တစ်ကျော့ပြန်လည်ရောက်ရှိလာတဲ့ငဗစ်Thirdwaveရဲ့ဒဏ်ကိုမြန်မာပြည်သူအတော်များများအလူးအလဲခံစားနေကြရပါတယ်နိုင်ငံရေးအခြေ
အနေတွေကြောင့် ငဗစ်ကုသရေးစင်တာတွေ မရှိတော့တဲ့အပြင် ရောဂါကူးစက်မှုနှုန်းမြန်ဆန်လွန်းတာကြောင့်
အသက်ဆုံးရှုံးနေရတဲ့လူနာတွေလည်းအမြောက်အများပါပဲပြင်းထန်တဲ့ငဗစ်ရောဂါကြောင့်ကူးစက်ခံရသူတွေကအောက်ဆီဂျင်ပြတ်လပ်မှု
တွေနဲ့ တွေ့ကြုံရပြီး အောက်ဆီဂျင်အိုးအလုံအလောက်မရှိတာကြောင့် သေဆုံးရတဲ့လူနာအရေအတွက် များလာနေတာတွေ့ရပါတယ်
အောက်ဆီဂျင်အိုးအခက်အခဲတွေကြောင့်လူမှုကွန်ယက်စာမျက်နှာထက်တွေမှာလည်းအောက်ဆီဂျင်ရှာနေကြတဲ့ပို့စ်တွေအများအပြား
ရှိနေပြီး ဆေးရုံတွေနဲ့ ICUခန်းတွေထဲမှာလည်း ငဗစ်လူနာတွေ အပြည့်ဖြစ်နေတာတွေ့ရပါတယ်အောက်ဆီဂျင်ရရှိဖို့အတွက်
ဆိုင်တွေရှေ့မှာတန်းစီစောင့်နေကြရတဲ့လူအုပ်ကြီးလည်းရှိသလို အောက်ဆီဂျင်ရရှိဖို့အတွက် တတ်နိုင်သရွေ့အကူအညီပေးနေတဲ့
ပရဟိတအဖွဲ့အစည်းတွေလည်း ရှိပါတယ်
အခုလိုအောက်ဆီဂျင်အခက်အခဲဖြစ်နေတဲ့လူနာတွေအတွက်အောက်ဆီဂျင်အိုးဝယ်ယူရန်လက်ရွေးစင်ဘောလုံးသမားအောင်သူနဲ့ပိုးအိအိခန့်
တို့ဇနီးမောင်နှံဟာ သားငယ်လေးရဲ့မွေးနေ့အကြိုအလှူအဖြစ် အလှူငွေ ၁၅သိန်းကို ခိုင်နှင်းဝေ
ပရဟိတအသင်းကိုလှူဒါန်းခဲ့တာဖြစ်ပါတယ်။ ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေကို တတ်နိုင်သမျှလုပ်နေတဲ့မင်းသမီးတစ်ဦးဖြစ်ပြီး
အခုအခါမှာလည်း ငဗစ်လူနာတွေအတွက် အောက်ဆီဂျင်အိုးတွေရရှိအောင် ကူညီဆောင်ရွက်နေတာဖြစ်ပါတယ် ပရိသတ်တွေအတွက်
ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်
သတင်းအရင်းမြစ်: Khine Hnin Wai’s Facebook acc