သွေးပင်ထွက်စေသော လိပ်ခေါင်းအား မီးကွင်းဂမုန်းနှင့်အမြစ်ပြတ် ကုသနည်းလိပ်ခေါင်းသွေးပါ မီးကွင်းရှာအလုပ်ကများရသည်ကြား လိပ်ခေါင်းကြောင့် ဦးမိုး အတော်

စိတ်ညစ်နေပုံရ၏။မကြည်မလင်နှင့် လိပ်ခေါင်းသွေးပါသည်မို့ ပုဆိုးပင် သွေးကွက် ထင်နေလေသည်။အမှတ်မထင် ကျေးဇူးရှင် တိုင်းရင်းသမားတော်ကြီးဦးကြွယ် ပေးသောဆေးနည်းကြောင့်သွေးကျလိပ်ခေါင်း(၇)ရက်ဖြင့်လိပ်ခေါင်းပြန်ဝင်အပြီးပြတ်၍ယနေ့တိုင်သွေးကျခြင်း၊

လိပ်ခေါင်းထွက်ခြင်းမရှိတော့ပါ။ကျွန်တော်တို့တိတိကျကျမသိကြပါသော်လည်းအချို့သောအပင်တို့၏ဆေးစွမ်းထက်မှုမှာအံ့ဖွယ်အတိဖြစ်ရပါ၏။လိပ်ခေါင်း အတွက် သောက်ဆေး

(၁) မီးကွင်းဂမုန်း လက်တစ်ဆုပ်စာကို ရေစင်အောင်ဆေးပြီးထမင်းစားဇွန်း(၁)ဇွန်းစာ သတ္တုရည်ညှစ်ယူပါ။

(၂) ကြက်သွန်နီဥ (၁)ဥကို လေးစိပ်ထိုးပြီးထမင်းစား (၁)ဇွန်းစာ သတ္တုရည်ညှစ်ပါ။

(၃) ထိုမီးကွင်းဂမုန်းနှင့် ကြက်သွန်နီတို့မှ ညှစ်ယူ

ထားသော သတ္တုရည်(၂)ဇွန်းထဲသို့ သကြားလက်ဖက်စားဇွန်း(၁)ဇွန်းစာ ထည့်ပြီး နေ့စဉ်တစ်ကြိမ်သောက်ပေးလိုက်ပါ။

လွယ်လွယ်နှင့် မပျောက်ကင်းနိုင်ပါဟု ထင်နေသော သွေးပါလိပ်ခေါင်း (၇)ရက် မျှဖြင့်လိပ်ခေါင်းပြန်ဝင် သွေးလည်းမကျတော့ပါ။

လွယ်ကူသော ဆေးနည်းလေးအား လိပ်ခေါင်းကြောင့် အခက်အခဲတွေ့သူများ လိုကသုံးနိုင်ပါရန် တင်ပြလိုက်ပါသည်။လိပ်ခေါင်းဝေဒနာရှင်များ လွယ်ကူသော ဤဆေးနည်းလေးဖြင့် ကံစပ်၍ပျောက်ကင်းကြပါစေ။လိုသူယူသုံး စေတနာအပြုံးဖြင့်စိတ်ရွှင်လန်းကြပါစေ။

Credit ရဲမျိုးသူ(ဗောဓိမြိုင်)

Leave a Reply

Your email address will not be published.