ေညာင္ဦးတြင္ အမ်ိဳးသမီး ၁၀ ဦးေက်ာ္ကို PDF ေထာက္ပံ့သည္ဟုဆိုကာ စစ္ တပ္က စြပ္စြဲ ဖမ္းဆီး ၿပီး စစ္ေၾကာေရး တြင္ မုဒိမ္းက်င့္

▪️ မုဒိမ္းက်င့္သူမ်ား တြင္ စစစ အရာရွိ ေနာင္မင္းလတ္၊ ဗိုလ္ႀကီး မ်ိဳးညီ၊ စရဖ အရာရွိ တင္ထြန္းေအာင္ တို႔ပါဝင္

ရန္ကုန္၊ ဇန္နဝါရီ ၂၀

မႏၲေလးတိုင္း၊ ေညာင္ဦးၿမိဳ႕နယ္တြင္ အသက္ ၂၀ အ႐ြယ္ အမ်ိဳးသမီး ၁၀ ဦး ေက်ာ္ ကို PDF ေထာက္ ပံ့ သည္ဟု စြပ္စြဲကာ စစ္တပ္က ဖမ္းဆီးခဲ့ၿပီး အဆိုပါ အမ်ိဳးသမီးမ်ားကို စစ္ေၾကာေရးတြင္ စစ္တပ္ဘက္မွ စစ္ေဆးေသာ အရာရွိ မ်ား က ဖမ္းဆီးခံ အမ်ိဳးသမီး တခ်ိဳ႕ကို မုဒိမ္းက်င့္မႈမ်ား က်ဴး လြန္ ေၾကာင္း သိရွိရသည္

ဇန္နဝါရီလအတြင္း ေညာင္ဦးၿမိဳ႕နယ္တြင္ အသက္ ၂၀ ေက်ာ္ အမ်ိဳးသမီး ၁၀ ဦး ေက်ာ္ကို အၾကမ္းဖက္ စစ္တပ္၊ ေညာင္ဦးၿမိဳ႕နယ္ အထူးစုံစမ္း စစ္ေဆး ေရး ဦးစီးဌာန (စစစ)ႏွင့္ စစ္ဖက္ေရးရာလုံၿခဳံေရးတပ္ဖြဲ႕ (စရဖ) တို႔က ပူးေပါင္း ဖမ္းဆီးလိုက္ၿပီး ဖမ္းဆီးရာတြင္ PDF မ်ားကို ေထာက္ပံ့သည္ဆိုေသာ စြပ္စြဲ ခ်က္ျဖင့္ ဖမ္းဆီးေၾကာင္း၊ ယင္းသို႔ ဖမ္းဆီးၿပီးေနာက္ စစ္ေၾကာေရးတြင္ အမ်ိဳး သမီးမ်ားကို စစ္ေၾကာေရးလုပ္သူ စစ္တပ္အရာရွိမ်ားက မုဒိမ္းက်င့္ ျခင္း ျဖစ္ေၾကာင္း သိရွိရသည္

ဖမ္းဆီးခံအမ်ိဳးသမီးမ်ားကို မုဒိမ္းက်င့္မႈ က်ဴးလြန္သူမ်ားတြင္ ေညာင္ဦး ၿမိဳ႕ နယ္ စစစ အရာရွိ ေနာင္မင္းလတ္၊ အၾကမ္းဖက္ စစ္တပ္မွ ဗိုလ္ႀကီး မ်ိဳးညီ၊ စစ္ဘက္ေရးရာလုံၿခဳံေရးအရာရွိ တင္ထြန္းေအာင္တို႔ပါဝင္ေၾကာင္း သိရွိရသည္

“ေညာင္ဦးၿမိဳ႕ေပၚမွာ စကစ က အမ်ိဳးသမီး ငယ္ေတြ ကို အဓိကထားၿပီး ဖမ္း ဆီး ေနပါတယ္။ အမ်ိဳးသမီးငယ္ ၁၀ ထက္မနည္း အဖမ္းခံထားရပါတယ္။ ေက်ာင္းဆရာမေလး ၊ NGO မွာ အလုပ္လုပ္တဲ့ ညီ အမ ၃ ဦး ကို လြန္ခဲ့ေသာ တပတ္ခန႔္က PDF ေထာက္ပံ့တယ္ ဆို ၿပီး ဖမ္းသြားတယ္

အဓိက အမ်ိဳးသမီး ငယ္ေတြကိုပဲ ဦးစားေပး အဓိက ဖမ္းေနပါတယ္။ စားေသာက္ဆိုင္ ပိုင္ရွင္ ရဲ႕ သမီးငယ္ကို လည္း ၅၀၅ က နဲ႔ စြဲခ်က္တင္ၿပီး ေထာင္ ၃ ႏွစ္ခ်မွတ္ လိုက္ တယ္ အျခား အမ်ိဳးသမီးလည္း ဖမ္းဆီးခံရတယ္။ အကုန္လုံးေတာ့ အမည္ေတြ မသိရ ေသးဘူး

ေနာက္ၿပီး ဖမ္းဆီးခံရတဲ့ အမ်ိဳးသမီးတခ်ိဳ႕ကို စစ္ေၾကာေရးမွာ လိင္ ပိုင္း ဆိုင္ရာ ေစာ္ကားမႈေတြျပဳလုပ္ၿပီး မုဒိမ္းျပဳက်င့္ မႈေတြ ရွိတယ္လို႔ သိရ ပါတယ္” ဟု ပုဂံျပည္ ဘီလူးတပ္မွ တာဝန္ခံ တစ္ဦး ကေျပာဆိုသည္

