လာပြီလာပြီ ဒေါ်သက်ရီမဟုတ် ကြင်စိုးဆီ တိုက်ရိုက် အရှိုက်ပဲ !
ဇာတ်ရှိန်ကတော့ မြင့်လာပြီ မနေ့က ကြိုသုံးသပ် မြင်တာ ချရေးပြထားတဲ့ အချက်တွေတိုင်း ထပ်တူနီးပါး ဖြစ်လာပါ့လား
ဒီအကြောင်းကို မနေ့က SSPP ကို လေယဉ်ဝဲပြ လမ်းကြောင်းပြောင်း ဘောလီပေါပုတ် ခေါင်းခံထိုး ကစားမည့်အကွက်လို့ နဲ့ US ဟာ သာကောနဲ့ ထိပ်တိုက်တွေ့မည့် နိုင်ငံရေးလမ်းကြောမှနေ ဖယ်ခွာပြိး မူး-ယ-စ်ကေ့နဲ့ တဆုံး ရိုက်ချတော့မည် ဆိုတာတွေကို ပါးပါးလေး ပုတ်ရေးပြလိုက်တာ
ဒီနေ့ ထိုလမ်းကြော ဖြစ်စဉ်ကြီးက ဘွားခနဲပေါ်လာပါလေရောလား စိတ်၀င်စားစရာနဲ့ မူလရေးသူပိုစ့်မှာပဲ အားပေး ဖတ်ရှု့လေ့လာဖို့နဲ့
အဓိကဖြစ်တဲ့ ကွင်းဆက်အချိတ် မအလ အကွက်ရွေ့နေမှုတွေသိအောင် တလေးတစားနဲ့ မူရင်းမှာ ဖတ် ကော်ပီ အသိပေး တင်ကြပါရန်
မိမိကတော့ မြင်တာကို ကွင်းဆက်နဲ့ မအလ ရွေ့နေမှုအကွက်တွေသာ ဆက်လေ့လာပြီး ဖော်ပြရေးသားပြပေးပါမည်ဟု !
#မင်းကြည်ညိုနေ 🕊️
( မူရင်း )👇👇👇
#သေဒါဏ်နောက်ဆက်တွဲနှင့်မအလလူယုံထွန်းမင်းလတ်
မြန်မာနိုင်ငံနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုတွေကို ထိုင်းရဲက ဖမ်းဆီးနှိမ်နင်းနေရာ အစုအဖွဲ့တခုကို (ဂိုဏ်းကြီးတခုကို) ဖမ်းဆီးနိုင်ခဲ့ပေမယ့် နောက်အဖွဲ့တခုကတော့ မြန်မာပြည်ဖက်ကို ထွက်ပြေးလွတ်မြောက်သွားကြကြောင်း။ သူတို့ကို အွန်လိုင်း လောင်းကစားဒိုင်လုပ်မှုနှင့် နာမည်ကြီးကျော်ကြားလို့ စက်တင်ဘာလ ၂၀၂၂ မှာ ဖမ်းဝရမ်းထုတ်ခဲ့ကြောင်း။
စုန်ခလာမှ အသက် ၄၅ နှစ်အရွယ် နိုင်ဖန်နုရုန် ခူဖိထပ် (ခ) အက်ဒီး နှင့်၊ သူ့ရဲ့ဒုတိယဇနီးဖြစ်သူ နန်ကလျာဝီ ထီရပရာဖုန် (ခ) ကျွိုင် တို့ဟာ မြန်မာပြည်ဖက်ကိုထွက်ပြေးသွားနိုင်ခဲ့ပေမယ့် သူရဲ့လုပ်ဖေါ်ကိုင်ဖက်တွေကိုတော့ ဖမ်းဆီးနိုင်ခဲ့ကြောင်း။
နောက်ပိုင်း စုံစမ်းဖေါ်ထုတ်နိုင်ခဲ့သည်မှာ နိုင်ဖန်နုရုန်ဆိုသူဟာ အွန်လိုင်းလောင်းကစားတခုတည်းမဟုတ်ဘဲ အကြီးစား မူးယစ်ဆေးဝါးကုန်ကူးသူနှင့် ငွေကြေးခဝါချမှုတွေကိုပါလုပ်နေတဲ့ နောက်ကွယ်က အဓိကကြိုးကိုင်သူဖြစ်ကြောင်း စုံစမ်းသိရှိရပါတယ်။
