တတိယလှိုင်းအနေနဲ့ မြန်မာနိုင်ငံမှာ တစ်ကျော့ပြန်လည် ဖြစ်ပွားနေတဲ့ ငဗစ် – ရောဂါက အရင်ထက်ပိုမို အားပြင်းပြီး သေဆုံးမှုတွေလည်း
များစွာရှိနေပါတယ် ။ ဒီလို ပိုမိုပြင်းထန်လာတဲ့ ငဗစ်ရောဂါအခြေအနေတွေမှာ အဓိက လူနာတွေ သေဆုံးကြရတာကတော့ အောက်ဆီဂျင် မလုံလောက်မှု
ပြဿနာပဲဖြစ်ပါတယ် ကူးစက်သူတွေ များပြားလာတာကြောင့် အောက်ဆီဂျင်အိုးတွေဆို လူများစွာ လာရောက် တန်းစီ ယူကြရသည်အထိပါပဲ
လူမှုကွန်ရက် စာမျက်နှာတွေ ထက်မှာလည်း နေ့ရော ညရော အောက်ဆီဂျင်လိုအပ်လို့ အကူအညီ တောင်းခံကြသူတွေ များပြားလွန်းနေတာကို
တွေ့ရပါတယ် ။ ဒါ့ကြောင့်လည်း ဒီလို အောက်ဆီဂျင် မလုံမလောက် ဖြစ်နေရတဲ့ အခက်အခဲတွေကို ပြည်သူတွေ ပူးပေါင်းပြီး လှူဒါန်းမှုတွေ
မျိုးစုံ ပြုလုပ်လျက်ရှိပါတယ် ။ အနုပညာရှင်တွေဆိုရင်လည်း အောက်ဆီဂျင်အိုးတွေ ဝယ်လှူဒါန်းကြသလို တစ်ချို့ကလည်း စက်ရုံဆောက်ပေးဖို့ အထိ
စီစဉ်နေကြတာ တကယ်ကို ဝမ်းသာပီတိဖြစ်စရာပါ
အခုလည်း မေလသံစဉ်တစ်ယောက် ပြင်ဦးလွင်က ပြည်သူတွေအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် တစ်လုံး ဝယ်ယူဖို့ အလှူလေးတစ်ခုမှာ သိန်း ၂၀ ထည့်လှူကာ
ပါဝင်ခဲ့ကြောင်း ဖော်ပြလာပါတယ် ဒါ့အပြင် အခြား ပါဝင်လှူဒါန်းချင်တဲ့ အလှူရှင်များရှိပါကလည်း မေလ ချစ်ရတဲ့
ပြင်ဦးလွင်မြို့လေးမှာ လူတန်းစားမရွေး သက်တမ်းစေ့နေနိုင်ဖို့ရေးအတွက် သိန်းတစ်ထောင်တန် အောက်ဆီဂျင်စက် ဝယ်ယူဖို့ မေလတတ်နိုင်သလောက် သိန်း ၂၀ တိတိ
ပါဝင်လှူဒါန်းခဲ့ပါတယ် ခုလိုချိန်မှာ ငွေကြေးတတ်နိုင်သော လုပ်ငန်းရှင်များမေတ္တာဂရုဏာထား၍ ပါဝင်လှူဒါန်းလိုပါက မတည်အလှူရှင်
သီဟဗလHotel နှင့် ဒေါကြင်မေ(ပွဲရုံ)လုပ်ငန်းရှင် အန်တီ ဒေါ်ခင်ထွေး 09 763288484 သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ရှင် ဆိုတဲ့ စာလေးနဲ့ အတူ
ရေးသားဖော်ပြထားရာ ပရိသတ်ကြီး အတွက် မေလရဲ့ အလှူလေးကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်