အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားတဲ့ သရုပ်ဆောင်မင်းသမီးချောလေး ခင်ရူပကတော့ Missပြိင်ပွဲတွေကနေတစ်ဆင့် ပရိသတ်တွေရဲ့သတိထားမှုကို ရရှိလာသူ တစ်ယောက်ပါ ။ ခင်ရူပကတော့ လက်ရှိအချိန်မှာဆိုရင် အနုပညာအလုပ်တွေနဲ့ဝေးကွာနေတာလည်းဖြစ်ပါတယ်။

အိမ်ထောင်ကျသွားပြီးနောက်ပိုင်းမှာတော့ သာယာအေးချမ်းစွာနေထိုင်နေပြီး ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းနေတာပါ ။ ခုဆိုရင် ကိုယ်ပိုင် အင်္ကျီဆိုင်လေးကို ဖွင့်ထားပြီး အောင်မြင်မှုတွေ ရရှိနေတာလည်းဖြစ်ပါတယ် ။ သူတို့ ဇနီးမောင်နှံကတော့ အလှူအတန်းတွေ ဆိုရင်လည်း စိတ်တူ ကိုယ်တူ ပြုလုပ်လျက်ရှိပါတယ် ။

အခုလည်း သစ်တံခါးဆရာတော်ဘုရားအား ကျောင်းဆောက်ရန်အတွက် နဝကမ္မအလှူငွေများ ကိုယ်တိုင် ကပ်လှူခဲ့တာကို တွေ့ရပါတယ် ။ အလှူ ပုံရိပ်လေးတွေနဲ့ အတူ ” ကျေးဇူးရှင်သစ်တံခါးဆရာတော်ဘုရားအား ကျောင်းဆောက်ရာတွင် အတွက် နဝကမ္မအလှူငွေ ကပ်လှူပါတယ်ဘုရား ပြုပြုသမျှ ကုသိုလ်အစုစုတို့အား ထပ်တူထပ်မျှအပြည့်အဝရရှိကြပါစေ ၃၁ဘုံကျင်လည်ကြကုန် ဝေနေယျသတ္တဝါအပေါင်းနှင့် (၈)ရက် သားသမီးများအားလုံး အထူးအေးချမ်းကြပါစေ အထူးငြိမ်းချမ်းကြပါစေသား ” ရေးသာစဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Yuan – Cele Zone

Leave a Reply

Your email address will not be published.