ပြဲကေတာ့ လွေတာ့မွာပဲ !
ရေးဘီလူးက သူဟာနဲ့သူတောင်အတော်လေး ပွဲလှနေတာ
အခုဆို ဗိုလ်အယ်စေးဝါးနဲ့တော်လှန်ရေးထောက်ပို့လိုင်းထဲ
လူသိထင်ရှားတဲ့သူတွေပါထောက်ပံ့မှု ပေးပြီဆိုတော့
မွန်ပြည်နယ် ရေး စစ်ရေးအတော်လေး လှတော့မယ်
Nway Oo Che
ရေးဘီလူးကို MOD အတွင်းဝန်ရုံးထံက စုံစမ်းအကူအညီတောင်းပြီး ကျွန်မဘက်က စတင်ချိတ်ဆက်ပြီး ထောက်ပို့ခြင်းဖြစ်ပါတယ်။
ဘာလိုလဲမေးတော့ ပစ္စည်းအကြီးတစ်ခု လိုကြောင်း ပြောပါတယ်။ ဘတ်လေးသိန်းကျော်ဝန်ကျင် တန်ဖိုးရှိကြောင်းပြောပါတယ်။ ဓါတ်ပုံလေး အမှတ်တရရိုက်ချင်လို့လို့ ရေးဘီလူးက ပြောလာတဲ့အတွက် Video Call နဲ့ 56 စက္ကန့် ခေါ်ဖြစ်ပါတယ်။
မနက်ပိုင်းမှာ စကားပြောပြီး ညပိုင်းမှာ ဘတ်ငါးသိန်းငွေလွှဲScreenshot ပေးပို့ပါတယ်။ ရေးဘီလူးဘက်မှ ငွေလက်ခံရရှိကြောင်း မှတ်တမ်းလွှာပြန်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောပါတယ်။
အခြား မြေပြင်အခြေအနေအပါအဝင် အပိုစကားများ တစ်လုံးမှ မပြောဖြစ် မမေးဖြစ်ပါ။ လုပ်ရပ်တွေ တိုက်ပွဲပုံစံတွေကြောင့် ကိုယ်တိုင်က ထောက်ပို့ချင်လို့ စတင်ဆက်သွယ်ဖြစ်တဲ့အတွက် အခြားအထွေအထူး မေးမြန်းစရာ မရှိပါ။
ဒါကို ဘာလို့ပြောတာလဲဆိုတော့ ရေးဘီလူးက လူထုကြား လူသိများလာတဲ့ မြေပြင်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့အတွက် လုံခြုံရေးအရ ကျွန်မဘာမှ မေးမြန်းခြင်းမရှိကြောင်း ကြိုတင်သံသယရှင်းထားတာပါ။ ကျွန်မရေးတဲ့အထဲ အမှားပါရင် ရေးဘီလူးကိုယ်တိုင် ရှိတဲ့အတွက် လက်ခံမှာ မဟုတ်ပါ။
ကျွန်မအနေနဲ့ ကျွန်မကို ပိုးဆိုးပက်စက်ရှုံးနိမ့်ထားကြတဲ့ Third Party အုပ်စုရဲ့ ဆွဲချမှုကို ကြိုတင်ကာကွယ်ဖို့ ထည့်ရေးတာပါ။
လိုရင်းကတော့ အမိမြေအတွက် တစ်ရက်စာProject ရရှိငွေထဲမှ ဘတ်၅သိန်းကို ရေးဘီလူးအဖွဲ့ထံ လွှဲပြောင်းပြီးကြောင်း ပြည်သူကို တင်ပြတာပါ။
ပိုမို တိုက်ပွဲဝင် အောင်ပွဲဆင်နိုင်ကြပါစေ။
ပန္ဆယ္လို