AA ဒုတိယစစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္ႏွင့္ NUG ဝန္ႀကီးမ်ား၊ ေဆးေလာကသားမ်ား၏ အြန္လိုင္းေတြ႕ဆုံပြဲသို႔ ေဒၚသက္သက္ခိုင္ ခိုးတက္၍ ေျပာဆို ေမာင္းထုတ္ၿပီး ထုတ္ပယ္လိုက္ရ
TachileikNewsAgency
ရကၡိဳင့္တပ္ေတာ္(AA)ဒုတိယစစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္ႏွင့္ NUG ဝန္ႀကီးမ်ား၊ ေဆးေလာကသားမ်ား၏ အြန္လိုင္းေတြ႕ဆုံမႈကို စစ္ေကာင္စီခန႔္ဝန္ႀကီး ေဒၚသက္သက္ခိုင္ ခိုးဝင္ ေရာက္သျဖင့္ ပြဲစီစဥ္သူက ထုတ္ပယ္လိုက္ရေၾကာင္း သိရသည္
ေတာ္လွန္ေရးအတြင္း ဆက္လက္တိုက္ပြဲဝင္ေနၾကသည့္ ေဆးေလာကသားမ်ား၏ အခန္းက႑ကို ရကၡိဳင့္တပ္ေတာ္(AA)၏ ဒုတိယစစ္ဦးစီးခ်ဳပ္ ေဒါက္တာညိဳထြန္းေအာင္က ေတာ္လွန္ေရးအေတြ႕အ ႀကဳံ ေဝမွ်ေဆြးေႏြးမည့္ အစီအစဥ္ကို ယေန႔ ၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလ ၂၀ ရက္ေန႔၊ ေန႔လည္ (၂)နာရီက စတင္ကာ ျပဳလုပ္ေနျခင္းျဖစ္သည္
၎ေဆြးေႏြးပြဲကို ေဆးေလာကသားမ်ား သာမက စိတ္ပါဝင္စားသူ မည္သူမဆို တက္ေရာက္ရန္ ဖိတ္ေခၚထားရာက ေဒၚသက္သက္ခိုင္ ခိုးဝင္လာသျဖင့္ တက္ေရာက္သူမ်ားက ေျပာဆိုေမာင္းထုတ္ခဲ့ၾကၿပီးေနာက္ ပြဲစီစဥ္သူက လက္ခံျခင္းမျပဳပဲ ထုတ္ပယ္လိုက္ရသည္ဟု သိရသည္
ယင္းပြဲသည္ ေဒါက္တာညိဳထြန္းေအာင္၏ (၁၄)ႏွစ္ေက်ာ္ၾကာ ေတာ္လွန္ေရးျဖတ္သန္းမႈသမိုင္း၊ အေတြ႕အႀကဳံ၊ ေတာ္လွန္ေရးႏွင့္ ေဆးေလာကသားမ်ား အေၾကာင္းကို ၎ကိုယ္တိုင္ မွ်ေဝေျပာၾကားသြားမည့္ ေဆြးေႏြးပြဲကို Medical Family Mandalay (MFM)ႏွင့္ Yangon Medical Network (YMN)တို႔ ပူးေပါင္းဦးေဆာင္ၿပီး စီစဥ္ျခင္းျဖစ္ေၾကာင္း သိရသည္
TachileikNewsAgency
AA ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG ဝန်ကြီးများ၊ ဆေးလောကသားများ၏ အွန်လိုင်းတွေ့ဆုံပွဲသို့ ဒေါ်သက်သက်ခိုင် ခိုးတက်၍ ပြောဆို မောင်းထုတ်ပြီး ထုတ်ပယ်လိုက်ရ
TachileikNewsAgency
ရက္ခိုင့်တပ်တော်(AA)ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်နှင့် NUG ဝန်ကြီးများ၊ ဆေးလောကသားများ၏ အွန်လိုင်းတွေ့ဆုံမှုကို စစ်ကောင်စီခန့်ဝန်ကြီး ဒေါ်သက်သက်ခိုင် ခိုးဝင် ရောက်သဖြင့် ပွဲစီစဉ်သူက ထုတ်ပယ်လိုက်ရကြောင်း သိရသည်
တော်လှန်ရေးအတွင်း ဆက်လက်တိုက်ပွဲဝင်နေကြသည့် ဆေးလောကသားများ၏ အခန်းကဏ္ဍကို ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က တော်လှန်ရေးအတွေ့အ ကြုံ ဝေမျှဆွေးနွေးမည့် အစီအစဉ်ကို ယနေ့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့၊ နေ့လည် (၂)နာရီက စတင်ကာ ပြုလုပ်နေခြင်းဖြစ်သည်
၎င်းဆွေးနွေးပွဲကို ဆေးလောကသားများ သာမက စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်ရန် ဖိတ်ခေါ်ထားရာက ဒေါ်သက်သက်ခိုင် ခိုးဝင်လာသဖြင့် တက်ရောက်သူများက ပြောဆိုမောင်းထုတ်ခဲ့ကြပြီးနောက် ပွဲစီစဉ်သူက လက်ခံခြင်းမပြုပဲ ထုတ်ပယ်လိုက်ရသည်ဟု သိရသည်
ယင်းပွဲသည် ဒေါက်တာညိုထွန်းအောင်၏ (၁၄)နှစ်ကျော်ကြာ တော်လှန်ရေးဖြတ်သန်းမှုသမိုင်း၊ အတွေ့အကြုံ၊ တော်လှန်ရေးနှင့် ဆေးလောကသားများ အကြောင်းကို ၎င်းကိုယ်တိုင် မျှဝေပြောကြားသွားမည့် ဆွေးနွေးပွဲကို Medical Family Mandalay (MFM)နှင့် Yangon Medical Network (YMN)တို့ ပူးပေါင်းဦးဆောင်ပြီး စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်
TachileikNewsAgency