သူတို့အားလုံးဟာ မူးယစ်ဆေးဝါးမှရရှိတဲ့ငွေတွေကို စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ဥပကစ် ပါကျရိရန်ကူ ဆီကိုလွှဲပြောင်းပေးပို့ခဲ့ကြတာဖြစ်ကြောင်းနှင့်၊ အကြီးစား ငွေတွေလွှဲပြောင်းပေးနေတာ ၄ ဖွဲ့ရှိကြောင်းဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
၁။ နိုင်ဖိထဝမ် စင်စိုဖါ (ခ) နိုင်ခင်န် နွန်ထဘူရီ
၂။ နိုင်အနုဖါ့ မူလစန်
၃။ နိုင်အာရီဖတ် ချူကန်း
၄။ နိုင်အေကချိုင် အက်စန်ထရာ စတဲ့…
အဲဒီ ၄ ဖွဲလုံးဟာ သူတို့ရဲ့မူးယစ်ဆေးဝါးရောင်းပြီး ရရှိတဲ့ငွေတွေကို ပထမအဆင့် နိုင်ဖိစဝပ် ဆိုသူထံအရင်လွှဲပြီး၊ နောက်တဆင့်အနေနဲ့ လျှပ်စက်မီးအရောင်းအဝယ်အကြောင်းပြကာ
“အရွိုင်ဂရု” ကိုပြန်လွှဲကြောင်း။ အဲဒီလိုငွေလွှဲနေတဲ့ အမည်ခံ ဘဏ်စာရင်းတွေ အများကြီးရှိကြောင်း။
စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ဥပကစ် (အရွိုင်ဂရု) မှတဆင့် မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ် ကိုလွှဲကြောင်း။
ထွန်းမင်းလတ်မှတဆင့် ဥပကစ်ရဲ့သမက် နိုင်ဒင်န် ကိုပြန်လွှဲကြောင်း။
နိုင်ဒင်န်မှတဆင့် နိုင်ဖန်နုရုန် (ခ) အက်ဒီး ဆိုသူကိုပြန်လွှဲပြီး၊ အက်ဒီမှ လျှပ်စက်မီးဝယ်သည်ဟုအကြောင်းပြကာ “အရွိုင်ဂရု” ကိုပြန်လွှဲကြောင်း။
အထက်လွှတ်တော်အမတ် ဥပကစ်နှင့် မင်းအောင်လှိုင်လူယုံ ထွန်းမင်းလတ်တို့ပိုင်တဲ့ “အရွိုင်ဂရု” ကိုငွေတွေလွှဲပေးနေတဲ့ ဘဏ်စာရင်းပေါင်း ၂၅၀ ရှိကြောင်း။ အရွိုင်ဂရုရဲ့ ငွေလည်ပတ်မှုဟာ ဘတ်သန်းပေါင်း ၁၅၀ ကျော်ရှိကြောင်း။
ဒါ့အပြင် ထွန်းမင်းလတ်အုပ်စုထံမှ ရဲတွေသိမ်းဆည်းလိုက်တဲ့ငွေတွေဟာ…
၁။ နိုင်ဖန်နုရုန် (ခ) အက်ဒီး ထံမှဘတ်ငွေ ၆၈၁ သန်းကျော် (သန်းပေါင်း 681,023,910.72)
၂။ နန်ကရာဝီ ထံမှဘတ်ငွေ ၄၁၆ သန်းကျော် (သန်းပေါင်း 416,427,545.51)
၃။ နိုင်ဒင်န် (ဥပကစ်ရဲ့ သမက်) ထံမှဘတ်ငွေ ၁၁ သန်းကျော် (သန်းပေါင်း 11,303,373.86)
၄။ ထွန်းမင်းလတ် ထံမှဘတ်ငွေ ၂၃၁ သန်းကျော် (သန်းပေါင်း 231,091,020.23)
