မြန်မာနိုင်ငံရဲ့နေရာအနှံ့အပြားမှာငဗစ်ရောဂါတွေအလျင်အမြန်နဲ့ကူးစက်နေပြီးငဗစ်ကြောင့်ပြည်သူတွေလည်နေ့စဉ်နီးပါးသေဆုံးနေခဲ့ပါတယ်။ယခုငဗစ်တတိယလှိုင်းက အခြေအနေတော်တော်လေးဆိုးရွားနေပြီး

အသက်ရှူကြပ်လူနာတွေလည်းအများအပြားနေတာကြောင့်အောက်ဆီဂျင်စက်တွေလည်းအမြန်လိုအပ်နေကြပါတယ်အောက်ဆီဂျင်စက်မရရှိဘဲသေဆုံးသွားတဲ့ပြည်သူတွေလည်းရှိနေပြီးအောက်ဆီဂျင်ဖြည့်ပေးတဲ့ဆိုင်တွေမှာလည်းလူတွေတန်းစီစောင့်ဆိုင်းနေရတဲ့အခြေအနေဖြစ်နေပါတယ်

 

ငဗစ်ဒုတိယလှိုင်းတုန်းကတော့အမေစုအစိုးရနဲ့အလွှာအသီးသီးကပြည်သူတွေပူးပေါင်းပြီးတိုက်ထုတ်ခဲ့ကြကာငဗစ်ရောဂါကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ မနှစ်ကတော့ ပါချုပ်ဆရာတော်ဘုရားကြီးဟာ

အောက်ဆီဂျင်စက်ကြီးတွေဝယ်ယူဖို့အတွက်သိန်း၁၀၀၀တိတိလှူဒါန်းခဲ့ပါတယ်အနီးကပ်ပြုစုနေတဲ့ဒါယကာတစ်ယောက်ကဉာဏ်အမြော်အမြင်ရှိရှိနဲ့အောက်ဆီဂျင်စက်ကြီးတွေဝယ်ယူဖို့အတွက်သိန်း၁၀၀၀လှူဒါန်းခဲ့တဲ့ပါချုပ်ဆရာတော်ဘုရာကြီးရဲ့အကြောင်းတွေးရင်းမျက်ရည်ကျမိကြောင်း ဖွင့်ဟလိုက်ပါတယ်

ဒါယကာတစ်ဦးကOxygenပြတ်တာတွေကြည့်ပြီးဆရာတော်ဘုရားကြီးရဲ့ဉာဏ်အမြော်အမြင်ရှိတာလေးခုမှပြန်စဉ်းစားပြီးပိုကြည်ညိုရပြန်တယ်။ ငဗစ် တွေစ ဖြစ်ချိန် ဆရာတော် ဘုရားကြီး ၃ လ တခါ မနှစ်က ဝါမဆိုခင် ကျန်းမာရေး ဆေးစစ်ချက်တွေ လုပ်လေ့ရှိတယ်။ အိမ်က ဘိုးတော်ဦးမြင့်သူကလည်း ဆေးပြဖို့နဲ့ လေယာဉ် အတွက် လှူတယ် ဦးဇော်ဇော်ကလည်း ဆေးဖိုးအတွက် လှူတယ် နှစ်ယောက်လှူဆိုတော့ ဆေးဖိုး ပိုငွေတွေကို ဆရာတော်ကြီး ဆေးဖိုးတွေ ပြန်ပေးတော့ ဒါကာနှစ်ဦးစလုံးကမယူဘဲ ဆရာတော်ကြီး လိုရာ သုံးပါဆိုပြီး ပြန်လှူကြတယ် ဒါနဲ့ဆရာတော်ကြီး အများလှူဒါန်းတဲ့ နဝကမ္မတွေက ဘုန်းဘုန်းသုံးစရာမှမလိုတာ

အများအတွက်ဖောင်ကြီးကငဗစ်စင်တာမှာလိုအပ်တဲ့Oxygenစက်ကြီးအတွက်သိန်း၁၀၀၀လှူလိုက်တယ်ပညာတကယ်ကိုရှိပါပေတယ် ဘုန်းဘုန်းက အမြဲပြောလေ့ရှိတဲ့စကားလေးတခု ရေရှည် အကျိူးရှိတဲ့ ကုသိုလ်ဘဲ ဘုန်းဘုန်း လုပ်ချင်တယ် သိလား

ချမ်းမြေ့ရတယ်တဲ့ ခု တကယ်ကို အကျိုးရှိလှပါတယ်ဗျာ ဆရာတော်ဘုရားကြီးတွေ အသက်ရှည်ရှည်ဖြင့်ပညာအုပ်မိုးကာအများအတွက် ကုသိုလ်တွေ ထပ်ပြုနိုင်ကြပါစေ ဘုရားလို့ ရှစ်ခိုးဦးတင်မိတယ် ဆိုပြီး ရေးသားထားခဲ့ပါတယ်

Source: Original Uploder

Leave a Reply

Your email address will not be published.