“နိုင်ငံတကာ တရားစီရင်ခွင့်ရှိတဲ့ ဂျာမနီတရားရုံးမှာ စစ်အာဏာရှင်တွေကို တရားစွဲတော့မယ် ”

မြန်မာနိုင်ငံမှာ ရက်စက်ကြမ်းကြုတ်မှု့တွေ ကျူးလွန်နေတဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင်တွေကို ဂျာမဏီနိုင်ငံက တရားရုံးမှာ တရားစွဲလိုက်ပါတယ် ။ စစ်အာဏာသိမ်းပြိးချိန်မှာ ကျူးလွန်နေတဲ့ ရာဇဝတ်မှု့တွေနဲ့ ရိုဟင်ဂျာကိစ္စမှာ ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေအတွက် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဦးဆောင်ပြီး တရားစွဲလိုက်တာပါ ။ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ ရာဇဝတ်မှု့တွေကို တာဝန်ခံဖို့အတွက် နိုင်ငံတကာ တရားစီရင်ရေးနဲ့ တရားစွဲဖို့ ကြိုးပမ်းမှု့ပါ။

တရားစွဲမှု့မှာ ဦးဆောင်ခဲ့တဲ့ Fortify Rights အဖွဲ့ဟာ အပြည်ပြည်ဆိုင်ရာ တရားစီရင်ခွင့် နိယာမကို အသိအမှတ်ပြုထားတဲ့ ဂျာမနီနိုင်ငံကို ရွေးချယ်ခဲ့ပါတယ် ။ ဒီအမှု့ကို ဂျာမနီ အမျိုးသားတရားရုံးကလည်း စစ်ဆေးခွင့်ရှိတယ်လို့ ဆိုပါတယ် ။

ဒီတိုင်ကြားမှု့မှာ မြန်မာစစ်တပ်က ကျူးလွန်ထားတဲ့ စနစ်တကျ သတ်ဖြတ်ခြင်း ၊ မီးရှို့ဖျက်စီးခြင်း ၊ အဓမ္မပြုခြင်း ၊ ညှဉ်းပန်းနှိပ်စက်ခြင်း ၊ မတရား ထောင်ချခြင်း ၊ ဖမ်းဆီးခံရရာမှ ပျောက်သွားခြင်း ၊ လူမျိုးတုံးသတ်ဖြတ်ခြင်း ၊ စိတ်ဒဏ်ရာရအောင် လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှု့နဲ့ စစ်ရာဇဝတ်မှု့တွေကို ကိုယ်တွေ့ကြုံခဲ့ရသူတွေ ၊ အထောက်အထားတွေနဲ့ စွဲဆိုထားတာပါ ။

ဂျာမနီမှာ တိုင်ကြားထားတဲ့ တိုင်ကြားချက်နဲ့ပတ်သက်ပြီး ရိုက်တာသတင်းဌာနက မြန်မာစစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ မေးမြန်းခဲ့ပေမဲ့ ဖြေကြားခြင်း မရှိခဲ့ပါဘူး ။

” ဂျာမနီအစိုးရဟာ ဒီတိုင်ကြားချက်ကို လက်ခံပြီး စုံစမ်းမှု့တစ်ခု စတင်လိမ့်မယ်လို့ ယူဆပါတယ် “လို့ Fortify Rights အဖွဲ့ရဲ့ အမှု့ဆောင်အရာရှိချုပ် Matthew Smith က ပြောကြားထားပါတယ် ။

ဂျာမနီတရားရုံးကို တိုင်ကြားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်အတွင်းက ရက်စက်ကြမ်းကြုတ်မှု့တွေကို ပြစ်ဒဏ်ပေးနိုင်ခဲ့တဲ့ သာဓကလည်း ရှိနေခဲ့တော့ ဂျာမနီတရားရုံးဟာ ဘက်လိုက်မှု့မရှိပဲ နိုင်ငံတကာတရားဥပဒေအရ တရားစီရင်ခွင့်လည်း ရှိပါတယ် ။

ဂျာမနီတရားရုံးကနေ ပထမဆုံး နိုင်ငံတကာ ပြစ်မှု့အဖြစ်နဲ့ အမိန့်ချခံရသူက ဆီးရီးယားနိုင်ငံက ထောက်လှမ်းရေး အကြီးအကဲတစ်ယောက်ပါ ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု့တွေကို ထင်ရှားစွာ စစ်ဆေးနိုင်ခဲ့တဲ့အတွက် ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ် ။

