စစ်ဘေးရှောင်လာပေမယ့်ဘယ်ရွာမှလက်မခံလို့တောထဲမှာအဆင်ပြေသလိုနေထိုင်စားသောက်နေကြရတဲ့ဒုက္ခသည်ပြည်သူများလတ်တလောဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးအခြေအနေတွေဟာတစ်စထက်တစ်စပိုမိုဆိုးရွားလာပြီးစစ်ဘေးရှောင်ပြည်သူတွေလည်း များပြားလာခဲ့ပါတယ်




သက်ကြီးရွယ်အိုအဖိုးအဖွားတွေနဲ့ ကလေးငယ်လေးတွေဟာ အမိုးအကာ မလုံခြုံမှုတွေအပြင် စားဝတ်နေရေးတွေလည်း ခက်ခဲနေကြတာ အမှန်ပါပဲ စ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အခုလိုမိုးတွင်းကာလကြီးမှာ တောထဲနေထိုင်ရင်း စားဝတ်နေရေး၊ ကျန်းမာရေးအတွက်လည်း ဆေးဝါးတွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေတာပါ


Unicode

စစ်ဘေးရှောင်လာပေမယ့် ဘယ်ရွာမှ လက်မခံလို့ တောထဲမှာအဆင်ပြေသလို နေထိုင်စားသောက်နေကြရတဲ့ ဒုက္ခသည်ပြည်သူများ

လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးအခြေအနေတွေဟာ တစ်စထက်တစ်စ ပိုမိုဆိုးရွားလာပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း များပြားလာခဲ့ပါတယ

တိုက်ပွဲတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်အိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ကာ တောထဲတောင်ထဲမှာ ပြေးလွှားရှောင်ပုန်းနေကြရတဲ့ ပြည်သူတွေဟာ ဆင်းရဲဒုက္ခတွေ အမျိုးမျိုးရင်ဆိုင်ခံစားနေကြရတာ ဖြစ်ပါတယ်

ပိုင်ဆိုင်သမျှအကုန်ထားခဲ့ရပြီး အသက်ဘေးအတွက် ရှောင်တိမ်းနေကြရတဲ့ ကယားပြည်နယ်ကတစ်ချို့ကတော့ စစ်ဘေးရှောင်လာပေမယ့် ဘယ်ရွာမှ လက်မခံလို တောထဲမှာအဆင်ပြေသလို နေထိုင်စားသောက်နေကြရတယ်လို့ သိရပါတယ်

တိုက်ပွဲတွေကြောင့် သောကတွေအပြည့်နဲ့ ဘေးလွှတ်ရာကို ထွက်ပြေးကြရပေမယ့် ကူညီမယ့်သူမရှိတဲ့အတွက် တောထဲမှာပဲ ကိုယ့်အားကိုယ်ကိုးနေထိုင်နေကြရပြီး

သက်ကြီးရွယ်အိုအဖိုးအဖွားတွေနဲ့ ကလေးငယ်လေးတွေဟာ အမိုးအကာ မလုံခြုံမှုတွေအပြင် စားဝတ်နေရေးတွေလည်း ခက်ခဲနေကြတာ အမှန်ပါပဲ

စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ အခုလိုမိုးတွင်းကာလကြီးမှာ တောထဲနေထိုင်ရင်း စားဝတ်နေရေး၊ ကျန်းမာရေးအတွက်လည်း ဆေးဝါးတွေနဲ့ အခြားအသုံးအဆောင်ပစ္စည်းတွေလည်း လိုအပ်နေတာပါ

လိုအပ်နေကြတဲ့ ပြည်သူတွေအတွက် တက်နိုင်သလောက် ဖေးမကူညီလှူဒါန်းပြီး အခုလို ကပ်ဆိုးကြီးမှာ ကုသိုလ်ယူနိုင်ကြဖို့ တိုက်တွန်းနှိုးဆော်ရင်း သတင်းလေးတွေ ဝေမျှတင်ဆက်ပေးလိုက်ပါတယ်နော်

Leave a Reply

Your email address will not be published. Required fields are marked *