ရဲနှင့် ပျူစောထီးတူမ မင်္ဂလာဆောင် ဗုံးသီးချတိုက်ခိုက်ခံရ
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းရွာတွင် စစ်ကောင်စီတပ်သားနှင့် ပျူစာထီးတူမတို့ မင်္ဂလာပွဲအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့က ဒရုန်းနှင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း SNAKE EYES PDF က ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
ဇီးဖြူကုန်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ရဲတစ်ဦးနှင့် ရွာခံပျူစောထီး၏တူမတို့ လက်ထပ်မင်္ဂလာပွဲအား ဒေသတော်လှန်ရေးအဖွဲ့များက ဒရုန်းနှင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် မင်္ဂလာပွဲတက်နေသည့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးသူရှိခဲ့ပြီး ယင်းတိုက်ခိုက်မှုကို SNAKE EYES PDF နှင့် C&T SHWEBO PDF၊ ရွှေဘိုတိုက်နယ် ၂ တော်လှန်ရေးအဖွဲ့များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း သီလုံးကျေးရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးများ ကင်းပုန်းများဝပ်နေသည့်နေရာကို တော်လှန်ရေးအင်အားစုများက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက ၆၀ မမဖြင့် ပြန်လည်ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်TachileikNewsAgency
Zawgyi