၅။ နန်စောင်နမ်းဟွန် (ထွန်းမင်းလတ်ရဲ့ အတွင်းရေးမှုး) ထံမှဘတ်ငွေ ၂၆ သန်းကျော် (သန်းပေါင်း 26,886.00)
၆။ နန်စောင်ပီယဒါ (ဥပကစ်ရဲ့ အတွင်းရေးမှုး) ထံမှဘတ်ငွေ ၁၁ သန်းကျော် (သန်းပေါင်း 11,686.70)
၇။ “အရွိုင်ဂရု” ကုမ္ပဏီထံမှဘတ်ငွေ ၃၇ သန်းနီးပါး (သန်းပေါင်း 36,908,375.95)
၈။ မဝင်းမင်းစိုး ထံမှဘတ်ငွေ ၁၃ သန်းနီးပါး (သန်းပေါင်း 12,720,215.58) ဖြစ်ပါတယ်။
သူတို့အပေါ်စွဲဆိုထားတဲ့ စွဲဆိုချက်အားလုံးကို တရားရုံးချုပ်က (ရာ့ချဒါတရားရုံး) ယနေ့၊ ဇန္နဝါရီလ ၂၃ ရက်မှာလက်ခံလိုက်ပြီဖြစ်ပါတယ်။
ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့ အရွိုင်ဂရုအတွက် အလုပ်လုပ်တဲ့ နောက်အုပ်စုတခုဖြစ်တဲ့ နိုင်ဖန်နုရုန် (ခ) အက်ဒီးနှင့် သူ့ရဲ့မယားငယ် နန်ကလျာဝီ (ခ) ကျွိုင် တို့ကတော့ မြန်မာပြည်ဖက်ကိုထွက်ပြေးသွားတာကြောင့် ရုံးတင်တရားစွဲဆိုနိုင်ခြင်းမရှိသေးပါဘူး။
သူတို့ဟာ လန်ဒန်မှာရှိတဲ့ ဟိုတယ်တခုကိုလည်း ဘတ်သန်း ၉၀၀၀ (ဘတ်ငွေသန်း ကိုးထောင်) ပေးပြီးဝယ်ထားကြောင်း ထိုင်းရဲတွေမှ သတင်းရထားပြီးဖြစ်ပါတယ်။
သူတို့နဲ့ဆက်စပ်တဲ့ နွန်ထဘူရီက နိုင်ဝေါ်ရာဝမ် ဝမ်စဖါ ကို “မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုတွင် အားပေးကူညီမှု” နှင့် သူ့ရဲ့အိမ်ကိုဝင်ရောက် ရှာဖွေဖမ်းဆီးရာ သူကတော့ထွက်ပြေးလွတ်မြောက်သွားပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှု ဘတ်ငွေသန်း ၅၀၀ ကျော်ကိုသိမ်းဆည်းလိုက်နိုင်ပါတယ်။ နောက် နာရီပိုင်းအတွင်းမှာဘဲ သူ့ကို ပရာကျော့ပ်ခရိုင်ထဲက ပရမ်ဘူရီမှာ ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပါတယ်။
နိုင်ဝေါ်ရာဝမ် ကိုဖမ်းမိချိန်မှာ သူဟာ ဝန်ထမ်းကဒ်နှင့်အတူရာထူးလက်ရှိဖြစ်ပြီး စစ်တပ်ခန့်အထက်လွှတ်တော်အမတ် ဥပကစ်ရဲ့ “အကြံပေး” တာဝန်ယူထားချိန်ဖြစ်ပါတယ်။
အဲဒီအမှုနှင့်ပတ်သက်ပြီး ၆ ဦးကိုဖမ်းဆီးတရားစွဲဆိုနိုင်ခဲ့ကာ ယနေ့၊ ဇန္နဝါရီလ ၂၃ ရက်မှာ ရာ့ချဒါတရားရုံးက သေဒါဏ်ပေးလိုက်ပါတယ်။
ယနေ့သေဒါဏ်အပေးခံရသူ ၆ ဦးကတော့…
