” ပွဲဆူလာအုံးမည့် US တံတွေးစွတ်မှု ”

SSPP သွားပြီး လေယာဉ်နဲ့ ခြိမ်းခြောက်ပြတာ နှစ်ချက်မြင်တယ် DKBA မှ မဟုတ်ဘူး သူ့ဘက်မပါသူနဲ့ NUG ဘက် ပါသူ ကူညီနေသူမှန်သမျှ ရှ-င်းမှာပဲဆိုတဲ့ မက်ဆေ့ရယ်

ထိုင်းကေ့မှ ဖြစ်နေတာတွေ ပြည်တွင်းထဲက ဘယ်သူတွေ ပါဝင် သို့ သူတွေကြောင့်ဆိုပြီး ဘောလီပေါပုတ် ခေါင်းလွဲချဖို့ ထိုင်းကျေနပ်အောင်ခြောက်ပြပြီး လက်ညိုးထိုးဖို့ ဖန်တီးမည့်အကွက်မို့

DKBA ပြီးတော့ ဘယ်သူတွေ အလှည့်ကျလာမလဲဆိုတာနဲ့ မအလတကောင်တော့ ရှုံးမဲလို့ ခေါင်းရောင်း ထိုးချမည့် အကွက်တွေ ပြင်ဆင်လာနေတယ်ဆိုတာ မြင်သာနေတယ်

ဒါ့အပြင် မြန်မာပြည်မြေပုံထောက်ကြည့်ရင် နပတတိုင်းလောက်သာ စိုးမိုးနိုင်နေတဲ့ မအလဟာ ရွေးကောက်ရအောင်လုပ်ပြီး ထွက်ပေါက်နဲ့ အသက်မပျောက်အောင် လုပ်နေပေမယ့်

ကမ္ဘာလုံးဆိုင်ရာ နိုင်ငံတကာ ပါလီမန်များ အဖွဲ့ IPU က အာဏာလု မြန်မာစစ်တပ်၏ ရွေးကောက်ပွဲကို အသိအမှတ်မပြုဟုဆုံးဖြတ် ကြေငြာလိုက်သောကြောင့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ကာလုံခေါ်ပြီး ထူးခြားစေရမယ်ဆိုတဲ့ မအလကြွေးကြော်သံဟာ ငိုသံအဖြစ်သို့သာ ပြောင်းလဲသွားမည်ဟု မြင်မိသလို

ထိုင်းမူးယစ်ကေ့မှာ သူ့သားသမီးတွေ မပါဝင်နိုင်အောင် အမှုကို ပလပ်ပေးဖို့နဲ့ နိုင်ငံရေးအပေးယူအရ တလရအင်အားစုများနဲ့ လုပ်သားပက်ပိုစ့်တင်းကြပ်မှုကို လုပ်ဆောင်ပေးရန် တောင်းဆိုနေမှုရယ်

တျုတ်က နိုင်ငံရေးအရ ခွာနေပေမယ့် ရင်းနှီးမြုပ်နှံမှုနဲ့ ကျားကန်ထောက်ကူပေးနေပြီး အလုံးရင်းနဲ့ ငွေအား လနက်အား စစ်ကူပေးနေခြင်းတို့ကြောင့် ဒါ့အပြင် ရုရှား‌ရေတပ်နဲ့ ပူးပေါင်း ဂျပန်ပင်လယ်မှာ စစ်ရေးလေ့ကျင့်နေခြင်းအပါဝင်

လက်ရှိ တောင်ပင်လယ် အခင်းကျင်း မြန်မာ့အရေးနဲ့ အာဆန်ကို ချုပ်ထားမှု မအလမူးယစ်ကေ့နဲ့ မဲခေါင် ရွှေတြိဂံ နောက်ကွယ် လက်တံအဖြစ် ပါဝင်နေခြင်းတွေကို ရပ်တန့်ပစ်ဖို့အတွက်

US ဟာ ‌ကြေငြာထားသည့်အတိုင်း သူ့အရေးကို နှောင့်ယှတ်လျှင် နှစ်ဆ ကူညီပေးမည်ဆိုသည့်အတိုင်း မြန်မာအတွက် ဘကုန်းလာပြီး No Fly zone အတွက် ဆွေးနွေးမှုရယ် ခု သာကောကို ကမ္ဘာအရေး မြန်မာ့အရေး တန်ပြန်နိုင်ဖို့ ဆက်ပြီး ဖိအားပေးနိုင်ဖို့

နိုင်ငံရေးရာထူးအရ အမေရိကန်ရဲ့ နံပါတ် ၃ အဆင့်ဖြစ်တဲ့ အမေရိကန်လွှတ်တော်ဥက္ကဌသစ်ဟာ ဥက္ကဌဟောင်း နန်ပလိုစီအတိုင်း တိုင်ဝမ်သွားဖို့ပြင်ဆင်နေပြီး သာကောနဲ့ အပေးယူအတွက် အဆွကစားဖို့ ပြင်ဆင်လာဟန်ရှိပါတယ်

ခုချိန်ဟာ ရုရှား ယူကရိန်း နှစ်ဖက်စစ်ပြင်နေချိန်နဲ့ NUG စကစ စစ်ဆိုင် ပြင်းထန်နေချိန်လည်း ဖြစ်သလို ပူတင်မှ ဘယ်လာရုကို စစ်ကူတောင်း မအလမှ ရွေးကောက်အတွက် ကောက်ရိုးတမျှင်ဆွဲဖို့

ဒေသတွင်းနှင့်အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်မည်ဆိုတဲ့ ခြေလှမ်းဖြင့် မြန်မာ-ကာဇက်စတန် အပြန်လှန်မိတ်ဖက်နိုင်ငံအဖြစ် အသိမှတ်ပြု ဆက်ဆံနိုင်အောင် သံအမတ်ခန့်အပ်လွှာပေး ပုံရိပ်ကို မြှင့်တင်နေတယ်

ထိုအတွက် ပူတင် မအလကို နောက်ကွယ်မှ မကူညီနိုင်အောင်နဲ့ ကမ္ဘာ့မြန်မာ့အရေးအတွက် အခရာကျတဲ့ ရှီကျင့်ဖျင်ကို ပညာပေး ဝပ်ဆင်းသွားဖို့ဆိုရင် ယခု ခရီစဉ်ဟာ US ရဲ့ တျုတ်ကို ဒုတိယအကြိမ်မြောက် ပွဲဆူစေမည့် နားရွက်တံတွေးဆွတ်ဖို့ အကွက်ထပ်ရွှေ့မှုပဲ ဆိုတာလားဆိုတာ ဆက်စောင့်ကြည့်ချင်စရာပါပဲ !

မင်းကြည်ညိုနေ

Leave a Reply

Your email address will not be published. Required fields are marked *