သုံးသပ်ရမယ်ဆိုရင် ……..၊မြန်မာ့အရေးဟာ ပြည်တွင်းတော်လှန်အားနဲ့ PDF လူငယ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေ မြင့်တက်လာပါတယ် ။ လွန်ခဲ့တဲ့ ၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာ နှိမ်နင်းခံလိုက်ရတဲ့ တပ်မတော်အရာရှိကြီးတစ်ဦးကို နှိမ်နင်းလိုက်တဲ့ မစ်ရှင်ဆိုရင် အချိတ်အဆက်မိတဲ့ အက်ရှင်ဇာတ်ကားကောင်းတစ်ခုလို အံ့သြစရာကောင်းလှပါတယ် ။

လူငယ်တွေလည်းဖြစ် ၊ မတရားမှု့ကို လူငယ်တွေပီပီ မခံမရပ်နိုင်ကြတော့ ၂ နှစ်သာရှိသေးတဲ့ လူငယ်တွေရဲ့ စစ်ရေးစွမ်းရည်က စစ်အကယ်ဒမီဆင်းတွေ ထိတ်လန့်သွားရတဲ့အထိ ဖြစ်သွားရပါတယ် ။

ဒီမစ်ရှင်ရဲ့ နောက်ကွယ်မှာ ဘားမားအက်ရဲ့ နည်းပညာ ပံ့ပိုးမှု့တွေ ရှိနေမလားလို့လည်း တွေးကြည့်နိုင်ပါတယ် ။ နည်းစနစ်ကျတဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို လူငယ်တွေ ရရှိထားပြီဆိုတာကတော့ ဒီအဖြစ်အပျက်ကို ကြည့်မယ်ဆိုရင် သိနိုင်ပါတယ် ။

လက်နက်ကိုင်တော်လှန်ရေးမှာ စစ်အာဏာရှင်တွေ မျက်လုံးပြူးနေရသလို ၊ နိုင်ငံတကာ ဥပဒေနည်းလမ်းကို အသုံးချပြီး ကျူံးသွင်းခံနေရတဲ့ လှုပ်ရှားမှု့တွေကလည်း စစ်အာဏာရှင်အတွက် အခြေမလှတော့ပါဘူး ။

ဒီနေ့ တရားစွဲဖို့ တောင်းဆိုလိုက်တဲ့ ဂျာမနီတရားရုံးဟာ နိုင်ငံတကာ ရာဇဝတ်မှု့တွေနဲ့ စစ်ရာဇဝတ်မှု့တွေကို လက်ခံကြားနာ ၊ ပြစ်ဒဏ်ပေးနိုင်တဲ့ တရားရုံးပါ ။ ဆီးရီးယား ထောက်လှမ်းရေး အကြီးအကဲတစ်ယောက်ကို သက်သေခိုင်လုံစွာနဲ့ အပြစ်ပေးနိုင်ခဲ့တဲ့ သာဓကလည်း ရှိနေပါတယ် ။

ဘားမားအက်ကလည်း အသက်ဝင်တော့မှာဆိုတော့ ပြည်တွင်းတော်လှန်အားကလည်း စိတ်ဓာတ်တွေ တက်ကြွလာပြီး ၊ နည်းပညာအသုံးချမှု့အပိုင်းက တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးလာနိုင်ပါတယ် ။ လုံခြုံရေးကောင်စီကလည်း ဆုံးဖြတ်ချက်ချထားပြီးပြီဆိုတော့ အမေရိကန်နဲ့ နိုင်ငံတကာအနေနဲ့လည်း မြန်မာစစ်အာဏာရှင်တွေကို နှိမ်နင်းဖို့အတွက် နောက်ကြောင်းပြန် အရေးယူမှု့တွေကို ထည့်တွက်စရာ မလိုတော့ပါဘူး ။

အနှစ်ချုပ်ရရင် ၊ ပြည်တွင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ကြမ်းလာနိုင်သလို ၊ နိုင်ငံတကာရဲ့ တုံ့ပြန်မှု့တွေကလည်း ရွေးကောက်ပွဲအထိ မရောက်နိုင်အောင် ချုပ်ကွက်ကောင်းကောင်းလေးတွေ သုံးလာနိုင်ပါတယ် ။

ဘကြီးအောင် LA

Leave a Reply

Your email address will not be published. Required fields are marked *