ပြည်သူချစ်ဟာသလူရွှင်တော်တစ်ယောက်ဖြစ်တဲ့ တိုင်းကျော်လို့ဆိုလိုက်တာနဲ့ ဟား(၅)ကောင် ညီအကိုတွေခေါ်ကြတဲ့ စောက်မှေး ဆိုတဲ့ စပ်ဖြဲဖြဲမျက်နှာလေး ပြေးမြင်မိမှာ အမှန်ပါပဲ။

ဟား(၅)အဖွဲ့ရဲ့ ခေါင်းဆောင်းတစ်ဦးဖြစ်ပြီး မိမိတို့လူရွှင်တော်အဖွဲ့ကို တစ်ညီတစ်ညွတ်ထဲရှိနေစေဖို့ ကိုယ်တိုင်ရှေ့ဆောင်လမ်းပြကောင်းသူတစ်ဦးလည်းဖြစ်ပါတယ်။

ဟား(၅)အဖွဲ့ကတော့ လက်ရှိပရိတ်သတ်တွေကြားမှာ ပြောစမှတ်ပြုနေရတဲ့ ဟာသလူရွှင်တော်အဖွဲ့ပဲဖြစ်ပါတယ်။​တောထဲမှာ မိမိတို့နေထိုင်ရပုံတွေကို ပရိတ်သတ်တွေကို ချပြလေ့ရှိပြီး ဇွဲမလျော့ပဲ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြဖို့ မကြာခဏ တိုက်တွန်းလေ့ရှိပါတယ်။

ညီအကိုရင်းကဲ့သို့ ချစ်ခင်ကြတဲ့ ဟား ၅ကောင်ညီအကိုတွေကတော့ အာဏာရှင်ကို ငြိမ်းချမ်းစွာဆန္ဒပြခဲ့တုန်းကလည်း အတူတူဖြစ်ပြီး လွတ်မြောက်နယ်မြေမှာလည်း ညီအကိုတွေ အတူတူပဲ သင်တန်းတက်ရောက်လျက်ရှိကြပါတယ်။


videoလေး မျှဝေပြီး နာရီအချိန်ပိုင်းအတွင်းမှာ ကြည့်ရှု့သူ ၈ထောင်ကျော်ရှိသွပြီဖြစ်တဲ့ တိုင်းကျော်ရဲ့ သီချင်းvideoလေးကိူ မကြည့်ရှူရသေးတဲ့ ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ရတယ်နော်။

Leave a Reply

Your email address will not be published.