ရန္ကုန္ေခတ္သစ္အေနျဖင့္ စစ္ေကာင္စီေျပာခြင့္ရပုဂၢိဳလ္ ေဇာ္မင္းထြန္း၊ ေညာင္ ဦး ၿမိဳ႕နယ္ စစ္ဘက္ဆိုင္ရာ တာဝန္ရွိသူမ်ားက တရားဝင္ ဆက္သြယ္၍ စစ္တပ္က စစ္ေၾကာေရးတြင္ အမ်ိဳးသမီးမ်ားကို မုဒိမ္းက်င့္မႈ ရွိေနေသာ သ တင္းမ်ားအေပၚ ေမးျမန္းရန္ ႀကိဳးစားခဲ့ေသာ္လည္း အဆက္အသြယ္မရရွိေပ

ညောင်ဦးတွင် အမျိုးသမီး ၁၀ ဦးကျော်ကို PDF ထောက်ပံ့သည်ဟုဆိုကာ စစ် တပ်က စွပ်စွဲ ဖမ်းဆီး ပြီး စစ်ကြောရေး တွင် မုဒိမ်းကျင့်

▪️ မုဒိမ်းကျင့်သူများ တွင် စစစ အရာရှိ နောင်မင်းလတ်၊ ဗိုလ်ကြီး မျိုးညီ၊ စရဖ အရာရှိ တင်ထွန်းအောင် တို့ပါဝင်

ရန်ကုန်၊ ဇန်နဝါရီ ၂၀

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ဦး ကျော် ကို PDF ထောက် ပံ့ သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး အဆိုပါ အမျိုးသမီးများကို စစ်ကြောရေးတွင် စစ်တပ်ဘက်မှ စစ်ဆေးသော အရာရှိ များ က ဖမ်းဆီးခံ အမျိုးသမီး တချို့ကို မုဒိမ်းကျင့်မှုများ ကျူး လွန် ကြောင်း သိရှိရသည်

ဇန်နဝါရီလအတွင်း ညောင်ဦးမြို့နယ်တွင် အသက် ၂၀ ကျော် အမျိုးသမီး ၁၀ ဦး ကျော်ကို အကြမ်းဖက် စစ်တပ်၊ ညောင်ဦးမြို့နယ် အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စစစ)နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့က ပူးပေါင်း ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးရာတွင် PDF များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် အမျိုး သမီးများကို စစ်ကြောရေးလုပ်သူ စစ်တပ်အရာရှိများက မုဒိမ်းကျင့် ခြင်း ဖြစ်ကြောင်း သိရှိရသည်

ဖမ်းဆီးခံအမျိုးသမီးများကို မုဒိမ်းကျင့်မှု ကျူးလွန်သူများတွင် ညောင်ဦး မြို့ နယ် စစစ အရာရှိ နောင်မင်းလတ်၊ အကြမ်းဖက် စစ်တပ်မှ ဗိုလ်ကြီး မျိုးညီ၊ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိ တင်ထွန်းအောင်တို့ပါဝင်ကြောင်း သိရှိရသည်

“ညောင်ဦးမြို့ပေါ်မှာ စကစ က အမျိုးသမီး ငယ်တွေ ကို အဓိကထားပြီး ဖမ်း ဆီး နေပါတယ်။ အမျိုးသမီးငယ် ၁၀ ထက်မနည်း အဖမ်းခံထားရပါတယ်။ ကျောင်းဆရာမလေး ၊ NGO မှာ အလုပ်လုပ်တဲ့ ညီ အမ ၃ ဦး ကို လွန်ခဲ့သော တပတ်ခန့်က PDF ထောက်ပံ့တယ် ဆို ပြီး ဖမ်းသွားတယ်

အဓိက အမျိုးသမီး ငယ်တွေကိုပဲ ဦးစားပေး အဓိက ဖမ်းနေပါတယ်။ စားသောက်ဆိုင် ပိုင်ရှင် ရဲ့ သမီးငယ်ကို လည်း ၅၀၅ က နဲ့ စွဲချက်တင်ပြီး ထောင် ၃ နှစ်ချမှတ် လိုက် တယ် အခြား အမျိုးသမီးလည်း ဖမ်းဆီးခံရတယ်။ အကုန်လုံးတော့ အမည်တွေ မသိရ သေးဘူး

နောက်ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီးတချို့ကို စစ်ကြောရေးမှာ လိင် ပိုင်း ဆိုင်ရာ စော်ကားမှုတွေပြုလုပ်ပြီး မုဒိမ်းပြုကျင့် မှုတွေ ရှိတယ်လို့ သိရ ပါတယ်” ဟု ပုဂံပြည် ဘီလူးတပ်မှ တာဝန်ခံ တစ်ဦး ကပြောဆိုသည်

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်း၊ ညောင် ဦး မြို့နယ် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူများက တရားဝင် ဆက်သွယ်၍ စစ်တပ်က စစ်ကြောရေးတွင် အမျိုးသမီးများကို မုဒိမ်းကျင့်မှု ရှိနေသော သ တင်းများအပေါ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရရှိပေ

 

Leave a Reply

Your email address will not be published. Required fields are marked *