ဖေဖေ့ကိုမခေါ်သွားကြပါနဲ့ ဖေဖေ သမီးကိုကြည့်ပါဦး ရုပ်သံ ပါဝင်သည်အောက်ဆုံးတွင် video ပါသညယခုလက်ရှိမှာဆိုရင်မြန်မာနိုင်ငံမှာ

ကိုဗစ်တတိယလှိုင်းကပြန်လည်စတင်နေပြီဖြစ်လို့ပြည်သူလူထုအနေနဲ့ရောဂါကူးစက်မခံရအောင်အထူးသတိထားဖို့လိုအပ်နေတာပဲဖြစ်ပါ

တယ်

ငဗစ် P ဖြစ်ပြီး သေဆုံးသွားတဲ့ ပြည်သူဦးရေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုတိုးလာတာကို တွေ့နေရတာလည်း ဖြစ်ပါတယ်အထူးသဖြင့်

အောက်ဆီဂျင်လုံလုံလောက်လောက်မရရှိတာမျိုးနဲ့အချိန်မီဆေးမကုသလိုက်နိုင်တာတွေကြောင့်ငဗစ်ကူးစက်ခံရသူတွေအများဆုံးသေဆုံး

နေရတာပဲ ဖြစ်ပါတယ်

တောင်သာမြို့မှာပရဟိတလုပ်ကိုင်နေတဲ့ပြည်သူတစ်ဦးကလည်းငဗစ်နဲ့သေဆုံးသွားတဲ့သူရဲ့ရုပ်အလောင်းကိုဘယ်လိုသြင်္ဂိုဟ်ခဲ့ရသလဲဆိုတာ

ကို ဗီဒီယိုရိုက်ပြီး မျှဝေခဲ့တာ ဖြစ်ပါတယ်

သတိပြုဆင်ခြင်နိုင်ဖို့ပါအခြေနေအရဒီလိုသြင်္ဂိုဟ်လိုက်ရတယ်ဆိုပြီးလူမှုကွန်ယက်စာမျက်နှာကတစ်ဆင့်သတိပေးထားတာဖြစ်ပါတယ်ဗီဒီ

ယိုထဲမှာတော့Volunteersတွေကသေဆုံးသူအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုတာလပတ်နဲ့အထပ်ထပ်ထုပ်ပိုးပြီးကားပေါ်တင်ပေးခဲ့တာဖြစ်ပါ

တယ်

မိသားစုဝင်တွေကတော့ရုပ်အလောင်းနားကိုတောင်ကပ်ခွင့်မရတာကြောင့်အဝေးကနေသာကြည့်နေရတာပဲဖြစ်ပါတယ်သေဆုံးသူရဲ့သမီးဖြစ်သူ

ကလည်း ဖခင်ရဲ့ရုပ်အလောင်းကို သယ်‌သွားတာကြည့်ပြီး ဘေးကနေ ဝမ်းနည်းပက်လက် ငိုကြွေးနေရှာတာ ဖြစ်ပါတယ်

ဒီလိုဝမ်းနည်းကြေကွဲစရာကောင်းတဲ့ မြင်ကွင်းကိုကြည့်ရှုလိုက်ရတဲ့ ပြည်သူတွေအနေနဲ့လည်း ထပ်တူထပ်မျှ စိတ်မကောင်းဖြစ်ခဲ့ရတာ

ဖြစ်ပါတယ်ဒါကြောင့် အခုချိန်မှာ အားလုံးအပြင်ထွက်ရင် Mask နှစ်ထပ်တပ်ဖို့ မမေ့ကြပါနဲ့လို့ သတိပေးလိုက်ရပါတယ်

Videoကြည့်ရန်

;

Leave a Reply

Your email address will not be published. Required fields are marked *