၁။ နိုင်ဖိထဝမ့် စင်စိုဖါ (ခ) နိုင်ခင်န် နွန်ထဘူရီ
၂။ နိုင်ချာယု စူ့ကထပ်
၃။ နိုင်ဝါထဝမ် ဝမ်စဖါ
၄။ နိုင်ပီယာစပ် ဘူယချလိုထော်
၅။ နန်စောင်စီရီဝမ် ဘူရ
၆။ နိုင်စူနန် စူတိကတ်စ် တို့ဖြစ်ပါတယ်။
နိုင်ချာယု စူဖါ့တဦးထဲမှာ ဘဏ်စာရင်းပေါင်း ၁၀၀ ကျော်ရှိပြီး၊ ဘဏ်စာရင်းတခုလျှင် ဘတ်သန်း ၁၀၀ ကျော်စီရှိပါတယ်။ (ကျန်သူများလည်း ဒီအတိုင်းဘဲဖြစ်ပါတယ်)။
သူတို့ရဲ့ ဘဏ်စာရင်းထဲကငွေတွေကို မဲစိုင်မှာနေတဲ့ နိုင်ပီယာစပ် ကိုအရင်လွှဲပါတယ်။
နိုင်ပီယာစပ် မှတဆင့် နိုင်ဝါထဝမ် ကိုလွှဲပါတယ်။
နိုင်ဝါထဝမ် မှတဆင့် နန်စောင်စီရီဝမ် ကိုလွှဲပါတယ်။
နန်စောင်စီရီဝမ် မှတဆင့် နိုင်စူနန် ကိုလွှဲပါတယ်။
နောက်ဆုံးအဆင့်မှာမှ ထွန်းမင်းလတ်နှင့် ဥပကစ်တို့ရဲ့ အရွိုင်ဂရုကို လျှပ်စက်မီးဖိုးဆိုပြီးပြန်လွှဲတာဖြစ်ပါတယ်။
အထက်ကပြောခဲ့တဲ့ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှုလုပ်တဲ့အဖွဲ့ ၂ ဖွဲ့လုံးကို အဓိကကြိုးကိုင်စီစဉ်သူက နိုင်ဖိထဝမ်လို့ခေါ်တဲ့ နိုင်ခင်န် နွန်ထဘူရီ (သူတို့ထဲက အရင်ဦးဆုံးသေဒါဏ်ပေးခံရသူ) ဖြစ်ပါတယ်။ သူတို့ကို ၃ နှစ်ကြာစုံစမ်းစစ်ဆေးခဲ့ရပါတယ်။
ဒါကြောင့်…
တဆင့်ခံလှုပ်ရှားတဲ့ ကြားကလူ ၆ ယောက်ကိုတောင် သေဒါဏ်အထိပေးလိုက်တာကြောင့် ကျန်နေသေးတဲ့ ထွန်းမင်းလတ်တို့အုပ်စုအတွက်ကတော့ ပြောစရာမရှိတော့ပြီ။ ဒီအတိုင်းဆိုမြေကြီးကိုလက်နဲ့ရိုက်ရင်တောင် လွှဲချင်လွှဲသွားနိုင်ပေမယ့် သူတို့အတွက်ကတော့ သေဒါဏ်မှလွှဲပြီး တခြားမဖြစ်နိုင်တော့ပါဘူး။
အားမရမိတာတခုက စစ်တပ်ကခန့်ထားတဲ့ အထက်လွှတ်တော်အမတ် ဥပကစ်ဆိုသူကို အရေးယူအပစ်ပေးနိုင်အောင်ဘယ်သူမှ ဖိအားမပေးနိုင်တာကိုတော့ ယူကျုံးမရဖြစ်မိတယ်။
မှတ်ချက်။ ဒီကေ့စ်ဟာသေးသေးမဟုတ်ပါ။ ဘားမားအက်တွေ NDAA တွေကိုခဏထားပြီး မင်းအောင်လှိုင်ကိုပါ တခါတည်းခုံရုံးတင်လို့ရပါတယ်။
ကျွန်တော်တို့ဖက်ကသာ လုပ်နိုင်စွမ်းရှိရင် မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံပြင်ပကို လုံးဝထွက်ရဲမှာမဟုတ်ပါဘူး။