နှိုင်းယှဉ်မြင့်မိုရ်ကတော့ပြည်သူတွေနဲ့အတူဖေဖော်ဝါရီလအစပိုင်းကတည်းကလှုပ်ရှားမှုတွေမှာပါဝင်ခဲ့သလိုလှူဒါန်းမှ
တွေကိုလည်း တတ်နိုင်သလောက်ပြုလုပ်ပြီး ဖေးမကူညီကာ အားလုံးနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်
နှိုင်းယှဉ်မြင့်မိုရ်ဟာ ယခုလက်ရှိအချိန်မှာဒုတိယမြောက်ကိုယ်ဝန်ဆောင်ထားရတာလည်းဖြစ်ပြီး လွန်ခဲ့တဲ့ရက်ပိုင်းလောက်က
ကိုဗစ်ကူးစက်ခံခဲ့ရတယ်လို့သိရပါတယ်ကိုယ်ဝန်ဆောင်ထားရချိန်မှာကိုဗစ်ကူးစက်ခံခဲ့ရတဲ့အတွက်ပရိသတ်တွေကလည်းသူမအတွက်စိ
တ်ပူနေကြသလို မိသားစုမိတ်ဆွေတွေကလည်း စိုးရိမ်ပူပန်နေကြတာပါ
အခုလို ကိုယ်ဝန်ကြီးနဲ့ကိုဗစ်ကူးစက်ခံထားရပေမယ့်လည်း နှိုင်းယှဉ်မြင့်မိုရ်ဟာ ရောဂါကိုအံတုရင်ဆိုင်ရင်း သူမကျော်ဖြတ်ခဲ့ပုံလေးကို
ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။ “ဒီရောဂါ အကြောင်း ကိုယ်တစ်ကိုယ်စာ ခံစားလို့ရသလောက် ပြောပြပေးမယ်ရှင့်ကိုယ်ဝန်ကြီးနဲ့မို့
ဖစ်တာသိချင်နေလို့တဲ့ ကျွန်မ ရောဂါပျောက်ခါနီးမှ ကိုဗစ်ဖစ်နေတာသိတာ 😁
ကျွန်မလွန်ခဲ့တဲ့ 10ရက်လောက်ထဲက ခါးတွေ လက်တွေ ပေါင်တွေ ခြေသလုံးတွေ နာတာနာတာဆိုတာအားလုံးက ကိုယ်ဝန်ဆိပ်တက်နေတာလို့ပဲ
ပြောကြတယ်ကျွန်မလည်းအဲ့လိုပဲထင်ခဲ့တာ ကိုဗစ် ကိုယ်ထဲ ဝင်နေတာသိတောင်မသိခဲ့ဘူး အစားအသောက်မပျက်ဘူး
လူမမာကြီးလိုမနေခဲ့ဘူးဖြစ်နေမှန်းတောင်မသိခဲ့ဘူးးညညကျရင်တုန်ပီးချမ်းတက်လာတာကိုလည်းဗိုက်ကြီးသည်မို့မီးယပ်ချမ်းထတယ်ပဲထ
င်နေခဲ့တာဘာဆေးမှလည်းမသောက်ခဲ့ဘူးညညကျရင်ခြေတွေလက်တွေကိုက်တော့ယောက်က်ျားကိုဆေးလိမ်းခိုင်းတယ်နင်းခိုင်းနှိပ်ခို
င်းတယ်
လွန်ခဲ့တဲ့ 4ရက်လောက်က အာခေါင်တွေစနာတယ .နှာခေါင်းပိတ်တယ် ကိုယ်နည်းနည်းပူတယ် အဲ့ဒါလည်း ငါမိုးမိလို့ တုတ်ကွေး
ဖစ်တယ်လောက်ပဲသဘောထားတယ်….စားစရာရှိတာကတော့အရင်ကထက်ပိုစားတယ်ပိုအိပ်တယ်အင်တာနက်မှာဟာသတွေရှာကြည့်တ
ယ် သရဏဂုံ ရွတ်နေတယ်
ဆရာသမားတွေ ကလည်း မေတ္တာပို့ပေးနေတယ်တဲ့ ပီးတော့ လွန်ခဲ့တဲ့ က်ကအနံ့စပျောက်တယ်ဘာရေမွှေးနံ့ဘာဟင်းနံ့မှမရတော့ဘူးမကြောက်ပါဘူး
နှာခေါင်းပိတ်နေတယ်ပဲ သဘောထားလိုက်တယ် အိမ်ကလူတွေနဲ့ သူငယ်ချင်းတွေကတော့ စိုးရိမ်ကြတာပေါ့
ကိုယ်ဝန်ကြီးနဲ့ဆိုတော့ တနေ့ ပါရာဒက် 500 အားနဲ့ စီဗစ် မနက်နဲ့ည သောက်တယ် အားရှိတာတွေစားတယ်…အိပ်တယ် .ရေပုံမှန်ချိုးတယ်
ဒီနေ့မနက် အနံ့ပြန်ရပီ .နေလည်းကောင်းတယ် ခု ယောက်ခမက ကြာဇံဟင်းခါးနဲ့ ရှောက်သီးသုပ် ကျွေးတယ် ညနေ အိတုံမရဲ့ ဟော့ပေါ့
အကောင်းစားလာပို့လိမ့်မယ် စားမယ်အိပ်မယ်နားမယ်အားလုံးစိတ်ချရမှအလုပ်တွေပြန်လုပ်မယ်ငါ့ဆီဒီရောဂါရောက်ကိုရောက်လာနိုင်တယ်
ဘာဆေးနဲ့မှမပျောက်ဘူးသာမာန်ပါရာစီတမော့နဲ့ပဲအဓိကအစာအဟာရမပြတ်ဖို့နဲ့စိတ်ဓာတ်မကျဖို့ကပျောက်မယ့်တစ်ခုတည်းသောနည်းလမ်း
ပါပဲ အမျိုးတို့🙏 တို့ဆိုပြီးရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ် ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်