုခဲ့ရတဲ့အဖြစ် အပျက်တွေနဲ့ ပရဟိတအဖွဲ့များ ၊ အောက်စီဂျင် စက်ရုံများနှင့် လူနာရှင် မိသားစု တွေရဲ့အ ဖြစ်ကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ပြည်သူ တစ်ဦး က ဝမ်းနည်းစွာ ပြောပြထားတာ ဖြစ်ပါတယ်.. ။”ကျွ န်တော် ဒီနေ့ လူကြားထဲ မျက်ရည် ကျမိတယ်ကျွ န်တော် ယနေ့ ကားပေါ်မှာ ငိုမိခဲ့တယ်။

အလကားရတဲ့ “ လေ ” လို့ ပြောတဲ့သူကို အခုနေ အောက်စီဂျင် တအိုး သယ်ပြီး လိုက်ရှာ ကြည့်စမ်းပါဗျာလို့သာ ပြောချင်မိပါတယ် ။မလွယ်ကူခဲ့ပါဖူး ၊ လုံးဝကို မလွယ် ကူနေခဲ့ပါဖူး ။“ အမေ့ အတွက် တအိုးတော့ ရအောင်လုပ်ပေးပါ ”ဆိုကာ ကျွန်တော့ရှေ့တင် မြေပြင်မှာ ဒူးထောက် တသောင်းတန် ၂ အု ပ် မြေမှာချ လို့ ရှိခိုးသူလည်း ဒီနေ့ မြင်ခဲ့ရပါပြီ

သို့သော် စက်ပျက်ခြင်း ၊ မီးပြတ်ခြင်း နှင့် ထုတ်နိုင်စွမ်း နှင့် လိုအပ်ချက် မနို င်နင်းနေ သည်မို့ အလွန်ကိုပဲ ရရှိဖို့ရာ ခက်ခဲနေပါတယ်။ ပရဟိတ အဖွဲ့အစည်း မြောက်များ စွာတို့ သည်လည်း နေပူမိုးရွာ မရှောင်အားပဲ စက်ရုံများရှေ့ တန်းစီစောင့် အိုးသယ် ချ/တင် ဖြင့် မနားမနေ ထုတ်ယူ နိုင်သမျှ ကြိုးစားရယူပြီး မိမိတို့ကို တောင်းခံ သမျှ ကူညီနိုင်ဖို့ အစွမ်းရှိ သမျှ ထက် အစွမ်းကုန်ကို ကြိုးပမ်းနေ ကြသည်ကို မျက်မြင် မြင်ခဲ့ရပါတယ် ။

Oxygen မထောက်ပံနိုင်သဖြင့် ဖုံးထဲကနေ ဝေဒနာသည် မိသားစုရဲ့ ဆဲဆိုပြစ်တင် ကျိန်ဆဲခြင်းကို နှလုံးပိုက် တပ်ကာ မျက်ရည်တွေနဲ့ တွေတွေကြီး ငေးငိုင်နေ တဲ့ပရဟိတ ညီငယ် တဦးနဲ့လည်း ဆုံခဲ့ရပါ သေးတယ် ။ဒါတွေ ရေးပြနေတာ ခြောက်လှန့်လိုခြင်း လုံးဝ(လုံးဝ) မရှိပါ ခင်ဗျာ။

လက်ရှိ ပရဟိတအဖွဲ့များ ၊ အောက်စီဂျင် စက်ရုံများနှင့် ဝေဒနာ သည်တို့ရဲ့ မိသားစုတွေကြား အဖြစ်ကို အတိုချုပ် ပြောပြကာ သတိ ထားနိုင်ဖို့နှင့် ဆင်ခြင်နိုင်စေရန် အတွက်သာ ရေး သား အသိပေးခြင်း ဖြစ် ပါတယ်။ ကျွန်တော် ကို ယ်တိုင်လည်း ယနေ့မှ 40 Liters အိုးတလုံးကိုအဝေး တနေရာမှ အကိုကြီး တဦးရဲ့လမ်းညွှန် အ ကူအညီ ပေးမှုကြောင့် ဝယ်ယူရရှိခဲ့ပြီးOxygen Plants 4 ရုံပတ် ပြီးမှ အိုးဖြည့် ခဲ့ရ သူပါ

မိတ် ဆွေတို့ ခင်ဗျာ။ အာရောဂျံ ပရာမံလာဘံ ဆိုသ လို ကျန်းမာခြင်း သည်ကအမှန် တကယ်ကို လာဘ်ကြီး တပါးမို့ မိမိကိုယ်ကို မိမိ “ဂရုစိုက် ”ကာ ကာကွယ် နေထိုင်ကြပါ ။ မြန်မာနိုင်ငံသူ /သား အပေါင်းတို့ ကပ်ကြီး ၃ ပါးကျော်လွှားကာ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ဆေးလည်းစွမ်းကာ သမားစစ် တွေ့ရောဂါကင်းပ့ စိတ်ချမ်းသာစွာဖြင့်မိမိအလိုရှိရာ ကောင်းကျိုး များစွာဆောင်ရွက်နိုင်ကြပါစေ ခင်ဗျာ..” ဆိုပြီး ပြည်သူ တစ်ဦးက စိတ်မ ကောင်းစွာနဲ့ သတိပေးရေး သားပြောပြထားတာ ဖြစ်ပါတယ်..။ သတင်း အရင်းမြစ်: MoeZayYa’s Fb Ac

Leave a Reply

Your email address will not be published.