အဆိုတော် ရေမွန်ဟာ ဇွန်လ  ၂၃  ရက်နေ့တွင် အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါဖြင့်ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်

မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရတဲ့အတွက် ရေမွန့်ကို ချစ်ခင်ကြသူများအားလုံးကဝမ်းနည်းပူဆွေးခဲ့ကြရတာဖြစ်ပါတယ်။ သူ့ရဲ့မိခင်ကလည်း အားကိုးရလွန်းပြီး မိဘအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး ဆုံးရှုံးလိုက်ရတဲ့အတွက်ပြောမပြတတ်အောင်ကိုဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်

ဒီနေ့ဆိုရင်ရေမွန်ကွယ်လွန်သွားတာ၂ပတ်ကျော်သွားခဲ့ပြီပဲဖြစ်ပါတယ်။ခွဲခွာသွားတာမကြာသေးပေမယ့်အားလုံးကအခုချိန်ထိသူ့ကိုလွမ်းဆွတ်သတိရနေကြဆဲဖြစ်ပါတယ်။ရေမွန်ရဲ့ညီမလေးကလည်းသူမရဲ့လူမှုကွန်ယက်မှတစ်ဆင့်အစ်ကိုဖြစ်သူနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကို အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်  မကြာသေးခင် နာရီပိုင်းလောက်ကလည်း လပြည့်ကဗျာရဲ့FacebookStoryတွင်သားဖြစ်သူကိုတစ်နေ့မှမေ့မရနိုင်ဘဲသတိရတိုင်းဝမ်းနည်းစွာ ငိုကြွေးနေတဲ့ မိခင်ရဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်

လွန်ခဲ့တဲ့တစ်လလောက်ကသားဖြစ်သူနဲ့အတူရှိနေခဲ့တာကိုတတွတ်တွတ်ပြောရင်းငိုနေတာကိုမြင်တွေ့ရတာတကယ်ကိုဝမ်းနည်းစရာကောင်း

လှပါတယ်။ ရေမွန်ရဲ့တူလေးကလည်း သူ့အဘွားငိုတာကို မြင်ပြီးဝမ်းနည်းစွာငိုနေတာကြောင့်လပြည့်ကဗျာမှ”ရင်တွေလည်းကွဲရပါတယ်” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်  ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သူတို့ရဲ့ သားသမီးများအား

အရိပ်တကြည့်ကြည့် အမြဲနေတတ်ကြသူတွေပါ။ သားဖြစ်သူနဲ့စောစီးစွာ ခွဲခွာလိုက်ရတဲ့ အန်တီခင်မြတ်မွန်ကိုကြည့်ပြီး ထပ်တူစိတ်မကောင်း

ဖြစ်ရပါတယ်။ ရေမွန်တစ်ယောက်လည်း ကောင်းကင်ဘုံမှာ သူချစ်တဲ့ သီချင်းတွေနဲ့ အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း

ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်

CRD – Myanmarload

Leave a Reply

Your email address will not be published. Required fields are marked *