ဟာ မင်းအောင်လှိုင်တော့ ဂွမ်းတာပဲဟေ့

ထိုင်းစစ်ချုပ်က ပိုက်ဆံအိပ်လက်ကြားညှပ်ပြီး နှုတ်ဆက်တယ်ဆိုတာ လမ်းဘေး သာမန် အဆင့် မိတ်ဆွေလို ဆက်ဆံပြတာပါ ( ရုပ်ရှင်ကားတွေထဲမှာ မူးယစ်ရာဇာ တယောက်ကို ခရိုနီတယောက်က ဆက်ဆံနေပုံပါပဲ )

ပေးချင်တဲ့ မက်ဆေ့က ဘာနိုင်ငံရေးမှ မဟုတ် ဖြစ်ပေါ်နေတဲ့ သူနိုင်ငံ ထိခိုက် image ကျနေတဲ့ မူးယစ်ကေ့နဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့

ခုလို ပုံသဏ္ဍန်နဲ့ တွေ့ဆုံပြပြီး လာတွေ့ခြင်းဟာ ဆက်ဒမ်ဟူစိန်နဲ့ ကဒါဖီကို နှိမ်နင်းခဲ့တုန်းကလို ကြားခံပွဲစား အနေနဲ့ US ကစေလွှတ်၍ နောက်ဆုံး လာတွေ့ ညှိနှိုင်းမှု့လို့ ယူဆရပါတယ်

ထိုအတွက် US နိုင်ငံခြားရေးအတိုင်ပင်ခံကပါ ယခု မြန်မာ့အရေးကို ထိုင်းနဲ့ပဲ ပူးပေါင်းဆက်လုပ်သွားမည်ဟုလည်း အသိပေး ထုတ်ပြန်ထားပါတယ်

ဒါဟာ မအလနဲ့ ထိုင်းစစ်ချုပ်နဲ့တွေ့လို့ သူတို့ပြောသလို လူတွေထင်မြင်နေသလို တလရအင်အားစုနဲ့ စစ်ဘေးရှောင်တွေကို ဖိနှိပ်ဖို့ အပေးယူလုပ်ဖို့ တွေ့ဆုံမှု မဟုတ်ဘူးလို့ အသိပေးခြင်းလည်း ဖြစ်ပါတယ်

ဒါဆို မအလနိဂုံး အဆုံးက ဒီပုံတွေ့တာနဲ့ မြင်နိုင် သိနိုင်နေပြီး အချိန်ဟာ သိပ်ကို နီးကပ် ကျရောက်နေပြီဆိုတာ သိစေချင်သည်

အကယ်၍ ပုံရဲ့ အဓိပ္ပါယ်ကို နားမလည်ရင် နိုင်ငံ့အကြီးကဲတွေရဲ့ နှုတ်ဆက် မိတ်ဆက် ဆက်ဆံပုံ နိသယိရာယ်ကျမ်းတွေ ရှိပါတယ် နားလည်သူ မေးမြန်း ရှာဖတ် လေ့လာကြည့်ကြပါ

ဥပမာ ထရန့်နဲ့ ကင်ဂျုံအင် တွေ့စဉ်က ထရန့်က အာဏာရှင်ခေါင်းဆောင် တယောက်လို မဆက်ဆံပဲ သာမန်လူတယောက်လို လက်မောင်းကိုင်ဆက်ဆံ နှုတ်ဆက်တော့ ကင်ဂျုဲအင်ကလည်း ချက်ခြင်း ထရန့်လက်မောင်း ပြန်ကိုင်ပြီး သာမန်လူတစ်ယောက်လိုပဲ တုန့်ပြန်နှုတ်ဆက်ပြီး ပြန်ချေပခဲ့သည်ဆိုတာ သိစေချင်သည်

( အဓိပ္ပါယ်က ခ‌ဗျားကလည်း ကျုပ်အတွက် သာမန်သူပဲ ၊ ဘာ အမေရိကန် သမ္မတမှ မဟုတ်ဘူး ၊ အသိမှတ်မပြုဘူးဆိုတဲ့ အဓိပ္ပါယ်ပါပဲ )

ခုလည်း ထိုင်းစစ်ချုပ်က မအလကို သာမန် မူးယစ်ရာဇာ အကြမ်းဖက်တယောက်ထက် နိမ့်တဲ့ လမ်းဘေးလူ ပုံစံ အဆင့်နဲ့ နှုတ်ဆက်ပြ မက်ဆေ့ပေးနေပုံထောက်ရင် No News is Good News ဆိုတဲ့အတိုင်း

ယခု သတင်းနဲ့ ပါတ်သက်ပြိး မအလအတွက် ကောင်းသော ဘာသတင်းမှ မရှိခြင်းက ပြည်သူအတွက် ကောင်းသော သတင်း silent – behavior ပါပဲဆိုတာ ပွဲကတော့ လှနေပြီဗျာ The End စာတန်းထိုးဖို့ပဲ ကျန်တော့တယ်လို့ တွက်ဆမိတဲ့ အထိပါပဲ !

မင်းကြည်ညိုနေ

Leave a Reply

Your email address will not be published. Required fields are marked *